အနာဂတ်ဆိုတာ ပြင်ဆင်လို့ ရပါ့မလား! (သို့မဟုတ်) အနာဂတ်ဆိုတာ ကိုယ်တိုင်ပုံဖော် ဖန်တီးခွင့်ရှိတဲ့ အရာတစ်ခုပါ

အနာဂတ်ဆိုတာ ပြင်ဆင်လို့ ရပါ့မလား! (သို့မဟုတ်) အနာဂတ်ဆိုတာ ကိုယ်တိုင်ပုံဖော် ဖန်တီးခွင့်ရှိတဲ့ အရာတစ်ခုပါ

ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများ ပြောနေကျ စကားလေး တစ်ခုရှိတယ်။ ဒါကတော့ ကံစီမံရာ အတိုင်းပါပဲ။ အရာရာက ဘဝပေးကုသိုလ်အတိုင်း ဖြစ်လာတယ်ဆိုတာပါ။ ဒီနေရာမေးချင်တာတစ်ခုက ဒီလိုပဲ အရာရာတိုင်းက ကံစီမံရာအတိုင်းပဲ ဖြစ်လာတာလား! အရာရာတိုင်းမှာ ရွေးချယ်ခွင့် ကြိုးစားခွင့်တွေ မရှိတော့ဘူးလား ဆိုတာပါ။

အနာဂတ်ဆိုတာ ပြင်ဆင်လို့ ရပါ့မလား! (သို့မဟုတ်) အနာဂတ်ဆိုတာ ကိုယ်တိုင်ပုံဖော် ဖန်တီးခွင့်ရှိတဲ့ အရာတစ်ခုပါ

တကယ်ကတော့ လက်တွေ့ကျကျ အမြင်တစ်ခုနဲ့ ပြောရရင် ကံဆိုတာက အလုပ်ပါပဲ။ ကြိုးစားသူတိုင်း အတွက် အခွင့်အလမ်းကောင်းတွေ ရှိနေသလို ကြိုးစားလုပ်ဆောင်မှုက အနာဂတ်မှာ အကောင်းဆုံး ဖြစ်နေစေဖို့ အထောက်အကူ ပေးနိုင်မှာပါ။

လက်ရှိကာလကို အကျိုးရှိရှိ ကောင်းကောင်းမွန်မွန် အသုံးချမယ်ဆိုရင် အနာဂတ်ကို စိတ်ကူးထဲကအတိုင်း ပုံဖော်လို့ ရပါတယ်။ ဥပမာ – အသုံးနဲ့ အဖြုန်းကို သေချာလေး စိစစ်ခွဲခြားမယ်။ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပုံမှန် စုဆောင်းသွားမယ်ဆိုရင် ငွေကြေးအရ အပူအပင်ကင်းတဲ့ အနာဂတ်ဘဝလေးကို ဖန်တီးနိုင်မှာပါ။ 

လက်ရှိကာလမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတတ်ပညာတွေကို တစ်ဖက်ကမ်းခတ်အောင် သင်ကြား လေ့လာမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချခွင့်ရပြီး အသက်အရွယ်ရလာချိန်မှာ ကောင်းမွန်တဲ့ အလုပ်နေရာတစ်ခုနဲ့အတူ ကောင်းမွန်ဖူလုံတဲ့ ဝင်ငွေတစ်ရပ်ကို ရရှိမှာလည်း အသေအချာပါပဲ။ 

ဒီနေရာမှာ ပြောချင်တာက အနာဂတ်ဆိုတာက ကိုယ်တိုင်စိတ်တိုင်းကျ စိတ်ကူးပုံဖော်လို့ ရတယ်ဆိုတာပါ။ တစ်ခုရှိတာကတော့ အလွယ်တကူတော့ မဖြစ်နိုင်ဘူးပေါ့။ ပုံမှန် ကြိုးစားနေဖို့လိုသလို နေ့စဉ်ဘဝမှာ အချိန်မဖြုန်း၊ အသုံးမကြီးဖို့နဲ့ သေချာလေး စိစစ်ဖို့လည်း လိုပါမယ်။ 

အရှုံးတွေနဲ့ ကြုံတွေ့ရတဲ့အခါ လဲကျမနေဘဲ အကောင်းဆုံး ပြန်ထရင်း အားထည့်ကြိုးစားမှုတွေ လုပ်ဆောင်မယ်ဆိုရင် ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် အကောင်းဆုံး ကြိုးစားရင်း ကောင်းမွန်တဲ့ အနာဂတ်ကို ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးလို့ ရတယ်ဆိုတာကို သတိချပ်ပြီး အရာရာက ကံစီမံရာအတိုင်းပဲ ဆိုတာမျိုး မထားလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *