နေကောင်း ကျန်းမာဖို့ရာ သံပုရာခွံလေး လည်း ဝါးစားပေးပါ

နေကောင်း ကျန်းမာဖို့ရာ သံပုရာခွံလေး လည်း ဝါးစားပေးပါ

အနံ့မွှေးမွှေးလေးနဲ့ ချဉ်တဲ့အရသာကြောင့် လန်းဆန်းမှုကိုပေးတဲ့ သံပရာသီးကို စားတဲ့အခါ အရည်ကိုပဲညှစ်ပြီးစားကြတာများပြီး လူအများစုက အခွံကိုတော့ ဒီအတိုင်းထားလိုက်တာများပါတယ်။ တကယ်တော့ သံပရာသီးက အတွင်းသားတင်မဟုတ်ဘဲ သူနဲ့တွဲလျက်ပါရှိနေတဲ့ သံပုရာခွံလေး မှာပါ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။

သံပရာသီးက အရွယ်အစားအားဖြင့်သေးငယ်ပေမယ့် အခွံကရော အတွင်းသားကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တော်လေးများပါတယ်။ သံပရာခွံမှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓါတ်၊ ဗီတာမင် C၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် B6၊ သီရာမင်း၊ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

ဒီလို အာဟာရဓာတ်တွေကြွယ်ဝနေတာမို့ သံပရာခွံကို အခါအခွင့်သင့်ချိန်တွေမှာ ဝါးစားပေးမယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါ။ ဒါတွေကတော့

အရိုးတွေသန်မာစေနိုင်တာ – သံပုရာခွံလေး မှာ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို ဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့လည်း အားဖြည့်ပေးပါတယ်။

ကိုယ်ခံအားကောင်းစေ နိုင်တာ – သံပရာခွံမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး ဖျားနာမှုတွေကနေ ကင်းဝေးစေမှာပါ။ ခန္ဓါကိုယ်ကို တက်ကြွလန်းဆန်းနေစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။

ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်တာ – သံပရာခွံမှာ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်က ဆဲလ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

နေကောင်း ကျန်းမာဖို့ရာ သံပရာခွံလေး လည်း ဝါးစားပေးပါ

အသားအရေကိုကောင်းမွန်စေနိုင်တာ – ဗီတာမင် C ကြွယ်ဝတဲ့ သံပရာခွံက အသားအရေကို အကောင်းဆုံးအားဖြည့်ပေးပြီး ကြည်လင်လှပနေစေမှာ အသေအချာပါ။

သွေးတိုးကျစေနိုင်တာ – သံပရာခွံက ပိုတက်ဆီယမ်ကြွယ်ဝမှုကြောင်းသွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီးသွေးတိုးကျစေနိုင်မှာပါ။ ဒါကြောင့်သွေးတိုးရှိသူတွေ စားပေးသင့်တဲ့ဆေးဖက်ဝင် စားစရာတစ်ခုပါ။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တာ – သံပရာခွံမှာ အစာခြေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ပံ့ပိုးပေးနိုင်မှာပါ။ ဒါ့အပြင် အူရောင်တာကို သက်သာစေနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

နှလုံးကျန်းမာစေနိုင်တာ – ပိုတက်ဆီယမ်ကြွယ်ဝမှုကြောင့် သွေးမတိုးအောင်ကာကွယ်ပေးနိုင်မှတော့ နှလုံးကျန်းမာရေးကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒါကြောင့် နှလုံးရောဂါကာကွယ်ချင်သူတွေ စားသုံးပေးလို့ရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တာ – သံပရာခွံမှာပါတဲ့ limonene နဲ့ flavonoids တို့က ကင်ဆာကျိတ်တွေထပ်မပွားအောင် ကာကွယ်ပေးပါတယ်။ ခံတွင်းကင်ဆာ၊ပြန်ရည်ကျိတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင် သံပုရာခွံလေး ကလည်း သံပုရာသီးလိုပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်ဆိုတာကို သိနားလည်သွားကြဖို့ မျှော်လင့်ပါတယ်နော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *