အစဉ်အလာကို ကျော်နိုင်ဖွယ်မရှိသေးတဲ့ လျှပ်စစ်မီးနဲ့ ဒီနှစ်နွေ
ဖြတ်ခနဲရုပ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကြေမနပ်မြည်တွန်တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင်တစ်ခုလုံး တီးတိုးတီးတိုးစကားသံများသာ ဆူညံစွာထွက်ပေါ်လာသည်။ မိုးတွင်းကာလမကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ရှိသည်။…