ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက မိခင်ရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာကို တော်တော်များများ သိထားပြီးဖြစ်မှာပါ။ အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေးကို ဂရုစိုက်တာက မေမေနဲ့ ဘေဘီလေးအတွက် ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်မှာ တစ်ကြိမ် ဖလိုရိုက်စ်ပါတဲ့ သွားတိုက်ဆေးနဲ့ သေချာလေး သွားတိုက်ပေးပြီး ခံတွင်းကျန်းမာရေးကို ဂရုစိုက်တာက မိခင်မှာရော ဗိုက်ထဲက ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးမှာပါ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

ခံတွင်းကျန်းမာရေးကို ဂရုစိုက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရလေ့ရှိတဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ morning sickness တို့ကြောင့် ခံစားရနိုင်တဲ့ သွားနဲ့ခံတွင်းကျန်းမာရေး‌ပြဿနာတွေကို လျှော့ချနိုင်ဖို့အတွက် ကာကွယ်ပေးနိုင်မှာပါ။

မေမေတွေအတွက် ဘယ်လို ကောင်းကျိုးတွေ ရရှိစေနိုင်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်းကို သေချာလေး ဂရုစိုက်ပေးတာက မေမေတွေမှာ အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

  • သွားဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်တယ် 

ဟော်မုန်းပြောင်းလဲမှုကြောင့် ခံစားရနိုင်တဲ့ သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုတာနဲ့ သွားဖုံးထိခိုက်လွယ်တာလိုမျိုး သွားဖုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားကို သေချာလေး တိုက်ပေးတာက သွားချေးတွေကို ဖယ်ရှားပေးရာရောက်ပြီး သွားဖုံးတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • သွားကြွေလွှာတွေ ထိခိုက်ပျက်စီးမှု မဖြစ်စေဖို့ ကာကွယ်ပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ Morning Sickness ကြောင့် အော့အန်တဲ့အခါ အစာခြေအက်ဆစ်ကြောင့် သွားကြွေလွှာတွေ ထိခိုက်ပျက်စီးတာမျိုးကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို နှစ်ကြိမ်သွားတိုက်တာ အန်ပြီးတိုင်းမှာ ပလုတ်ကျင်းတာတွေက ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။

  • ပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်းကို သေချာလေး ဂရုစိုက်ပေးတာက သွားဖုံးတွေနဲ့ ခံတွင်းမှာ ပိုးဝင်တာ၊ သွားပိုးစားတာတွေ မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းကျန်းမာရေး ဂရုစိုက်ပါ

ဘေဘီလေးအတွက် ဘယ်လို ကောင်းကျိုးတွေ ရရှိစေနိုင်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်းကို သေချာလေး ဂရုစိုက်ပေးတာက ဘေဘီလေးကို လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်သလို သွားနဲ့ခံတွင်းထဲမှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယားတွေကြောင့် ဘေဘီလေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာနဲ့ သွားနဲ့ခံတွင်းကတဆင့် စားလိုက်တဲ့ အာဟာရတွေက ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပြီး ဘေဘီလေးရဲ့ သွားတွေ ဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ကိုယ်ဝန်ဆောင်ကာလမှာ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်မှု အားနည်းတာက ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အဆမတန် ပေါက်ဖွားစေပြီး သွားဖုံးတွေထဲကတဆင့် သွေးကြောတွေထဲကို ရောက်ရှိသွားနိုင်ပါတယ်။ ဒီကနေမှတဆင့် သားအိမ်ဆီကို ရောက်ရှိပြီး လမစေ့ဘဲ မွေးဖွားမှုကို ဖြစ်စေနိုင်မယ့် prostaglandins ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်စေပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး ကိုယ်တိုင်နဲ့ဘေဘီလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ပါလို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *