ထိပ်ဆုံးရောက်မယ့်သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အထလေးများ

ထိပ်ဆုံးရောက်မယ့်သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အထလေးများ

သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်သလို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ယူဆဖို့ အကြောင်းရှိပေမယ့် လူတစ်ယောက်ကို ထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အလေ့အထလေးတွေ ရှိပါတယ်။ ဒီအလေ့အထလေးတွေက ကိုယ်တိုင်မှာရော ရှိနေလား! ဆိုတာကို ဆန်းစစ်နိုင်ဖို့နဲ့ ထိပ်ဆုံးရောက်ချင်တဲ့ စိတ်ကူးလေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မွေးမြူချင်တယ်ဆိုသူတွေအတွက်လည်း သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ 

ထိပ်ဆုံးရောက်မယ့်သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်လေးများ

အရာရာတိုင်းမှာ ထိပ်ဆုံးရောက်နေတတ်တဲ့ သူတွေမှာ အခုလို အလေ့အထလေးတွေ တွေ့ရတတ်ပါတယ်။

  • မနက်ကို စောစော ထကြတယ်

ထိပ်ဆုံးရောက်မယ့်သူတွေက မနက်ကို ၄ နာရီလောက် အိပ်ရာကနေ ထတတ်ပြီး သူတို့ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို စတင်လုပ်ဆောင်လေ့ ရှိကြပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကစလို့ အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေကိုပေါ့။

  • တစ်ယောက်တည်း စကားပြောတတ်ကြတယ်

တစ်ယောက်တည်း လုပ်စရာတာဝန်တွေ၊ တွေးတောနေတဲ့ အရာတွေကို နှုတ်ကနေ ရေရွတ်ရင်း အဖြေထွက်လာဖို့ ဦးနှောက်က စဉ်းစားလို့ ရအောင် လုပ်ဆောင်တတ်တဲ့ အကျင့်လေးတွေလည်း သူတို့မှာ ရှိပါတယ်။ 

  • ဦးနှောက်ကို အနားပေး အားဖြည့်တတ်ကြပါတယ်

သူတို့က ထိပ်ဆုံးဆီကို ရောက်ကြပေမယ့် တစ်ချိန်လုံး မနားမနေ လေ့လာနေကြတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့က စာတွေ လေ့လာစရာတွေကို လေ့လာနေစဉ်မှာ အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ လေ့လာတတ်ပြီး လေ့လာရင်း ပင်ပန်းလာချိန်မှာလည်း မိနစ် ၂၀ လောက် အိပ်တာလိုမျိုးမျိုး ဦးနှောက်ကို အေးဆေးစွာ အနားပေးတတ်တဲ့ အလေ့အထကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

  • ဦးနှောက်ကျန်းမာစေမယ့် အစားအစာလေးတွေကို မေ့မထားတတ်ကြပါဘူး

ထိပ်ဆုံးရောက်တဲ့သူလေးတွေ သူတို့ရဲ့ နေ့စဉ် စားသုံးမှုမှာ ဦးနှောက်ကျန်းမာစေပြီး မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူပြုပေးနိုင်တဲ့ အသီးအရွက်တွေ၊ အသားငါးနဲ့ အစေ့အဆန်တွေ၊ အခွံမာသီးတွေကို စားတတ်ကြပါတယ်။ 

  • မှတ်စုလေးတွေ ပြင်ဆင်တတ်ကြတယ်

သူတို့တွေက စာတွေကိုဖြစ်ဖြစ် အလုပ်တွေကိုဖြစ်ဖြစ် မေ့လျော့တာမျိုး၊ ပျက်ကွက်တာမျိုး မဖြစ်စေဘဲ အရည်အသွေးတွေ အစဉ်မပြတ် တိုးတက်စေဖို့အတွက် မှတ်စုလေးတွေ ပြင်ဆင်ရင်း လေ့လာမှုတွေကို စဉ်ဆက်မပြတ် လုပ်တတ်ကြပါတယ်။ 

  • လမ်းလျှောက်ရင်းလည်း လေ့လာတတ်တယ်

သူတို့က တစ်ခုခုကို လေ့လာနေချိန်မှာ အငြိမ်ထိုင်ပြီး လေ့လာနေတာမျိုး မဟုတ်ဘဲ လမ်းလျှောက်ရင်းလည်း လေ့လာတတ်ကြသလို လှုပ်လှုပ်ရှားရှားလေးတွေ လုပ်ရင်းလည်း လေ့လာမှုတွေကို လုပ်တတ်ကြပါတယ်။

အခုပြောခဲ့တဲ့ အလေ့အထလေးတွေက အမြင်အရတော့ ပုံမှန်ဟုတ်မနေဘူးလို့တောင် ထင်စရာ ရှိပေမယ့် အောင်မြင်စေဖို့ အစပျိုးပေးနိုင်တာကြောင့် ကိုယ့်မှာ ဒီအလေ့အကျင့်ကောင်းလေးတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် ဆက်လက်ထိန်းသိမ်းမွေးမြူသွားဖို့ တိုက်တွန်းချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *