ဗီတာမင် K (Vitamin K)

ဗီတာမင် K (Vitamin K)
ဗီတာမင် K (Vitamin K)

ဗီတာမင်တွေကို ပုံမှန်အားဖြင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ သဘာဝအတိုင်းရနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာလည်ပတ်နိုင်စေဖို့အတွက် လိုအပ်တဲ့ ပမာဏနဲ့ကိုက်ညီအောင် ရရှိဖို့ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က ပုံမှန်အားဖြင့် ဗီတာမင် ၁၃ မျိုးကို လိုအပ်ပါတယ်။ ဒါတွေကတော့ ဗီတာမင် Aဗီတာမင် B အုပ်စုကတော့ ၈ မျိုး၊ ဗီတာမင် Cဗီတာမင် Dဗီတာမင် E နဲ့ ဗီတာမင် K တို့ပဲဖြစ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗီတာမင် Kအကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ဗီတာမင် K (Vitamin K) ဆိုတာ

ဗီတာမင် K ဆိုတာက အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သွေးခဲစေဖို့နဲ့ အရိုးကျန်းမာရေး အတွက် အရေးပါပါတယ်။ ဗီတာမင် K ကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်တဲ့ phylloquinone (K1) အနေနဲ့ တွေ့ရှိနိုင်သလို တိရစ္ဆာန်ထွက် စားသောက်ကုန်တွေ နဲ့ အချဉ်ဖောက်ထားတဲ့ စားစရာတွေကနေ ရရှိနိုင်တဲ့ menaquinones (K2) ဆိုပြီး နှစ်မျိုးနှစ်စား တွေ့ရှိနိုင်ပါတယ်။ အနာကျက်စေဖို့ ထိခိုက်ရှနာဖြစ်ချိန်မှာ သွေးတိတ်စေဖို့ပါ ထောက်ကူပေးတဲ့ ဗီတာမင်တစ်မျိုးပါ။

ဗီတာမင် K အခန်းကဏ္ဍ

ဗီတာမင် K က 

  • သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတယ် – ဗီတာမင် K က ထိခိုက်ဒဏ်ရာ ရရှိချိန်မှာ သွေးထွက်လွန် တာမျိုး မဖြစ်စေဖို့အတွက် သွေးတိတ်စေဖို့ ပရိုတင်းတွေကို ထုတ်ပေးသလို အနာကျက်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။
  • အရိုးကျန်းမာစေတယ် – ခန္ဓာကိုယ်မှာ အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အရေးပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ osteocalcin ထွက်ရှိစေဖို့ ကူညီလုပ်ဆောင်ပေးပါတယ်။
  • အခြားသော ကျန်းမာရေး ကောင်းကျိုးများ – နှလုံးကျန်းမာစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့လည်း ကူညီပေးပါသေးတယ်။ 

ဗီတာမင် D (Vitamin D)

ဗီတာမင်K အာဟာရ အရင်းအမြစ်များ

  • ဗီတာမင် K1 (Phylloquinone) – အသီးအရွက်ကနေ ရရှိနိုင်တဲ့ ဒီဗီတာမင် K အမျိုးအစားကို အဓိကအားဖြင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ မုန်ညှင်းစိမ်း၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ စတော်ဘယ်ရီ၊ ရွှေဖရုံသီး၊ ထင်းရှူးစေ့ဆန်၊ မုန်လာထုပ် စတာတွေကနေ ရရှိနိုင်ပါတယ်။
  • ဗီတာမင် K2 (Menaquinone) – တိရစ္ဆာန်ထွက် စားသောက်ကုန်တွေကနေ ရရှိနိုင်တဲ့ ဒီဗီတာမင် K အမျိုးအစားကို အသား၊ အသည်း၊ ချိစ်၊ ဥအမျိုးမျီုးနဲ့ အချဉ်တည်ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ လူတွေရဲ့ အူထဲကနေလည်း ဒီဗီတာမင် အမျိုးအစားကို အနည်းအကျဉ်း ထုတ်လုပ်ပါတယ်။ 

ဗီတာမင် K ပြည့်ဝခြင်းရဲ့ ကောင်းကျိုးများ

ဗီတာမင် K ကို ပြည့်ဝလုံလောက်စွာ ရရှိမယ်ဆိုရင် 

  • ထိခိုက်ဒဏ်ရာရချိန်မှာ သွေးထွက်လွန်နိုင်ခြေက လျှော့ချနိုင်မယ်
  • အရိုးတွေ သန်မာမယ်
  • သိမြင်မှုစွမ်းရည်တွေ ကောင်းမွန်မယ်
  • မှတ်မိနိုင်စွမ်းကောင်းမယ်
  • ကိုယ်ဝန်ဆောင်ချိန်မှာ morning sickness  ခံစားရနိုင်ခြေကို လျှော့ချပေးမယ်
  • နှလုံးကျန်းမာစေမယ်
  • အရိုးသိပ်သည်းဆ ကောင်းစေမယ်
  • သွေးကြောပိတ်တာမျိုး ခံစားရနိုင်ခြေကို လျှော့ချပေးမယ်။ 

ဗီတာမင် Kလွန်ကဲမယ်ဆိုရင်

ဗီတာမင် K လွန်ကဲတာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်သလို အရိုးတွေကိုလည်း ထိခိုက်စေတာမျိုး ရှိနိုင်ပါတယ်။ 

ဗီတာမင်  K ချို့တဲ့မှုအတိုင်းအတာ

ဗီတာမင် K ချို့တဲ့တာက ဖြစ်ခဲပေမယ့်လည်း အချို့သော ဆေးဝါးတွေ၊ အာဟာရစုပ်ယူနိုင်စွမ်း အားနည်းတာနဲ့ အသည်းရောဂါ ခံစားနေရသူတွေမှာ ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ သွေးမတိတ်တာ၊ ပင်ပန်းလွယ်တာ၊ နှာခေါင်းသွေးလျှံတာ၊ အနာကျက်နှေးတာတွေပါ။ ကလေးငယ်လေးတွေမှာလည်း ဗီတာမင် K ချို့တဲ့မှုကို ခံစားရနိုင်ခြေရှိပါတယ်။ 

ဗီတာမင် C (Vitamin C)

ဗီတာမင်K လိုအပ်မှု အတိုင်းအတာ

ဗီတာမင် K လိုအပ်မှုက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အလေးချိန်၊ စားသောက်မှုပုံစံတွေ အပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာဆိုရင်တော့ ကိုယ်အလေးချိန်ရဲ့ ၁ ကီလိုဂရမ်စီတိုင်းအတွက် ဗီတာမင် K ၁ မိုက်ခရိုဂရမ် လိုအပ်မှာပဲ ဖြစ်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဗီတာမင် K က ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဗီတာမင် တစ်ရပ် ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့လိုပါမယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ စားသုံးပေးသင့်သလို အစားရွေးတာမျိုး၊  နေရောင်နဲ့ ထိတွေ့တာမျိုး မရှိတဲ့ အခြေအနေမျိုး၊ ဗီတာမင် K ပါတဲ့ အစားအစာတွေကို မစားဖြစ်တာမျိုး၊ မကြိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ပြီး ဖြည့်စွက်အာဟာရ မှီဝဲဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *