အပြုံးချိုချို အတွင်းပုပ်ပုပ်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ

စာအုပ်တစ်အုပ်ကို အဖုံးကိုပဲ ကြည့်ပြီး မဆုံးဖြတ်ပါနဲ့လို့ ပြောတာကို ကြားဖူးကြမှာပေါ့။ ဒီလိုပြောရတာက လူတွေကို အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်တာက အမှားပါတတ်လို့ပါပဲ။ အခုတစ်ခေါက်မှာလည်း အပေါ်ယံ ကြည့်လိုက်ရင် အပြုံးချိုချိုလေးတွေနဲ့ ဆက်ဆံတတ်ပြီး ယဉ်ကျေးသလို၊ ကိုယ်ချင်းစာတတ်သလိုရှိပေမယ့် အတွင်းစိတ်မှာတော့ မနာလိုမှုတွေနဲ့ ပြည့်နှက်နေတဲ့ သူတွေမှာ ဘယ်လိုအပြုအမူလေးတွေ တွေ့ရနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပြုံးချိုချို အတွင်းပုပ်ပုပ်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ အပြုံးချိုချိုနဲ့ အတွင်းစိတ်ပုပ်သူတွေမှာ အခုလို အကျင့်လေးတွေ အပြုအမူလေးတွေကို တွေ့ရနိုင်ပါတယ်။ အရမ်းကို ဝေဖန်တတ်ကြတယ် လူဆိုတာ အမှားနဲ့ မကင်းတတ်ကြပါဘူး။ အမှားဆိုတာက မမှားတာ အကောင်းဆုံးဆိုပေမယ့် မှားတာက အမှားသေးသေးလေးဖြစ်မယ်။ ထိခိုက်မှု မရှိဘူးဆိုရင်တော့ အလွန်အကျွံဝေဖန်တာ မကောင်းပါဘူး။ ဒီနေရာမှာ သေးသေးလေး မှားတာကို အလွန်အကျွံဝေဖန်နေပြီဆိုရင်တော့ ဒီလူက အပေါ်ယံ သကာလောင်း ချိုနေတဲ့ သူတွေပါ။ Personal boundaries တွေကို နားမလည်ဘူး လူအချင်းချင်းကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိစေဖို့ဆိုရင်တော့ Personal boundaries တွေကို ကောင်းကောင်း ထိန်းနိုင်ဖို့ အတော်လေး အရေးကြီးပါတယ်။ Personal boundaries ဆိုတာက အခြားသူရဲ့ အချိန်၊ စိတ်ဝင်စားမှုနဲ့ စိတ်ခံစားချက်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို လေးစားမှု ရှိတာကို ဆိုလိုတာပါ။ အခြားသူရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်နေသူတွေက Personal boundaries ကို နားမလည်တဲ့သူတွေသာ ဖြစ်ပြီး အပေါ်ယံချိုပြီး အတွင်းစိတ်ပုပ်တဲ့သူတွေပါ။ အတင်းအရမ်းပြောကြတယ် အတင်းပြောတာက အပျင်းပြေပြီး ထိခိုက်စရာ မရှိဘူးလို့ ယူဆစရာ ရှိပေမယ့် အတင်းပြောတာက သူတစ်ပါးရဲ့ အတွင်းရေးတွေကို ထဲထဲဝင်ဝင် လိုက်ပြောနေတာ သူတစ်ပါးထိခိုက်အောင် လုပ်နေတာ၊ အချိန်ရှိတိုင်း သူတစ်ပါး မကောင်းကြောင်း ပြောနေတာက အတွင်းစိတ် မကောင်းတာပါ။ သူတို့ အမှား မရှိဘူး အတွင်းစိတ်ပုပ်တဲ့သူတွေက ပြဿနာတွေ ရှိတိုင်း အခြားသူသာ အမှားဖြစ်ပြီး သူကတော့ အမှားမရှိဘူးလို့ ပြောတတ်ကြပါတယ်။ ကိစ္စ တစ်ခုခု ရှိတိုင်းမှာ သူတို့က အမှား မရှိဘဲ အခြားသူကသာ မှားနေတာလို့ အမြဲ ပြောတတ်ကြသူတွေပေါ့။ ကိုယ်ချင်းမစာတတ်ကြဘူး ကိုယ်ချင်းစာတတ်တယ်ဆိုတဲ့ သူတွေက အခြားသူတွေရဲ့ ခံစားချက်ကို နားလည်တတ်ကြသလို အခြားသူတွေကို နားလည်ပေးတတ်ကြသူတွေပါ။ လူပီသသူတိုင်းမှာ ရှိသင့်တဲ့ အရည်အသွေးတစ်ရပ်ပေါ့။ အပေါ်ယံသာ ချိုပြီူ အတွင်းစိတ်ပုပ်သူတွေကတော့ အခြားသူတွေရဲ့ ထိခိုက်နာကျင်မှုကို ကိုယ်ချင်းမစာတတ်ကြဘဲ ဟန်ဆောင်ပြီးသာ စိတ်မကောင်းဖြစ်တတ်ကြသူတွေပါ။ ပေးတာထက် ပိုပြီး ပြန်ယူတတ်ကြတယ် လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး စစ်မှန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောင်ချင်တယ် ဆိုရင်တော့ အပေးအယူ မျှတဖို့ လိုသလို အခြားသူတွေဆီက မသင့်တော်တဲ့ ရယူမှုတွေကို ရယူတာမျိုး မလုပ်သင့်ပါဘူး။ ပေးထားရင် ပေးထားသလောက် ပြန်ယူတတ်တာက အတွင်းစိတ်မကောင်းဘူးလို့ ဆိုလို့ ရပါတယ်။ ဒီထက်ပိုပြီး ပေးထားတာထက် ပိုပြီး ပြန်ယူနေပြီဆိုရင်တော့ သေချာတာက အတွင်းစိတ် မကောင်းတာပါ။ အရာရာတိုင်းမှာ နစ်နာသူက သူတို့ပဲဖြစ်နေတာ ကိစ္စတစ်ခုခု ဖြစ်တိုင်း၊ ပြဿနာတစ်ခုခု ဖြစ်တိုင်းမှာ အခြားသူတွေက သူ့ကို ဝိုင်းအနိုင်ကျင့်ကြတာ၊ အခြားသူတွေက သူက ကောင်းပေးပါရက် သူ့အပေါ် စိတ်ပုပ်နေတာလို့ ပြောတတ်ကြပါတယ်။ ကိစ္စ တစ်ခုခု ဖြစ်တိုင်းမှာ နစ်နာသူက သူတို့ပဲ ဖြစ်နေတတ်တာကလည်း အတွင်းစိတ် မကောင်းသူတွေရဲ့ မြင်သာတဲ့ အင်္ဂါရုပ် တစ်ခုပါတဲ့။ မရိုးသားကြဘူး ရိုးသားမှုက ကောင်းမွန်တဲ့ ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ပါ။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံကြတဲ့အခါ ရိုးရိုးသားသား ဆက်ဆံတတ်တာမျိုး မရှိဘဲ အရာရာကို ဟန်ဆောင် ဖုံးကွယ်ထားမယ်ဆိုရင်တော့ သူတို့က အတွင်းစိတ်မကောင်းဘဲ အပေါ်ယံသာ ချိုနေကြသူတွေပါ။ အမြဲတမ်း ပတ်ဝန်းကျင်မှာ လူကောင်းတွေနဲ့ပဲ တွေ့နေမှာ မဟုတ်တာကြောင့် ကိုယ်ထိတွေ့ ဆက်ဆံနေရသူတွေမှာ အခုပြောခဲ့တဲ့ အပြုအမူတွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ အကြံပြုပါရစေ။

စာအုပ်တစ်အုပ်ကို အဖုံးကိုပဲ ကြည့်ပြီး မဆုံးဖြတ်ပါနဲ့လို့ ပြောတာကို ကြားဖူးကြမှာပေါ့။ ဒီလိုပြောရတာက လူတွေကို အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်တာက အမှားပါတတ်လို့ပါပဲ။ အခုတစ်ခေါက်မှာလည်း အပေါ်ယံ ကြည့်လိုက်ရင် အပြုံးချိုချိုလေးတွေနဲ့ ဆက်ဆံတတ်ပြီး ယဉ်ကျေးသလို၊ ကိုယ်ချင်းစာတတ်သလိုရှိပေမယ့် အတွင်းစိတ်မှာတော့ မနာလိုမှုတွေနဲ့ ပြည့်နှက်နေတဲ့ သူတွေမှာ ဘယ်လိုအပြုအမူလေးတွေ တွေ့ရနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

အပြုံးချိုချို အတွင်းပုပ်ပုပ်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ

အပြုံးချိုချိုနဲ့ အတွင်းစိတ်ပုပ်သူတွေမှာ အခုလို အကျင့်လေးတွေ အပြုအမူလေးတွေကို တွေ့ရနိုင်ပါတယ်။ 

  • အရမ်းကို ဝေဖန်တတ်ကြတယ်

လူဆိုတာ အမှားနဲ့ မကင်းတတ်ကြပါဘူး။ အမှားဆိုတာက မမှားတာ အကောင်းဆုံးဆိုပေမယ့် မှားတာက အမှားသေးသေးလေးဖြစ်မယ်။ ထိခိုက်မှု မရှိဘူးဆိုရင်တော့ အလွန်အကျွံဝေဖန်တာ မကောင်းပါဘူး။ ဒီနေရာမှာ သေးသေးလေး မှားတာကို အလွန်အကျွံဝေဖန်နေပြီဆိုရင်တော့ ဒီလူက အပေါ်ယံ သကာလောင်း ချိုနေတဲ့ သူတွေပါ။ 

  • Personal boundaries တွေကို နားမလည်ဘူး

လူအချင်းချင်းကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိစေဖို့ဆိုရင်တော့  Personal boundaries  တွေကို ကောင်းကောင်း ထိန်းနိုင်ဖို့ အတော်လေး အရေးကြီးပါတယ်။ Personal boundaries  ဆိုတာက အခြားသူရဲ့ အချိန်၊ စိတ်ဝင်စားမှုနဲ့ စိတ်ခံစားချက်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို လေးစားမှု ရှိတာကို ဆိုလိုတာပါ။ အခြားသူရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်နေသူတွေက Personal boundaries  ကို နားမလည်တဲ့သူတွေသာ ဖြစ်ပြီး အပေါ်ယံချိုပြီး အတွင်းစိတ်ပုပ်တဲ့သူတွေပါ။

  • အတင်းအရမ်းပြောကြတယ်

အတင်းပြောတာက အပျင်းပြေပြီး ထိခိုက်စရာ မရှိဘူးလို့ ယူဆစရာ ရှိပေမယ့် အတင်းပြောတာက သူတစ်ပါးရဲ့ အတွင်းရေးတွေကို ထဲထဲဝင်ဝင် လိုက်ပြောနေတာ သူတစ်ပါးထိခိုက်အောင် လုပ်နေတာ၊ အချိန်ရှိတိုင်း သူတစ်ပါး မကောင်းကြောင်း ပြောနေတာက အတွင်းစိတ် မကောင်းတာပါ။

  • သူတို့ အမှား မရှိဘူး

အတွင်းစိတ်ပုပ်တဲ့သူတွေက ပြဿနာတွေ ရှိတိုင်း အခြားသူသာ အမှားဖြစ်ပြီး သူကတော့ အမှားမရှိဘူးလို့ ပြောတတ်ကြပါတယ်။ ကိစ္စ တစ်ခုခု ရှိတိုင်းမှာ သူတို့က အမှား မရှိဘဲ အခြားသူကသာ မှားနေတာလို့ အမြဲ ပြောတတ်ကြသူတွေပေါ့။ 

  • ကိုယ်ချင်းမစာတတ်ကြဘူး

ကိုယ်ချင်းစာတတ်တယ်ဆိုတဲ့ သူတွေက အခြားသူတွေရဲ့ ခံစားချက်ကို နားလည်တတ်ကြသလို အခြားသူတွေကို နားလည်ပေးတတ်ကြသူတွေပါ။ လူပီသသူတိုင်းမှာ ရှိသင့်တဲ့ အရည်အသွေးတစ်ရပ်ပေါ့။ အပေါ်ယံသာ ချိုပြီူ အတွင်းစိတ်ပုပ်သူတွေကတော့ အခြားသူတွေရဲ့ ထိခိုက်နာကျင်မှုကို ကိုယ်ချင်းမစာတတ်ကြဘဲ ဟန်ဆောင်ပြီးသာ စိတ်မကောင်းဖြစ်တတ်ကြသူတွေပါ။

  • ပေးတာထက် ပိုပြီး ပြန်ယူတတ်ကြတယ်

လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး စစ်မှန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောင်ချင်တယ် ဆိုရင်တော့ အပေးအယူ မျှတဖို့ လိုသလို အခြားသူတွေဆီက မသင့်တော်တဲ့ ရယူမှုတွေကို ရယူတာမျိုး မလုပ်သင့်ပါဘူး။ ပေးထားရင် ပေးထားသလောက် ပြန်ယူတတ်တာက အတွင်းစိတ်မကောင်းဘူးလို့ ဆိုလို့ ရပါတယ်။ ဒီထက်ပိုပြီး ပေးထားတာထက် ပိုပြီး ပြန်ယူနေပြီဆိုရင်တော့ သေချာတာက အတွင်းစိတ် မကောင်းတာပါ။

  • အရာရာတိုင်းမှာ နစ်နာသူက သူတို့ပဲဖြစ်နေတာ

ကိစ္စတစ်ခုခု ဖြစ်တိုင်း၊ ပြဿနာတစ်ခုခု ဖြစ်တိုင်းမှာ အခြားသူတွေက သူ့ကို ဝိုင်းအနိုင်ကျင့်ကြတာ၊ အခြားသူတွေက သူက ကောင်းပေးပါရက် သူ့အပေါ် စိတ်ပုပ်နေတာလို့ ပြောတတ်ကြပါတယ်။ ကိစ္စ တစ်ခုခု ဖြစ်တိုင်းမှာ နစ်နာသူက သူတို့ပဲ ဖြစ်နေတတ်တာကလည်း အတွင်းစိတ် မကောင်းသူတွေရဲ့ မြင်သာတဲ့ အင်္ဂါရုပ် တစ်ခုပါတဲ့။

  • မရိုးသားကြဘူး

ရိုးသားမှုက ကောင်းမွန်တဲ့ ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ပါ။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံကြတဲ့အခါ ရိုးရိုးသားသား ဆက်ဆံတတ်တာမျိုး မရှိဘဲ အရာရာကို ဟန်ဆောင် ဖုံးကွယ်ထားမယ်ဆိုရင်တော့ သူတို့က အတွင်းစိတ်မကောင်းဘဲ အပေါ်ယံသာ ချိုနေကြသူတွေပါ။ 

အမြဲတမ်း ပတ်ဝန်းကျင်မှာ လူကောင်းတွေနဲ့ပဲ  တွေ့နေမှာ မဟုတ်တာကြောင့် ကိုယ်ထိတွေ့ ဆက်ဆံနေရသူတွေမှာ အခုပြောခဲ့တဲ့ အပြုအမူတွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ အကြံပြုပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *