ပိတ်ရက်ရှည်တွေကို အကျိုးရှိရှိ အသုံးချနည်း

ပိတ်ရက်ရှည်တွေကို အကျိုးရှိရှိ အသုံးချနည်း

ပိတ်ရက်ရှည်ကြီးကို မရောက်ခင်ကတည်း ရင်ခုန်နေကြပြီး ဘာတွေလုပ်မယ်ဆိုပြီး အမျိုးမျိုး စိတ်ကူးထားကြပေမယ့် တကယ့်တမ်း ပိတ်ရက်ရောက်လာချိန်မှာ လုပ်မယ်ဆိုတာတွေကို မလုပ်လိုက်ရဘဲ ပိတ်ရက်ကြီးက ကုန်ဆုံးသွားတတ်ပါတယ်။ ဒီတော့ ပိတ်ရက်ရှည်ကြီးကို အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဘယ်လိုများ အသုံးချရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ပိတ်ရက်ရှည်တွေကို အကျိုးရှိရှိ အသုံးချနည်း

ပိတ်ရက်ရှည်တွေကို အကျိုးရှိရှိ အသုံးချနည်း ကတော့ –

ပိတ်ရက်ရှည်ပိတ်တော့မယ်ဆိုရင် ဘယ်နှရက်ပိတ်မှာလဲဆိုတာကို အရင်ဆုံး သေချာအောင် လုပ်ပါ။ ပိတ်ရက်ရဲ့ နောက်ဆုံးရက်ကို အကောင်းဆုံး အနားယူပြီး ရုံးပြန်တက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ အစကတည်းက ဖယ်ထားပါ။

ပိတ်ရက်မှာ ခရီးသွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အကောင်းဆုံးက ပိတ်ရက်စမယ့် မနက်ခင်း ဒါမှမဟုတ် ရုံးတက်ရက် နောက်ဆုံးနေ့ရဲ့ ညပိုင်းမှာ ခရီးစထွက်ပါ။ ဒီလို လုပ်တာက တစ်ရက်လောက်ဖြစ်ဖြစ်တော့ အချိန် ပိုရမှာပါ။

ခရီးက ၂ ရက်လောက်သွားပြီး အပြန်မှာလည်း ညကားစီးတာမျိုး လုပ်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ ပြီးရင်တော့ နေအိမ်မှာ သက်တောင့်သက်သာ တစ်ရက်လောက်နားဖို့လည်း လိုပါမယ်။

တကယ်လို့ ခရီးမသွားဘူး။ နီးစပ်ရာကိုပဲ နည်းနည်းပါးပါးလည်မယ်ဆိုရင်လည်း ဘယ်နေ့မှာ ဘယ်ကိုသွားမယ် ဆိုတာနဲ့ ပြန်ရောက်လာချိန်မှာ ဘာကိုတော့ဖြင့် ပြီးအောင် လုပ်မယ်ဆိုတာကို ကြိုတင် အစီအစဉ်ဆွဲထားပြီး ပြီးမြောက်အောင် လုပ်ပါ။

နေအိမ်တွေကို ပိတ်ရက်အတွင်းမှာ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်တာ၊ ကိုယ်တိုင်ရဲ့ အဝတ်အစားတွေ ကစလို့ ဖိနပ် အသုံးအဆောင်တွေကို သန့်ရှင်းရေး လုပ်ဖို့လိုတာလေးတွေကိုလည်း လုပ်ထားပေးပါ။ ဒီလို လုပ်ထားတာက ရုံးပြန်တက်ချိန်မှာ အရာရာကို အဆင်သင့်ဖြစ်နေမှာပါ။

အစားတလိုင်းလေးတွေဆိုရင်လည်း ဟင်းတွေကိုချက်စားဖို့ စီစဉ်ထားတာတွေကို ရက်လေးတွေအလိုက် စိစိစစ်စစ်လေး ပြင်ဆင်လိုက်ပါ။ တစ်နေ့တည်း အကုန်စုချက်စားပြီး ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ပါ။ အစားများပြီး ပိတ်ရက်မှာ ဖျားနာတာမျိုး ဖြစ်ခဲ့ရင်လည်း ပျော်စရာ ပိတ်ရက် အစီအစဉ်လေးက အစားမတော် တစ်လုတ်ကြောင့် ပျက်စီးရမှာပါ။

နောက်ဆုံး မှာချင်တာကတော့ ပိတ်ရက်အတွက် အချိန်တွေကို အစီအစဉ်ချတဲ့အခါ ကိုယ်ပိုင်အချိန်လေး ချန်ဖို့လိုသလို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးကိုလည်း ဖန်တီးဖို့ မမေ့ပါနဲ့။ pet lover လေးတွေ ဆိုရင်တော့ သူတို့လေးတွေအတွက်လည်း အချိန်ပေးဖို့ တစ်ခါတည်း စီစဉ်ထားပါ။ သူတို့လေးတွေ ကလည်း တစ်ချိန်လုံး အလုပ်များနေခဲ့တဲ့ ကိုယ့်ဆီက အချိန်ပေးမှုလေးကို လိုချင်နေတတ်လို့ပါ။ 

သူတို့လေးတွေနဲ့ အတူကစားပေးတာက စိတ်ဖိစီးတာကို ပြေလျော့စေသလို ကိုယ်လက်ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်မှာပါ။ 

ကဲ … ပျော်ရွှင်စရာ ပိတ်ရက်ရှည်ကြီးဆိုတဲ့ စာသားလေးအတိုင်း  အထမြောက်စေဖို့ ပိတ်ရက်မတိုင်ခင် ကတည်းက သေချာလေး အစီအစဉ်ချပြီး Happy Holidays!!! I am coming လို့ ကြွေးကြော်ဦးစို့နော်….. 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *