ဆံပင်သန်စေတဲ့ Biotin ဘယ်အစားအသောက်တွေကနေ ရနိုင်မလဲ!

ဆံပင်သန်စေတဲ့ Biotin ဘယ်အစားအသောက်တွေကနေ ရနိုင်မလဲ!
ဆံပင်သန်စေတဲ့ Biotin ဘယ်အစားအသောက်တွေကနေ ရနိုင်မလဲ!

ပြောနေကျ စကားလေးတစ်ခွန်းနဲ့ ပြောရရင် ဆံပင်ဆိုတာက လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ လူတစ်ယောက်ရဲ့ အသွင်အပြင်အပေါ်မှာ ဆံသားက တော်တော်လေး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဆံပင်သန်ချင်တာ ဆံသားကျန်းမာချင်တာကြောင့် သေချာလေး ဂရုစိုက်ဖြစ်တဲ့ သူတွေရှိသလို ဆံသားပါးလို့၊ ဆံပင်ကျွတ်လို့ စသဖြင့် စိတ်ညစ်နေတဲ့သူတွေလည်း ရှိမှာပါ။

ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆံသားကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ဆံသားအာဟာရ တစ်မျိုးဖြစ်တဲ့ Biotin အကြောင်းနဲ့ Biotin ကို ဘယ်လို အစားအစာတွေကနေ ရရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

Biotin ဆံသားကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးလဲ!

Biotin ဆိုတာက ဗီတာမင် B အုပ်စုဝင် တစ်မျိုးဖြစ်ပြီး တိတိကျကျ ပြောရရင် ဗီတာမင် B7ပါ။ ဆံပင်သန်စေဖို့နဲ့ ဆံသားကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျန်းမာချင်တယ်။ ဆံပင်သန်ချင်တယ်ဆိုရင် Biotin ပြည့်ပြည့်ဝဝ ရရှိဖို့ လိုပါမယ်။ 

Biotin နည်းရင် ဆံပင်ကျွတ်မှာလား!

Biotin က ဆံသား ကျန်းမာစေသလို ခန္ဓာကိုယ်မှာ Biotin နည်းနေမယ်ဆိုရင် ဆံပင်ကျွတ်တာ၊ ဆံပင်အထွက်နှေးတာ အရှည်ကြာတာတွေကို ခံစားရနိုင်ပါတယ်။ Biotin ကို ဆံသားတိုက်ရိုက် အသုံးပြုပေးလို့ ရသလို နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေမှာ ထည့်သွင်းစားသုံးပေးလို့လည်း ရပါတယ်။ 

Biotin က ဆံသားကို ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကစီဓာတ်၊ ပရိုတင်းနဲ့ အဆီဓာတ်တွေက အာဟာရဓာတ်တွေ စုပ်ယူရရှိစေဖို့လည်း ထောက်ကူပေးပါတယ်။ 

ဆံပင်သန်စေတဲ့ Biotin ဘယ်အစားအသောက်တွေကနေ ရနိုင်မလဲ!

ဆံသားကျန်းမာစေဖို့ဆိုရင် တစ်နေ့တာကို Biotin 30 micrograms ကနေ 100 microgram လောက်အထိ စားသုံးမိဖို့ လိုပါမယ်။

နေ့စဉ်တိုင်းမှာ ဆံသားကျန်းမာစေဖို့ ထောက်ကူပေးတဲ့ Biotin ကို ပြည့်ပြည့်ဝဝ ရရှိစေဖို့ စားသုံးပေးသင့် တာလေးတွေကတော့ – 

  • ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥနဲ့ ဥအမျိုးမျိုးမှာ Biotin ပြည့်ဝစွာ ပါဝင်နေပါတယ်။  အနှစ်ထဲမှာ Biotin အများဆုံး ပါဝင်နေပြီး အနှစ်ရော အကာကိုပါ စားသုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ ဥအမျိုးမျိုးမှာ Biotin အပြင် ပရိုတင်း၊ သံဓာတ်တို့လည်း ပါဝင်နေတာကြောင့် ဆံသားကျန်းမာစေပြီး ဆံပင်အမြစ်တွေဆီအထိ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေဖို့နဲ့ ဆံပင်သန်စေဖို့ တစ်နေ့ကို ကြက် ၁ လုံးလောက် ပုံမှန်စားပေးလို့ ရပါတယ်။ 

  • အခွံမာသီးနဲ့ အစေ့အဆန်များ

အခွံမာသီးတွေအားလုံးလိုလိုက ဆံပင်သန်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ နေကြာစေ့တို့မှာ Biotinအပြင် ကောင်းကျိုးပြုအဆီတွေ၊ ဗီတာမင် E နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ဦးရေပြားကိုရော ဆံသားမွေးညှင်းအိတ်လေးတွေကိုပါ အားဖြည့်ပေးပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးပြီး ဆံသားခြောက်တာ၊ ကျိုးပျက်တာတွေ မဖြစ်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ 

  • ဆယ်လ်မွန်ငါး

ဆယ်လ်မွန်က Biotin နဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတဲ့ အာဟာရ အရင်းအမြစ်တစ်ရပ်ပါ။ Omega-3 fatty acids ပါဝင်နေတာကြောင့်ဆံပင်သန်စေပြီး နက်မှောင်တောက်ပစေပါတယ်။ အရောင်ကျစေနိုင်ပြီး ဆံပင်ကျွတ်သက်သာစေသလို ဆံသားမွေးညှင်းအိတ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ကန်စွန်းဥ

ကန်စွန်းဥမှာ Biotin နဲ့ ဘီတာကယ်လ်ရိုတင်းပါဝင်နေတာကြောင့် ဦးရေပြားကျန်းမာစေဖို့နဲ့ သဘာဝအတိုင်း အဆီထုတ်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဆံသားခြောက်သွေ့မှုကင်းစေပြီး ဆဲပင်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆံပင်မွေးညှင်းအိတ်လေးတွေကို ကျန်းမာစေပြီး ဆံသားပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

  • ထောပတ်သီး 

ထောပတ်သီးမှာလည်း ဆံသားကျန်းမာစေတဲ့ Biotinကြွယ်ဝစွာ ပါဝင်နေသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ ဗီတာမင် B5 နဲ့ ဗီတာမင် E တို့ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်တွေက ဦးရေပြားကို အစိုဓာတ် ထိန်းပေးပြီး စိတ်ဖိစီးမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ဆံပင်ကျွတ်တာ၊ ဆံသားပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆံသားနဲ့ ဦးရေပြား ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။

Lotoshin ရဲ့ စကားလက်ဆောင်

ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်စေဖို့ဆိုရင် နေ့စဉ်စားသုံးမှုကို အာဟာရပြည့်ဝမျှတအောင် စားသုံးတာအပြင် ရေဝဝသောက်တာ၊ ခေါင်းကို ပုံမှန်လေး လျှော်တာ၊ ဆံပင်ကို ဆီလိမ်းတာ၊ အိပ်ရေးဝဝအိပ်တာ၊ ပုံမှန်ခေါင်းဖြီးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ဦးရေပြားကို နှိပ်နယ်တာတွေ လုပ်ပေးရင်း ဆံသားကျန်းမာရေးကို ထိန်းသိမ်းလို့ ရပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *