အာလူးဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို မေမေဖေဖေတို့ရော သားသားမီးမီးတို့ပါ သိထားပြီး ဖြစ်မှာပါ။ အာလူးက ဟင်းအနေနဲ့လည်း စားကောင်းသလို သရေစာအနေနဲ့ဆိုလည်း အတော်လေး အဆင်ပြေပါတယ်။ ဒီလို စားကောင်းပြီး ကလေးရော လူကြီးပါ ကြိုက်ကြတဲ့ အာလူးက အာဟာရ ကြွယ်ဝရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။
ဒီလို စားလို့ ကောင်းတဲ့ အာလူးလေးကို ပူပူလေးကြော် ထမင်းဖြူလေးနဲ့ စားတုန်း ဘေဘီလေးက နည်းနည်းဆိုလို့ ကလေးငယ်ငယ် အာလူး စားလို့ရရဲ့လား! ဆိုပြီး သိချင်နေပြီး အဖြေထုတ်ရခက်နေပြီလား မေမေဖေဖေတို့ရေ …..
အာလူး ဆိုတာ
အာလူးဆိုတာက အရွယ်မရွေး တော်တော်များများ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ အာလူးက ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေသလိုအခွံညိုညိုလေးနဲ့ မြေနီမှာ ပေါက်တဲ့ အာလူးလေးတွေကတော့ အခွံနီနီပေါ့။ ပြီးရင်တော့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိနိုင်ပါတယ်။
အာလူးမှာ ဘယ်လို အာဟာရတွေ ပါနေလဲ!
အာလူး ခပ်ရွယ်ရွယ် တစ်လုံးမှာ –
- ကယ်လ်လိုရီ
- အမျှင်ဓာတ်
- ကာဗိုဟိုက်ဒရိတ်
- အဆီ
- ပရိုတင်း
- ဗီတာမင် C
- ဗီတာမင် B6
- ပိုတက်ဆီယမ်
- မဂ္ဂနိစ်
- မဂ္ဂနီဆီယမ်
- ဖော့စဖရပ်
- နီရာစင်
- ဖောလိတ်တို့ ပါဝင်နေပါတယ်။
ကလေးငယ်ငယ် အာလူး စားလို့ရရဲ့လား!
ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီ အစားကိုလည်း သေချာလေး ဝါးစားနိုင်ပြီဆိုရင်တော့ ဘေဘီလေးကို အာလူး ကျွေးပေးလို့ ရပါတယ်။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ကလေးအတွက် အာလူးကို ပြင်ဆင်ပေးတဲ့အခါ ကြော်ကျွေးတာမျိုး မလုပ်ဘဲ အားလူးကို ပြုတ်ပြီး ထောင်းပေးတာ၊ အာလူးကို ပေါင်းပြီးကျွေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
ကလးကို အာလူးလေး ပြင်ဆင်ပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
- အင်အားပြည့်ဝစေမယ်
ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးပြီး ကလေးကို အင်အားပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးက အစာမာ စစားနိုင်ပြီဆိုရင် အာလူးကို နူးနူးအိအိလေး ဖြစ်အောင် ပြင်ဆင်ပေးလို့ ရပါတယ်။
ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးပြီး ကလေးကို အားရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို solid food စတင် မိတ်ဆက်ချိန်မှာ အာလူးကို စားပေးလို့ ရပါတယ်။
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်
အမျှင်ဓာတ်ပါဝင်နေတဲ့ အာလူးက သားသားမီးမီးတို့ကို ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးသလို အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဝမ်းဗိုက်လေး ကျန်းမာစေဖို့ အာလူးကို ကျွေးပေးလို့ ရပါတယ်။
- အဖျားအနာကင်းစေမယ်
မချဉ်ပေမယ့် အာလူးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကလေးကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး အဖျားအနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ကို အဖျားအနာ ကင်းစေချင်တယ်ဆိုရင် အာလူးလေး ပြင်ဆင်ပေးလို့ ရပါတယ်။
- အရေပြား ကျန်းမာစေမယ်
အာလူးမှာ ဗီတာမင် C နဲ့ ကစီဓာတ် ပါဝင်နေပြီး အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်သလို ဘေဘီလေးကို အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ သားသားမီးမီးတို့ကို အသားအရေ ကျန်းမာစေပြီး အသားအရေလှပစေဖို့ အာလူး ပြင်ဆင်ပေးလို့ ရပါတယ်။
- အရိုးတွေ သန်မာစေမယ်
အာလူးမှာ သံဓာတ်ပါဝင်နေသလို ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့အပြင် ဇင့်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကလေးကို အရိုးတွေ သန်မာစေဖို့ရော အရပ်အမောင်းကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- နှလုံး ကျန်းမာစေမယ်
အာလူးမှာ နှလုံးကျန်းမာစေမယ့် ဗီတာမင် C နဲ့ ဗီတာမင် B6 အပြင် ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတာက သွေးတွင်းအဆီကို ကျဆင်းစေနိုင်သလို သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- ဦးနှောက် ကျန်းမာစေမယ်
ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ကလေးရဲ့ ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမျိုး မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ကျန်းမာစေဖို့ အာလူး ကျွေးပေးလို့ ရပါတယ်။
# ဒီအချက်လေးတွေကို သတိထားပေးပါ
ဒီနေရာမှာ တစ်ချက် သတိထားရမှာက ဘေဘီလေးကို အာလူးပြင်ဆင်ပေးတဲ့အခါ အညှောင့်ပေါက်နေတာမျိုး၊ မှိုတက်နေတာ၊ မလတ်ဆတ်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုသလို အခွံလေးကို သေချာလေး သင်ပေးဖို့လည်း လိုပါမယ်။ ဖြည့်စွက်စာကျွေးစအရွယ်မှာ အာလူးကို ပြုတ်ပြီးဖြစ်ဖြစ် ပေါင်းပြီးဖြစ်ဖြစ် ပြင်ဆင်ပေးလို့ ရပေမယ့် ကြော်ကျွေးတာ၊ အသင့်စား အာလူးချောင်းကြော်တွေ ကျွေးတာမျိုး မလုပ်ပါနဲ့။
နောက်တစ်ခု ရှိတာက ကလေးကို အာလူးပြင်ဆင်ပေးတဲ့အခါ စားရလွယ်စေဖို့ အရွယ်တော်လေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။