ခေါင်းကိုက်သက်သာအောင် စားပေးသင့်တဲ့ အထူးအစားအစာ ၅ မျိုး

ခေါင်းကိုက်သက်သာအောင် စားပေးသင့်တဲ့ အထူးအစားအစာ ၅ မျိုး

ခေါင်းကိုက်တာက ရေဓာတ်နည်းတာကြောင့် ဖြစ်နိုင်သလို ရာသီဥတု အခြေအနေတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ ခေါင်းကိုက်လာပြီဆိုရင် ခံစားရတဲ့ဝေဒနာက အတော်လေးဆိုးလှတာမို့ ခေါင်းကိုက်သက်သာအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်ဆေးတွေသောက်ရမလဲ စသဖြင့် တွေးမိတတ်ကြတာ သဘာဝပါပဲ။

မကြာခဏခေါင်းကိုက်ခြင်းဟာ နေ့စဉ်ဘဝအပေါ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုး နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေနိုင်တဲ့ ခေါင်းကိုက်ခြင်းကို သဘာဝအစားအစာလေးတွေ မှီဝဲစားသုံးပေးခြင်းနည်းလမ်းနဲ့တင် တိုက်ထုတ်လို့ရနိုင်ပါတယ်တဲ့။ 

ဘယ်လို အစားအစာတွေက ခေါင်းကိုက်တာကို သက်သာစေနိုင်လဲဆိုတာကို ပြောပြပေးပါမယ်။ ဒီတော့ ခေါင်းကိုက်သက်သာအောင် လုပ်ချင်နေတယ်ဆိုတဲ့သူတွေအနေနဲ့ ကိုယ်တိုင် လေ့လာကြည့်လိုက် တော့နော်။

၁ – ဥအမျိုးမျိုး – ခေါင်းကိုက်လာပြီဆိုရင် ဥအမျိုးမျိုးကို ပြုတ်ပြီးဖြစ်ဖြစ် ကြော်ပြီးဖြစ်ဖြစ် စားပေးလို့ ရပါတယ်။ ဥအမျိုးမျိုးမှာ Riboflavin ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ကြက်ဥ၊ ဘဲဥနဲ့ ငုံးဥ စတာတွေကို စားပေးလို့ ရပါတယ်။

၂ – ဖရဲသီး – ရေဓာတ်နည်းတာက ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ရေသောက်ခိုင်းတာပါ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင်တော့ ရေဓာတ်ကြွယ်ဝတဲ့ ချိုချိုအေးအေး ဖရဲသီးလေးကို စားပေးပါ။ ဖရဲသီးကို ဒီအတိုင်း စားလို့ ရသလို ဖျော်သောက်လို့လည်း ရပါတယ်။

ခေါင်းကိုက်သက်သာအောင် စားပေးသင့်တဲ့ အထူးအစားအစာ ၅ မျိုး

၃ – ဂျင်း – ဂျင်းက ကျန်းမာရေး အကျိုးကျေးဇူးတွေ များသလို နွေပူတာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုရော ခေါင်းကိုက်ခြင်း အမျိုးမျိုးကိုပါ သက်သာစေဖို့အတွက် ဂျင်းကို ပါးပါးလေး လွှာပြီး ဝါးစားလို့ ရပါတယ်။

၄ – ဟင်းနုနွယ် – အစိမ်းရောင်ရင့်ရင့် ရှိတဲ့ ဟင်းနုနွယ်နဲ့ ကိုက်လန်တို့လိုမျိုး အစားအစာတွမှာ ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ် ၂၄ မီလီဂရမ်တောင် ပါဝင်နေတဲ့ ဟင်းနုနွယ်က ခေါင်းကိုက်တာကိုရော ခေါင်းတစ်ခြမ်း ကိုက်တာကိုပါ သက်သာစေနိုင်ပါတယ်။

၅ – ဒိန်ချဉ် – ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ ဒိန်ချဉ်က ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ကယ်လ်ဆီယမ် နည်းနေခြင်းကိ ဦးနှောက်ကို စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။ နောက်ပြီး ဒိန်ချဉ်မှာ Riboflavin ပါဝင်နေတာကလည်း ခေါင်းကိုက်တာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အူလမ်းကြောင်းကိုပါ ကျန်းမာစေမှာပါ။

ခုပြောပြခဲ့တဲ့ အစားအစာလေးတွေကတော့ ခေါင်းကိုက်နေတဲ့အခါ ခေါင်းကိုက်သက်သာအောင် စားပေးလို့ရတဲ့ သဘာဝအစားအစာလေးတွေဖြစ်ပြီးတော့ ခေါင်းကိုက်ဝေဒနာကို ကြိုတင်ကာကွယ်နိုင်စေဖို့ ကြိုတင်မှီဝဲပေးတာမျိုးတွေလည်း ပြုလုပ်လို့ရတယ်ဆိုတာလေးကို ပြောပြပေးချင်ပါတယ်နော်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *