ဆေးရွက်ကြီး က ဘာကောင်းကျိုးမှ မပေးဘူးလား

ဆေးရွက်ကြီး က ဘာကောင်းကျိုးမှ မပေးဘူးလား

ဆေးရွက်ကြီး လို့ ပြောလိုက်ရင် ဆေးလိပ်၊ စီးကရက် နဲ့ ကွမ်းယာတွေပါ တွဲမြင်မိကြမယ်ထင်ပါတယ်။ ဆေးရွက်ကြီးဆိုတာ ကျန်းမာရေး ပြဿနာတွေချည်းပေးနိုင်တဲ့အရာလို့ တရားသေမှတ်ယူထားရမှာလား။ သူ့မှာလည်း ကောင်းကျိုးပြုနိုင်တဲ့ အချက်လေးတွေရှိပါတယ်။

ဆေးရွက်ကြီးဆိုတာက အာဂျင်တီးနားမျိုးရင်း အပင်တစ်မျိုးပါ။ ဒီအပင်ရဲ့ အရွက်က အစိမ်းအတိုင်းစားရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်တဲ့။ ဒီဘက်ခေတ် ဆေးလိပ်၊ စီးကရက်တွေထုတ်လုပ်ရာမှာ အဓိက ပါဝင်ပစ္စည်းတစ်မျိုးအနေနဲ့ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့အရာပါ။

တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ ဆေးရွက်ကြီးဟာ သင့်တော်ရုံအသုံးချမယ်ဆိုရင် ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံ သုံးရင်တော့ ထိခိုက်မှု တော်တော်လေး များပါမယ်။ ဆေးရွက်ကြီးကို ကျန်းမာရေးအတွက် အသုံးပြုမယ်ဆိုရင်တော့

အရေပြားပြဿနာတွေ သက်သာစေဖို့

အဖျား သက်သာစေဖို့

ခေါင်းကိုက်တာ သက်သာစေဖို့

နာကျင်မှုဝေဒနာ သက်သာစေဖို့

လည်ချောင်းနာတာ သက်သာစေဖို့

အနာကျက်စေဖို့

ပိုးမွှားကိုက်တဲ့အနာကို သက်သာစေဖို့

ဓာတ်မတည့်မှုကို သက်သာစေဖို့နဲ့

နှာခေါင်းပိတ်တာသက်သာစေဖို့ စတာတွေအတွက် အသုံးပြုပေးလို့ရပါတယ်။

ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးရွက်ကြီးကို စိတ်ဓာတ်ကျတာ သက်သာစေဖို့၊ ဗောက်ပြဿနာ ကင်းစေဖို့၊ အရေပြား ကျန်းမာစေဖို့၊ သွားကိုက်တာ နဲ့ နားကိုက်တဲ့ ပြဿနာတွေ သက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ ရပါသေးတယ်။ ဒါကြောင့် ဆေးရွက်ကြီး ဆိုတိုင်း ကျန်းမာရေးကို ထိခိုက်စေမှာပဲလို့ မယူဆစေချင်ပါဘူး။

ဆေးရွက်ကြီး နဲ့ ပတ်သက်ပြီးသိထားရမယ့် ဘေးထွက်ဆိုးကျိုးများ

ဆေးရွက်ကြီးက အနည်းငယ်ပဲ သုံးရင် ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံသုံးရင်တော့ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ကလေးငယ်တွေ၊ နို့တိုင်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရောါအခံရှိသူတွေ၊ ဆေးသောက်နေရသူတွေအနေနဲ့ မသုံးသင့်ပါဘူး။

ဆေးရွက်ကြီးကို အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ၊ ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးသုံးတတ်မယ်ဆိုရင်တော့ ဆေးဖက်ဝင်နိုင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *