ဘယ်လို အသားငါးတွေ ကို အစိမ်းအတိုင်း မစားသင့်ဘူးလဲ

ဘယ်လို အသားငါးတွေ ကို အစိမ်းအတိုင်း မစားသင့်ဘူးလဲ

လူတိုင်းနီးပါးက အသားစိမ်း ငါးစိမ်း ဆိုရင် မစားဘူးလို့ အမြဲပြောတတ်ကြတယ်။ ဒါပေမယ့် လှလှပပပြင်ဆင်ထားတဲ့ မကျက်တကျက် အသားငါးတွေ ၊ ပုဇွန်အစိမ်းသုပ်လိုမျိုး၊ ကာပါချီယိုလိုမျိုး၊ ဆူရှီလိုမျိုး အစားအစာမျိုးတွေကျပြန်တော့လည်း စားကြပြန်ပါရော။

တစ်ချို့များဆို အစိမ်းစားရတာကို အကျက်စားရတာထက်တောင် ပိုကြိုက်တတ်ကြပါသေးတယ်။ တစ်ချို့ဆိုရင် အရှင်တွေတောင် စားကြသေးတာမျိုးပါ။

တကယ်တော့ အစားအစာတွေကို ချက်ပြုတ်စားသောက်ဖို့ နည်းလမ်းတွေ ပေါ်ထွက်လာရခြင်းဟာ အရသာ ပိုမိုပြည့်စုံစေရုံကြောင့်တင်မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ပိုမိုကိုက်ညီစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ပါဝင်ပါတယ်။

ကိုယ်စားသောက်လိုက်တဲ့ အသားစိမ်း၊ ငါးစိမ်းတွေက ကိုယ်မျက်မြင် မြင်တွေ့နေရသလောက် နောက်ကွယ်မှာ အမှန်တကယ်သန့်ရှင်းမှုရှိရဲ့လားဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီတော့ မဆင်မခြင် စားသောက်ရင်း ကိုယ်စားလိုက်မိတဲ့ အသားငါးတွေ က မသန့်ရှင်းဘူးဆိုရင်

• Salmonella,

• Clostridium perfringens,

• Listeria,

• Vibrio,

• E. coli,

• Listeria monocytogenes နဲ့

• Campylobacter စတဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

ဘယ်လို အသားငါးတွေ ကို အစိမ်းအတိုင်း မစားသင့်ဘူးလဲ

ဒီပိုးမွှားတွေကြောင့်

• ပျို့အန်တာ၊

ဝမ်းလျှော ဝမ်းပျက်တာ

• ဗိုက်နာတာ၊

• အသည်းရောင်အသားဝါ ရောဂါ ကူးစက်ခံရတာ၊

• ဖျားနာတာနဲ့

• အစာအဆိပ်သင့်တာတွေ ကြုံရနိုင်တာမို့ သတိထားဖို့ လိုအပ်တာဖြစ်ပါတယ်။

ပိုးမွှားအမျိုးအစားအပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေဟာ ၁ ရက်ကနေ ရက်များစွာအထိ ရောဂါခံစားရနိုင်ခြေလည်း ရှိနေပါသေးတယ်။

ကျက်အောင်မချက်ပြုတ်ထားတဲ့ အသားငါးတွေ မှာချည်း ဒီလို အန္တရာယ်ရှိနေတာမဟုတ်ပါဘူး။

• ကမာကောင်၊

• ကြက်ဥ၊

• ဆန်မှုန့်၊ ဂျုံမှုန့်၊

• အာလူး

• မှိုအမျိုးမျိုးနဲ့

• မြေထွက် ဥအမျိုးမျိုးတွေကိုလည်း အစိမ်းမစားဖို့ အကြံပြုတိုက်တွန်းပါရစေ။

ဒီအစားအစာတွေကလည်း အသားစိမ်း၊ ငါးစိမ်းတွေလိုပဲ အခန့်မသင့်ရင် ကျန်းမာရေးပြဿနာတွေ ကြုံရစေနိုင်တာကြောင့်ပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *