အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!

အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!
အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!

အရက်ကို လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ကြိုက်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ သောက်ကြပါတယ်။ အရက်သောက်တာက လူမှုဆက်ဆံရေးကို ပိုမိုပွင့်လင်း ကောင်းမွန်စေတယ်ဆိုပေမယ့် အရက်ကို အမြဲလိုလို အလွန်အကျွံသောက်သုံးတာက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခခိုက်စေနိုင်ပါတယ်။

ဒါကြောင့် အခုတစ်ခေါက်မှာတော့ အရက်ကို အလွန်အကျွံသောက်သုံးတာက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!

အရက်သောက်သုံးမှုက ရောဂါတော်တော်များများကို လက်ယပ်ခေါ်နေသလိုပါပဲ။ တော်တော်များများ သိထားတာက အရက်ကို အလွန်အကျွံသောက်သုံးတာက အသည်းခြောက်တာ၊ ယာဉ်မတော်တဆမှုတွေဖြစ်ပြီး သေဆုံးတာမျိုးတွေ ဖြစ်နိုင်တယ်လို့ သိကြပေမယ့် အရက်သောက်တာကြောင့် ကင်ဆာ နဲ့ ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။

ဒါကြောင့် တိုတိုရှင်းရှင်း အဖြေပေးရမယ်ဆိုရင် အရက် အလွန်အကျွံသောက်သုံးမှုက ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်ဆိုတာပါ။ 

အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!

အရက်အလွန်အကျွံသောက်သုံးမှုရဲ့ အကျိုးဆက်အနေနဲ့ အခုလို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ 

  • သွေးအားနည်းရောဂါ

အရက်အလွန်အကျွံသောက်သုံးတာက သွေး၊ သရက်ရွက်၊ ရိုးတွင်းခြင်ဆီနဲ့ အသည်းတို့ ပါဝင်ဖွဲ့စည်းထားတဲ့ hematologic systemအပေါ်မှာ သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီသက်ရောက်မှုက သွေးနီဥဆဲလ် အရေအတွက်ကို ကျဆင်းစေပြီး သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။

သွေးအားနည်းနေပြီဆိုရင် ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ မိုက်ခနဲမူးတာတွေကို ခံစားရနိုင်ပါတယ်။ 

  • ကင်ဆာ

အရက်ကို ကာလရှည်ကြာစွဲပြီး သောက်တာက ကင်ဆာခံစားရနိုင်ခြေကို တိုးစေပါတယ်။ အရက်သောက်လိုက် တဲ့အခါ ခန္ဓာကိုယ်က အရက်ကို ကာစီနိုဂျင်လို့ သိကြတဲ့ (ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်တစ်မျိုး)ဖြစ်တဲ့ acetaldehyde အဖြစ်ပြောင်းလဲလိုက်ပါတယ်။

အရက်အရမ်းသောက်တဲ့သူတွေမှာ ခံတွင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးတလျှောက်မှာ ဖြစ်တဲ့ ကင်ဆာလိုမျိုး ကင်ဆာရောဂါတွေကို ခံစားရနိုင်ပါတယ်။ အရက်သောက်တဲ့အပြင် ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ 

  • နှလုံးသွေးကြောဆိုင်ရာ ရောဂါ

အရက်အလွန်အကျွံသောက်သုံးတာက နှလုံးရောဂါ နဲ့ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ အရက် အရမ်းသောက်တာက သွေးတွင်းအဆီကို မြင့်တက်စေနိုင်ပြီး သွေးတိုးခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အရက်သောက်တာက ဒီအခြေအနေတွေအပြင် နှလုံးကြွက်သား အားနည်းတာ၊ နှလုံးစည်းချက်မမှန်တာ၊ သွေးလွှတ်ခန်းနဲ့ သွေးပြန်ခန်းတွေ စွမ်းရည်ကျဆင်းတာတွေကို ခံစားရနိုင်ပါတယ်။ 

  • အသည်းရွတ်နာ

အရက်သောက်တာက အသည်းကို ရောင်ရမ်းစေနိုင်သလို အရက်ကို ရေရှည်စွဲသောက်တာက အသည်းတစ်ရှူးတွေကို အမာရွတ်တွေဖြစ်စေပြီး အသည်းရွတ်နာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက အသည်းစွမ်းဆောင်ရည်ကို ကျဆင်းစေပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

အရက်ကို အချိန်ကာလရှည်ကြာ သောက်သုံးလေလေ အသည်းရွတ်နာ ခံစားရနိုင်ခြေက များလေလေပါ။ အရက်အများကြီး မသောက်သူတွေမှာလည်း မျိုးရိုးရှိမယ်ဆိုရင် အသည်းရွတ်နာကို ခံစားရနိုပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ 

  • Dementia

အရက်အလွန်အကျွံသောက်သုံးတာက ဦးနှောက်ကို ထိခိုက်စေနိုင်သလို သတိမေ့တာလိုမျိုးနဲ့ အချို့သော Dementia လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်ပျက်စီးမှုတွေက ဆုံးဖြတ်ချချမှတ်နိုင်စွမ်း အားနည်းတာ၊ ဆုံးဖြတ်ချက်ချဖို့ရာမှာ ပုံမှန်ထက် ခက်ခဲတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ကာလရှည်ကြာ အရက်အလွန်အကျွံသောက်သူတွေမှာ ကာလတိုမှတ်ဉာဏ်ပျောက်ဆုံးတာ အပါအဝင် အာဟာရချို့တဲ့မှုကြောင့် Dementia ကို ခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။ 

  • စိတ်ဓာတ်ကျတာ

အရက်အလွဲသုံးတာက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာတော့ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ဆိုပြီး အရက်သောက်ကြတာမျိုးတွေ ရှိပေမယ့် လေ့လာမှုရလဒ်တွေအရ သိရတာက အရက်အလွန်အကျွံသောက်တာက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်တယ်ဆိုတာပါ။

  • အတက်ရောဂါ

အရက်အလွန်အကျွံသောက်တာ၊ အရက်စွဲနေတာတွေက အတက်ရောဂါတစ်မျိုးကို ခံစားရစေနိုင်ပါတယ်။ အဆိုပါ အတက်ရောဂါက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ အရက် အလွန်အကျွံသောက်တာက အတက်ရောဂါအခံ မရှိသူတွေမှာတောင် အတက်ရောဂါ ခံစားရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

  • ဂေါက်ရောဂါ

အဆစ်တွေထဲမှာ ယူရစ်အက်ဆစ်အစိုင်အခံတွေ များလာတဲ့အခါ အဆစ်ရောင်နာတစ်မျိုးဖြစ်တဲ့ ဂေါက်ရောဂါကို ခံစားရစေနိုင်ပါတယ်။ ဂေါက်ရောဂါက အရမ်းနာကျင်ရပြီး အရက်သောက်တာက အထူးသဖြင့် အမျိုးသားတွေမှာ ဂေါက်ရောဂါ ခံစားရနိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။

ဘီယာသောက်တာကလည်း အမျိုးသားတွေမှာ ဂေါက်ရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဂေါက်ရောဂါကို ခံစားနေရသူတွေမှာလည်း အရက်သောက်မယ်ဆိုရင် ရောဂါလက္ခဏာတွေ ပိုဆိုးလာစေနိုင်ပါတယ်။ 

  • သွေးတိုးရောဂါ

အရက်က သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ အရက်ကို ပိုသောက်လေလေ သွေးတိုးရောဂါ ခံစားရနိုင်ခြေက များလေလေပါ။ သွေးတိုးရောဂါက နာတာရှည် ကျန်းမာရေးပြဿနာ ဖြစ်ပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ နှလုံးရောဂါ၊ လေဖြတ်တာ နဲ့ ကျောက်ကပ်ရောဂါတွေ ခံစားရစေနိုင်ပါတယ်။ 

  • ကူးစက်ရောဂါများ

အရက်အလွန်အကျွံသောက်တာက ကိုယ်ခံအားနည်းစေပြီး ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ကာလရှည်ကြာ အရက်ကို သောက်သုံးသူတွေမှာ တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ခုခံအားကျကူးစက်ရောဂါ နဲ့ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကူးစက်ခံရနိုင်ပါတယ်။ အရက်

Lotoshin ရဲ့ စကားလက်ဆောင်

အရက်သောက်တာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတစ်ခုဖြစ်သလို အရက်အလွန်အကျွံ သောက်တာက ကိုယ်ခံအားကို ထိခိုက်စေနိုင်ပြီး ကူးစက်ရောဂါတွေကို အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဥပမာ – တီဘီ၊ အဆုတ်ရောင်၊ HIV/AIDS နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့  (STDs) တွေ လိုမျိုးပေါ့။

အရက်အလွန်အကျွံသောက်ပြီးချိန်မှာ ကိုယ်ခံအားက ရောဂါခုခံနိုင်စွမ်း ၂၄ နာရီလောက်အထိ အသင့်မဖြစ်နေပါဘူး။ ဒါကြောင့် ကိုယ်ခံအားကောင်းကောင်းနဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ အရက်လျော့သောက်ပါလို့ အကြံပြုပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *