ခေါင်းကိုက်တာက ခေါင်းတစ်ခြမ်းတည်းကနေ ကိုက်နေတာ ထိုင်နေဖို့တောင် ခက်လို့ လှဲနေရတယ်။ တော်တော်လေးတော့ ခံရခက်လိုက်တာဆိုပြီး ဖြစ်နေပြီလား။ လှုပ်လိုက်တိုင်း ခေါင်းထဲက ကိုက်လာတာမျိုး၊ ခေါင်းတစ်ခြမ်းကိုက် နေတာမျိုးတွေကြောင့် အာရုံ စူးစိက်ရခက်ပြီး အလုပ်တွေ ပျက်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။
ခေါင်းတစ်ခြမ်းကိုက် နေတာ အမြန်ဆုံး သက်သာစေဖို့
ခေါင်းတစ်ခြမ်းကိုက် နေတာ အမြန်ဆုံး သက်သာစေဖို့ဆိုရင် ဒါတွေစားပါ
သောက်ရေ
ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။ ဒါကြောင့် ရေဓာတ် ပြည့်ဝနေစေဖို့အတွက် ရေကို များများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။
ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက် နေပြီဆိုရင် ငှက်ပျောသီး တစ်လုံးလောက် စားပေးလို့ ရပါတယ်။
ပန်းဂေါ်ဖီစိမ်း
လေဒီလေးတွေမှာ ဟော်မုန်းပြောင်းလဲတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ပါတယ်။ ပန်းဂေါ်ဖီစိမ်း စားပေးတာက ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်ပါတယ်။
ကော်ဖီ
ကဖင်းက အချို့သူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် ခေါင်းတစ်ခြမ်းကိုက်နေတဲ့ အခါမျိုးမှာတော့ ကော်ဖီ နည်းနည်းလောက် သောက်ပေးတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ကဖင်းက ဦးနှောက်တွင်းက သွေးကြောလေးတွေ ရောင်ရမ်းနေတာကို သက်သာစေနိုင်ပါတယ်။
ဖရဲသီး
ဖရဲသီးက ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်သောက်တာက အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဝမ်းမှန်စေပြီး ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ ဒိန်ချဉ်သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
အခုပြောပြခဲ့တာလေးတွေက လက်လှမ်းမီပြီး အလွယ်တကူဝယ်လို့ ရတာတွေ ဖြစ်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်လာပြီဆိုရင် ဒီပြောခဲ့တဲ့ စားစရာလေးတွေထဲက အလွယ်ကူဆုံး ဖြစ်မယ့် အရာလေးကို စားသုံးပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ လုပ်ဆောင်လိုက်ကြစို့နော်။
Pingback: ခေါင်းကိုက်သက်သာအောင် စားပေးသင့်တဲ့ အထူးအစားအစာ ၅ မျိုး - LOTOSHINN