အောင်မြင်ချမ်းသာမယ့်သူတွေရဲ့ အလေ့အထကောင်းလေးများ

အောင်မြင်ချမ်းသာမယ့်သူတွေရဲ့ အလေ့အထကောင်းလေးများ

အောင်မြင်မှုဆိုတာ အမှတ်တမဲ့နဲ့ ရရှိလာတဲ့အရာ မဟုတ်ပါဘူး။ သေချာလေး ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ် တစ်ခုပါ။ အောင်မြင်မှုတိုင်းအတွက် အချိန်တွေ၊ ကြိုးစားမှုတွေ၊ ခွန်အားတွေ များစွာ ရင်းနှီးထားရတာပါ။ 

အချို့လူတွေက လက်ရှိမှာ သာမန်လူတွေလို့ပဲ ထင်စရာ ရှိပေမယ့် နောက်ပိုင်းမှာအောင်မြင်ထွန်းပေါက် သွားကြတာမျိုး ရှိတတ်ကြပါတယ်။ လူတိုင်းက အောင်မြင်ချင်ပေမယ့် လူတိုင်းအောင်မြင်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ 

အောင်မြင်မယ့်သူတွေမှာက လက်ရှိမှာ မအောင်မြင်သေးရင်တောင် သူတို့မှာ အောင်မြင်နိုင်ခြေကို ထောက်ပံ့ပေးမယ့် အလေ့အထကောင်းလေးတွေ ရှိပါတယ်။ ဘယ်လိုအလေ့အထလေးတွေက အောင်မြင်ချမ်းသာစေမယ့် အလေ့အထလေးတွေလည်း ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အောင်မြင်ချမ်းသာမယ့်သူတွေရဲ့ အလေ့အထကောင်းလေးများ

အောင်မြင်ချမ်းသာမယ့်သူတွေရဲ့ အလေ့အထကောင်းလေးများ ကတော့

  • ရင့်ကျက်တယ်

အောင်မြင်သူတွေမှာ တည်ငြိမ်ရင့်ကျက်တဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ အမှားကနေ သင်ယူဖို့၊ အသစ်အသစ်တွေကို ဆည်းပူးဖို့နဲ့ သင်ယူလေ့လာရမှုတိုင်းကို မပျင်းကြပါဘူး။ ဗဟုသုတတွေ အသစ်အသစ်သော ပညာရပ်တွေကို အမြဲလိုလို လောဘတကြီး ရှာဖွေတတ်ပြီး ပြဿနာတွေ အခက်အခဲတွေကို တည်ငြိမ်ရင့်ကျက်စွာ ကျော်လွှားဖြေရှင်းတတ်ကြသူတွေပါ။

  • အခွင့်အလမ်းတွေကို ရှာဖွေနေတတ်တယ်

တိုးတက်စေမယ့် အခွင့်အလမ်းတွေကို အမြဲမပြတ် ရှာဖွေဆည်းပူးနေသလို အောင်မြင်တိုးတက်စေမယ့် အခွင့်အလမ်းတွေကိုလည်း ရှာဖွေနေတတ်သူပါ။ 

  • လူမှုဆက်ဆံရေးကောင်းကြတယ်

သူတို့တွေက ပေါင်းသင်းဆက်ဆံရေးကောင်းသလို လူတွေနဲ့ networking ကောင်းကောင်း ဆောက်တတ်ကြပါ တယ်။ အောင်မြင်ဖို့ဆိုရာမှာ သူငယ်ချင်း အသိုင်းအဝန်းကောင်းဖို့ကလည်း လိုအပ်တဲ့ အချက်တစ်ခုပါ။ 

  • စွန့်စားဖို့ မကြောက်ကြပါဘူး

အောင်မြင်မယ့်သူတွေက စွန့်စားဖို့ မကြောက်ကြပါဘူး။ career အသစ်တစ်ခုခုကို ပြောင်းဖို့ ဖြစ်ဖြစ် လမ်းကြောင်းသစ်ဖောက်ဖို့ ဖြစ်ဖြစ်ကိုပေါ့။

  • ရုန်းထနိုင်ကြတယ်

ဆုံးရှုံးမှုတွေကြောင့် လဲကျသွားတိုင်းမှာ လဲနေရာကနေ ဖုတ်ဖတ်ခါ ပြန်ထပြီး နောက်တစ်ကြိမ် အကောင်းဆုံး ကြိုးစားဖို့လည်း တွန့်ဆုတ် မနေဘဲ အရှုံးတွေထဲက ရုန်းထနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားကြသူတွေပါ။ 

  • ငွေကြေးထက် အချိန်ကို ပိုတန်ဖိုးထားတယ်

အောင်မြင်မယ့်သူတွေရဲ့ အခြေခံ အသိစိတ် တစ်ခုက ပိုက်ဆံဆိုတာ ပြန်ရှာလို့ ရနိုင်တယ်။ ကုန်ဆုံးသွားတဲ့ အချိန်က ဘယ်တော့မှ အစားပြန်မရနိုင်တော့ဘူးဆိုတာကိုလည်း ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် အချိန်ကို ငွေထက် ပိုပြီး တန်ဖိုးထားကြသူတွေပါ။

  • စိတ်အားထက်သန်ကြတယ်

အချိန်တိုင်းမှာ စိတ်အားထက်သန်ပြီး ဘာကိုမဆို တက်တက်ကြွကြွနဲ့ လုပ်ကိုင်ဆောင်ရွက်တတ်ကြတာကလည်း သူတို့ရဲ့ သူမတူတဲ့ အလေ့အထေတွေထဲက တစ်ခုပါပဲ။ 

ဒီအလေ့အထလေးတွေကို ပိုင်ဆိုင်ထားသူတွေက လက်ရှိမှာ မအောင်မြင်သေးရင်တောင် အနာဂတ်မှာ အောင်မြင်သူတွေအဖြစ် ရပ်တည်နိုင်မယ့်သူတွေပါ။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ အလေ့အကျင့်ကောင်းလေးတွေကို ကိုယ်ပိုင် အလေ့အထလေးတွေ ဖြစ်အောင် မွေးမြူလိုက်တော့နော်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *