နေ့နေ့ညည အချိန်တိုင်း အိပ်ချင်နေတာ ဘာကြောင့်လဲ

နေ့နေ့၊ ညည ဘယ်အချိန်မဆို အိပ်ချင်စိတ်ဖြစ်ဖြစ်နေတတ်လား။ ခနခန အိပ်ချင်လိုက်တာဆိုပြီး သမ်းဝေမိနေတာမျိုး ကြုံဖူးသလား။ ဒီလို အိပ်ချင်နေတာ ဘာကြောင့်လဲဆိုတာရော မသိချင်ဘူးလား။

အလုပ်ထဲမှာ ငိုက်မြည်းနေခြင်း၊ မကြာခဏသမ်းဝေနေခြင်း၊ ခုံပေါ်မှောက်အိပ်လိုစိတ် တဖွားဖွားပေါ်နေတတ်တာဟာ အိပ်ရေးမဝခြင်းရဲ့ လက္ခဏာတွေဖြစ်ပြီး ဒီလိုဖြစ်ရစေတဲ့ အကြောင်းအရင်း အမြောက်အများရှိပါတယ်။ များသောအားဖြင့်တော့ အိပ်ရေးမဝခြင်းဆိုတာ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ရတာများပါတယ်။ အိပ်ရေးမဝခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားရင် ကုသနည်းနဲ့ ပြင်ဆင်နည်းကိုလည်း နားလည်သွားလိမ့်မယ်လို့ ယူဆတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝ မအိပ်လို့

အိပ်စက်တယ်ဆိုတဲ့ကိစ္စက ထင်မှတ်ထားတာထက် ပိုပြီးရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အိပ်ပျော်သွားတယ်ဆိုတိုင်း အရည်အသွေးပြည့်ဝတဲ့ အိပ်စက်ခြင်းမဖြစ်နိုင်ပါဘူး။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီအိပ်စက် အနားယူဖို့လိုအပ်ပါတယ်။ ဒီပမာဏကို လုံလုံလောက်လောက် မအိပ်စက်ဖြစ်ဘူးဆိုရင်တော့ဖြင့် သင်အိပ်ရေးမဝဖြစ်ပြီး အိပ်ချင်နေပါလိမ့်မယ်။

၂။ အိပ်ချိန်မလုံလောက်လို့

အိပ်ချိန်မမှန်ခြင်းက နေ့ခင်းဘက်မှာ အိပ်ငိုက်ရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့်လည်း ဆရာဝန်တွေက ညဘက်မှာ အနည်းဆုံး (၆) နာရီကနေ (၇) နာရီကြား အိပ်ဖို့အတွက် အကြံပြုထားတာဖြစ်ပါတယ်။ မအိပ်ခင် (၃) နာရီလောက်အလိုမှာ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ သောက်သုံးခြင်းကို ရှောင်ရှားတာကလည်း မနက်ခင်းအချိန်မှာ လန်းဆန်းစွာနိုးထစေနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုများလို့

စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ စိတ်သောကနဲ့ ဒေါသများခြင်းလိုမျိုး စိတ်အခြေအနေတွေက အိပ်စက်ခြင်းပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီလိုနဲ့ ထုံထိုင်းရီဝေပြီး အိပ်မရတဲ့ နေ့တွေ၊ ညတွေကို ဖြစ်စေနိုင်ပါတယ်။ အိပ်ပျက်ညတွေကို ဖယ်ရှားဖို့အတွက် စိတ်မဖိစီးအောင် တတ်နိုင်သမျှနေပါ။ ကိစ္စတိုင်းကို အကောင်းဘက်က လှည့်တွေးကြည့်ပါ။ သမီးရည်းစား ဆက်ဆံရေးမှာ၊ အလုပ်ထဲမှာ ပြဿနာလေးတွေရှိရင်လည်း တတ်နိုင်သမျှ ကြိုးစားပြုပြင်ပါ။

၄။ အစားအသောက် မဆင်ခြင်လို့

တချို့လူတွေက ညစာကိုတမုန်းကြိတ်ရင် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်မယ်လို့ အထင်မှားကြပါတယ်။ တကယ်တော့ အဲဒါကမှားပါတယ်။ ညစာကို တတ်နိုင်သမျှလျှော့စားခြင်းက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး နောက်တစ်နေ့ မနက်မှာ အိပ်ရေးမဝခြင်းနဲ့ ငိုက်မြည်းသမ်းဝေခြင်းတို့ကို ရှောင်ရှားနိုင်ပါတယ်။

၅။ ဆီးချိုရောဂါရှိလို့

ဆီးချိုရောဂါရှိသူတွေဟာ ခန္ဓာကိုယ်အားနည်းပြီး တစ်နေကုန်အိပ်ချင်သလို၊ အိပ်ရေးမဝသလို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် မိမိမှာ ဆီးချိုရှိတယ်လို့ သံသယရှိနေရင် အချိန်မီ စစ်ဆေးကုသမှုကို ခံယူသင့်ပါတယ်။ ဆီးချိုရှိနေတာ သေချာပြီဆိုရင်လည်း အစားအသောက်၊ အနေအထိုင်ကို ဆင်ခြင်သင့်ပါတယ်။

၆။ အာဟာရချို့တဲ့လို့

ပုံမှန်အားဖြင့် အိပ်ရေးမဝရတဲ့ အကြောင်းအရင်းတွေထဲမှာ အာဟာရဓာတ်ချို့တဲ့တာကို ထည့်သွင်းတွက်ချက်ကြလေ့မရှိပဲ မေ့ထားတတ်ကြပါတယ်။ တကယ်တော့ အာဟာရဓာတ်ချို့တဲ့ခြင်းဟာလည်း အိပ်ရေးမဝတဲ့ ခံစားချက်ဖြစ်နေစေတဲ့ အကြောင်းအရင်းတစ်မျိုးပါပဲ။ သံဓာတ် ၊ ဗီတာမင် B2 ၊ B3 ၊ B5 ၊ B6 ၊ B9 ၊ B12 ၊ ဗီတာမင် D ၊ ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ် စတဲ့ဓာတ်တွေထဲက တစ်ခုခုချို့တဲ့နေမယ်ဆိုရင် အိပ်ရေးမဝသလို ခံစားနေရနိုင်ပါတယ်။

၇။ ကဖိန်းဓာတ်များနေလို့

ကော်ဖီတွေ၊ ကဖိန်းဓာတ်ပါတဲ့ အစားအစာနဲ့ အဖျော်ယမကာတွေ (Energy Drinks လို အချိုရည်မျိုးတွေ) အလွန်အမင်း မှီဝဲမိနေတာကလည်း အိပ်ရေးမဝသလို ခံစားရစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓာတ်တွေ မြင့်မားလွန်းနေရင် မောပန်းနွမ်းနယ်တာနဲ့ အိပ်ရေးမဝပဲ ခဏခဏအိပ်ချင်တာမျိုးဖြစ်တတ်ပါတယ်။

ရဲဇွန်အောင်

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *