အသက်ရှည် ကျန်းမာစေဖို့ မနက်ခင်းတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထလေးများ

အသက်ရှည် ကျန်းမာစေဖို့ မနက်ခင်းတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထလေးများ
အသက်ရှည် ကျန်းမာစေဖို့ မနက်ခင်းတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထလေးများ

မနက်ခင်းဆိုတာက တစ်နေ့တာလုံးအတွက် အရေးအပါဆုံး အချိန်လေးပါ။ မနက်ခင်းမှာ ကောင်းမွန်တဲ့ အရာတွေနဲ့ စတင်လိုက်တာက တစ်နေ့တာလုံးကို အဆင်ပြေပြေ ဖြတ်သန်းနိုင်စေဖို့အတွက် ထောက်ကူပေးနိုင်မှာပါ။ ဒီတစ်ခေါက်တော့ မနက်ခင်းမှာ ပုံမှန်လေး လုပ်ဆောင်ပေးရုံနဲ့  အသက်ရှည် ကျန်းမာစေမယ့် အလေ့အထလေး​တွေကို မျှဝေချင်ပါတယ်။

အသက်ရှည် ကျန်းမာစေဖို့ မနက်ခင်းတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထလေးများ

အသက်ရှည် ကျန်းမာစေဖို့ မနက်ခင်းတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထလေးများ ကတော့ –

  • တရားထိုင်ပါ

မနက်ခင်းတိုင်းမှာ  ပုံမှန် ၁၅ မိနစ်ကနေ နာရီဝက်လောက် ဝင်လေထွက်လေ မှန်မှန်လေး ရှူရင်းတရားမှတ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင် အသက်ရှည် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • သံပုရာရေနွေးကြမ်း နွေးနွေးလေး သောက်ပေးပါ

မနက်ခင်းတိုင်းမှာ ဘာမှ မစားသေးခင် အရင်ဆုံး ရေနွေးနွေးတင်္စခွက်ထဲကို သံပုရာသီး တစ်ခြမ်းစာလော်က အရည်ညှစ်ထည့်လို့ နွေးနွေးလေးမှာ တစ်ကျိုက်တည်း သောက်ချလိုက်ပါ။ ဒီလို သောက်ပေးတာက အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေနိုင်သလို သွေးတွင်းအဆီကျစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ 

  • ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးပါ

မနက်ခင်းတိုင်းမှာ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးတာက စိတ်ခံစားမှုကို ကောင်းစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာ အသက်ရှည်ချင်တယ် ဆိုရင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးပါ။

  • အာဟာရပြည့်ဝတဲ့ မနက်စာ စားပေးပါ

မနက်ခင်းတိုင်းမှာ အာဟာရပြည်ဝတဲ့ အော်ဂဲနစ် မနက်စာလေးကို စားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အသက်ရှည်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် အသက်ရှည် ကျန်းမာစေဖို့ဆိုရင် အာဟာရ ပြည့်ဝတဲ့ မနက်စာကို စားပေးပါ။

  • ကျေးဇူးတင်တတ်တဲ့ အလေ့အထလေး လုပ်ပါ

မနက်တိုင်းမှာ စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထဖို့အတွက် ကျေးဇူးတင်တတ်တဲ့ စိတ်လေးကို မွေးမြူထားဖို့ လိုသလို တစ်ခုခု အကူအညီရတိုင်းမှာလည်း ကျေးဇူးတင်တတ်တဲ့ စိတ်လေးကို မွေးမြူပေးဖို့ လိုပါမယ်။ ဒါကြောင့် အသက်ရှည် ကျန်းမာစေဖို့အတွက် နေ့ရက်တိုင်းမှာ ကျေးဇူးတင်တတ်တဲ့ အလေ့အထလေးတွေကို လုပ်ပေးပါ။

အခုပြောခဲ့တဲ့ အလေ့အထလေးတွေကို ကိုယ်ပိုင် အလေ့အထလေးတွေလို မွေးမြူပျိုးထောင်ထားပြီး အသက်ရှည် ကျန်းမာစေဖို့ အခုကနေ စတင်လိုက်ပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *