အိပ်ရာဝင်ခါနီး မှာ မလုပ်သင့်တဲ့ အချက် (၅) ချက်

အိပ်ရာဝင်ခါနီး မှာ မလုပ်သင့်တဲ့ အချက် (၅) ချက်

လူတစ်ယောက်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့ဆိုရင် အိပ်ရေးဝဖို့က အတော်လေး အရေးကြီးပါတယ်။ အိပ်သာအိပ်လိုက်တယ် အိပ်ရေးမဝဘူး။ အိပ်ချိန်ကတော့ များပေမယ့် အိပ်ရာကထလာတော့ မလန်းဘူး ဖြစ်နေတယ် စတဲ့ ပြဿနာလေးတွေကို တော်တော်များများ ကြုံဖူးကြမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ညဘက် အိပ်စက်မှုတိုင်းကို ပြည့်ဝတဲ့အိပ်စက်ချိန် ဖြစ်စေဖို့အတွက် အိပ်ရာဝင်ခါနီး မလုပ်သင့်တဲ့ အချက်လေးတွေကို ဝေမျှလိုက်ပါတယ်။

မိုလ်ဘိုင်းဖုန်း မကြည့်ပါနဲ့

အိပ်ရာဝင်ခါနီး မှာ ဖုန်းကြည့်လိုက်တာက ဖုန်းကနေ ထွက်လာတဲ့ Blue Light တွေက အိပ်စက်မှုကို လှုံ့ဆော်ပေးမယ့် မယ်လ်လာတိုနင် ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ကောင်းကောင်း အိပ်ပျော်ဖို့ရာ ခက်စေမှာပါ။ ဒါကြောင့် အိပ်ရာမဝင်ခင် နာရီိဝက် အလု်လောက်ကတည်းက ဖုန်းတွေ၊ လက်ပ်တော့တွေကို အနားပေးလိုက်ပါ။

ကော်ဖီတွေ၊ လက်ဖက်ရည်တွေ မသောက်ပါနဲ့

အားလုံး သိထားပြီး ဖြစ်တဲ့အတိုင်း ကော်ဖီ၊ လက်ဖက်ရည်တွေမှာ စိတ်ကိုလန်းစေနိုင်တဲ့ ကဖင်းဓာတ် ပါဝင်နေတာက တက်ကြွနေစေပြီး ညဘက် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်မှာပါ။ ဒါကြောင့် အိပ်ခါနီး လက်ဖက်ရည်၊ ကော်ဖီ အပါအဝင် ကဖင်းပါတဲ့ လက်ဖက်သုပ်၊ ချောကလက်၊ အားဖြည့်အချိုရည်တွေနဲ့ ကိုလာလိုမျိုး အရာတွေကို မစားမသောက်ပါနဲ့။

စိတ်ဖိစီးစရာတွေကို အိပ်ရာထဲ သယ်မလာပါနဲ့

တစ်နေ့တာမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ညစ်စရာတွေ စိတ်ဖိစီးစရာတွေကို အိပ်ရာထဲအထိ သယ်လာပြီး အိပ်ခါနီး တွေးတော အဖြေထုတ်နေတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်မှာပါ။ ဒါကြောင့် မအိပ်ခင် အိပ်ရာထဲ မဝင်ခင်မှာ အတွေးတွေကို ရပ်တန့်ပြီး စိတ်လက်ပေါ့ပါးစွာနဲ့ အိပ်ရာဝင်ပါ။

အပူကဲ၊ အဆီများတာတွေ မစားပါနဲ့

အပူအစပ်တွေ အဆီများတာတွေကို အိပ်ယာဝင်ခါနီး စားတာ၊ ညစာ အနေနဲ့ စားတာက ရင်ပူတာ၊ အစာခြေအက်ဆစ် ပြန်ဆန်တက်တာမျိုး ပြဿနာတွေကို ဖြစ်စေပြီး ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်စေမှာပါ။

အရက် မသောက်ပါနဲ့

အရက် သောက်တာက ကောင်းကောင်း အိပ်ပျော်စေမယ့် အချက်လို့ တွေးနေတယ်ဆိုရင်တော့ ဒီအတွေးကို အခုပဲ ရပ်တန့်လိုက်ပါ။ အရက်သောက်တာက မူးစေတယ်ဆိုပေမယ့် ရင်ပူတာနဲ့ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။

ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ အချက်လေးတွေကို ရှောင်ဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *