ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား!

ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား!

ပြုတ်ပြီး တို့စားလို့ ရသလို ငပိစိမ်းစား၊ ငရုတ်သီးစိမ်းတို့တဲ့ ရေကျန်ဆီကျန် စပ်စပ်ကလေး ချက်စားမယ် ဆိုရင်လည်း အတော်လေးကို ထမင်းမြိန်ပြီး စားလို့ ကောင်းစေတာ အမှန်ပါ။ ဒီလို စားလို့ ကောင်းတဲ့ အသီးလေးကတော့ ခရမ်းသီး သေးသေးလေးတွေလို့ သိကြတဲ့ ခရမ်းပြုတ်သီးလေးပါ။ စားလိုက်ရင် ချိုချိုလေးနဲ့ အနှစ်လေးတွေက အရသာ ကောင်းလှတဲ့ ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား! ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ 

nhjb nခရမ်းပြုတ်သီး ဆိုတာ

ခရမ်းပြုတ်သီး ဆိုတာက ခရမ်းရောင်ရှိတဲ့ အသီးတစ်မျိုးပါ။ အခွံက ခရမ်းရောင် ရှိပြီး အတွင်းသားက အဖြူရောင် ခပ်ပွပွလေးပါ။ ခရမ်းသီး ကြီးတွေလောက်တော့ မပွဘူးပေါ့။ အူတိုင်မှာ အစေ့လေးတွေပါပါတယ်။ ရှည်မြောမြော လေးတွေ ရှိသလို ပုလုံးလုံးလေးတွေလည်း ရှိပါတယ်။ ပြုတ်စားလိုက်ရင် အတော်လေးကို ကောင်းတာပါ။ 

ခရမ်းပြုတ်သီးမှာ ဘာတွေပါ

ခရမ်းသီးပြုတ်သီးမှာ ခရမ်းသီးမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ – 

  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • ဗီတာမင်တွေ
  • သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။

ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား!

ခရမ်းပြုတ်သီး ကျန်းမာရေး ကောင်းစေသလား! ဆိုတော့ အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

(၁) နှလုံးကျန်းမာစေတယ်

ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံးသွေးကြော ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို သွေးတွင်းကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ 

ခရမ်းပြုတ်သီးမှာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့လည်း ထောက်ကူပေးပါသေး တယ်။ 

(၂) ဦးနှောက် ကျန်းမာစေတယ်

ခရမ်းသီးမှာ ပါဝင်နေတဲ့ nasunin ဟာ ဦးနှောက်ထဲက အဆီဓာတ်တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဦးနှောက်ဆဲလ်အမြှေးတွေထဲမှာ တွေ့ရတဲ့ သည်အဆီတွေက အာဟာရဓာတ်တွေကို စုပ်ယူပေးပြီး ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

(၃) သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ခရမ်းပြုတ်သီးမှာ အာဟာရဓာတ် ကြွယ်ဝသလို အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ခရမ်းပြုတ်သီးကို စားပေးလို့ ရပါတယ်။ 

(၄) ကိုယ်အလေးချိန်ကို ထိန်းပေးတယ်

ကဲ … ဝိတ်ချဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အမျှင်ဓာတ် ကြွယ်ဝပြီး အဆာခံနိုင်စေမယ့် ခရမ်းသီးပြုတ်သီးလေးကို စားပေးလို့ ရပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာက ကိုယ်အလေးချိန်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်မှာပါ။

(၅) အသားအရေ ကျန်းမာစေတယ်

ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတဲ့ ခရမ်းပြုတ်သီးက အသားအရေကို နေရောင်ကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးသလို အခြားအခြားသော အရေပြား ပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ၊ အရေးအကြောင်းဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ အမည်းစက်တွေ၊ အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ 

(၆) အရိုးသန်မာစေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတဲ့ ခရမ်းပြုတ်သီးက အရိုးတွေကို သန်မာစေပြီး အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့်လည်း အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ 

(၇) စိတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေတယ်

ခရမ်းပြုတ်သီးမှာ Serotonin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးချို့တဲ့တဲ့အခါ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေတယ်လို့ သုတေသီတွေကပြောကြပါတယ်။ ခရမ်းသီးမှာ serotonin အါဝင်တာကြောင့် စိတ်ကျရောဂါကို သက်သာလျော့ပါးစေပါတယ်။

(၉) အစာခြေစနစ်ကို ကောင်းစေတယ်

ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ခရမ်းပြုတ်သီးတွေဟာ အစာခြေစနစ်အတွက်ကောင်းတာကြောင့် စားသင့်တဲ့အသီးဖြစ်ပါတယ်။

တို့စရာ အနေနဲ့ စားလေ့ရှိကြတဲ့ ခရမ်းသီးပေါက်စလေး ခရမ်းပြုတ်သီးလေးက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

ဘာတွေ သတိထားရမလဲ

ခရမ်းသီးပြုတ်သီးက လူတိုင်းနဲ့ တည့်ပေးမယ့် လေပွစေနိုင်တာကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်နေမယ်၊ ရောဂါအခံ တစ်ခုခု ရှိမယ်၊ နို့တိုက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *