ဖိအားတွေကို အပြုံးမပျက်ရင်ဆိုင်တတ်ကြသူတွေရဲ့ မနက်ခင်း အလေ့အထများ

တစ်နေ့တာရဲ့ ဖိအားတွေကို အပြုံးမပျက်ရင်ဆိုင်တတ်ကြသူတွေရဲ့ မနက်ခင်း အလေ့အထများ

အပြိုင်အဆိုင်များလာတဲ့ ခေတ်ကြီးထဲမှာ အလုပ်ခွင်မှာဖြစ်ဖြစ် နေ့စဉ်ဘဝမှာဖြစ်ဖြစ် ဖိအားတွေကို ရင်ဆိုင်ပြီး အတင်းကို ရုန်းကန်နေရတာပါ။ ဒီလို ဖိအားတွေကို အပြုံးမပျက်ရင်ဆိုင်ဖို့ဆိုတာက လူတိုင်း တတ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဖိအားတွေကို အပြုံးမပျက်ရင်ဆိုင်တတ်ကြသူတွေရဲ့ မနက်ခင်း အလေ့အထများ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ဖိအားတွေကို အပြုံးမပျက်ရင်ဆိုင်တတ်ကြသူတွေရဲ့ မနက်ခင်း အလေ့အထများ

တစ်နေ့တာရဲ့ ဖိအားတွေကို အပြုံးမပျက်ရင်ဆိုင်တတ်ကြသူတွေရဲ့ မနက်ခင်း အလေ့အထများ ကတော့ – 

  • အိပ်ရာစောစောထပါ

မနက်ခင်းမှာ အိပ်ရာစောစောထတာက အောင်မြင်သူတွေရဲ့  အလေ့အထကောင်းတွေထဲက တစ်ခုပါ။ မနက်စောစောထတာက အရာရာကို ကြိုတင်စီစဉ်ခွင့်ရသလို တစ်နေ့တာကို အကောင်းဆုံး ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကို ကောင်းကောင်းပြင်ဆင်ခွင့်ရမှာ အသေအချာပါ။ ဒါကြောင့် ဖိအားကို ကောင်းကောင်း ရင်ဆိုင်ချင်တယ်ဆိုရင်တော့ အိပ်ရာစောစောထပါ။ အိပ်ရာစောစောထဆိုပေမယ့် အိပ်ရေးဝဝ အိပ်ဖို့တော့ လိုပါမယ်။

  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်း အိပ်ရာထပြီးတိုင်းမှာ ပုံမှန် လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဖြစ်အောင် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ဖိစီးမှုကို ကောင်းကောင်း ရင်ဆိုင်နိုင်သလို အလုပ်ခွင်ဖိအားတွေကိုလည်း ဖြေရှင်းနိုင်စွမ်း ကောင်းမှာပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ စားပါ

မနက်စာဆိုတာက တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံး အစားတစ်နပ်ပါ။ ဒါကြောင့် တစ်ညလုံး ဘာမှမစားထားဘဲ ဝမ်းဟာနေတဲ့ ဗိုက်လေးကို အဆာမခံစေဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့  မနက်စာကို ပြင်ဆင်ပေးပါ။ မနက်စာ စားတဲ့အခါ နှံစားသီးနှံတွေ၊ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို ပါဝင်အောင် စားသုံးပေးပါ။

  • တစ်နေ့တာ လုပ်ရမှာတွေကို စာရင်း လုပ်ထားပါ

တစ်နေ့တာမှာ တောင်ဆွဲ မြောက်ဆွဲနဲ့ ဖိအားတွေ ဝင်တာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့တာ လုပ်ရမှာတွေကို မနက်ခင်း ဒါမှမဟုတ် ညအိပ်ရာ မဝင်ခင်ကတည်းက လုပ်ရမှာတွေကို စားရင်းလုပ်ထားပါ။ ဒီလို လုပ်ထားတာက အလုပ်တွေကို သေသေချာချာ လုပ်မိစေပြီး ဖိအားဖြစ်စေနိုင်တာကို ကင်းစေမှာပါ။

  • အရေးကြီးတာတွေကို အရင်လုပ်ပါ

မနက်ခင်း အိပ်ရာနိုးပြီးချိန်မှာ အရေးကြီးတဲ့ အလုပ်ကို စလုပ်ပါ။ ဒီလို အရေးကြီးတာတွေကို စလုပ်ပြီး ပြီးမှ ကျန်တာတွေကို ဖြည်းဖြည်းချင်း လုပ်ပေးတာက တစ်နေ့တာ လုပ်စရာတွေကို ဖိအားကင်းကင်းနဲ့ ထောင့်စေ့စေ့ လုပ်နိုင်မှာပါ။

  • မနက်ခင်းရဲ့ အချိန်တွေကို အကြောင်းမဲ့ အလဟဿ မဖြစ်ပါစေနဲ့

မနက်ခင်းရဲ့ အချိန်တွေကို ဖုန်းသုံးတာ၊ ဖေ့ဘုတ်ခ်သုံးတာတွေလိုမျိုး အလေ့အထတွေနဲ့ မနက်ခင်းရဲ့ အချိန်တွေကို အကြောင်းမဲ့ အလဟဿမ ဖြုန်းပါနဲ့။ ဒီလို အချိန်ဖြုန်းတာက အလုပ်တွေကို ကောင်းကောင်း ပြီးစီးစေဖို့ အဟန့်အတား ဖြစ်စေမှာပါ။

  • ကျေးဇူးတင်တတ်ပါတယ်

အခြားသူတွေကို တစ်ခုခု ကူညီပေးတာမျိုးဖြစ်ဖြစ် အခြေအနေတွေမှာ ကျေးဇူးတင်တတ်တဲ့ အလေ့အထလေး တွေကို လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက တစ်နေ့တာရဲ့ ဖိအားကို ကောင်းကောင်း ရင်ဆိုင်နိုင်စေမယ့် ထင်မထားတဲ့ အချက်လေး တစ်ခုပါ။

ကဲ …. တစ်နေ့တာမှာ ဖိအားကင်းကင်းနဲ့ အကောင်းဆုံး ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ ဒီအလေ့အထလေးတွေ နဲ့ မနက်ခင်းကို စတင်လိုက်ပါ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *