ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား!

ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား!
ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား!

ကိုယ်ဝန်ဆောင်နေချိန်မှာ မာလကာသီး မစားရဘူးနော်။ ဒီစကားက တကယ်ပဲလား… ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ မရဘူးလားဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ နေထိုင်စားသောက်မှုပုံစံက မိခင်ဖြစ်သူရဲ့ ကျန်းမာရေးပေါ်မှာတင် သက်ရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ ရလားဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

မာလကာသီး ကောင်းကျိုးများသလား!

မာလကာသီးမှာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မာလကာသီးက သွေးအားနည်းတာမျိုး မဖြစ်စေဖို့ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါပေမယ့် အများကြီးစားရင်တော့ လေပွတာ၊ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အသင့်အတင့်ပဲ စားမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေအတွက်ရော ဗိုက်ထဲက ဘေဘီလေးအတွက်ပါ ကောင်းကျိုးတွေ များလှပါတယ်။

ကိုယ်ဝန်ဆောင်ချိန် မာလကာသီး မစားရဘူးလား!

ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားလို့ရပါတယ်။ အလွန်အကျွံတော့ မစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် မှာ မာလကာသီး စားပေးတာက ဘေဘီလေး နဲ့ မေမေမှာ အခုလို ကောင်းကျိုးတွေ ရရှိစေမှာပါ။ 

  • ဘေဘီလေးကို ဖွံ့ဖြိုးစေတယ်

အာဟာရဓာတ် ကြွယ်ဝတဲ့ မာလကာသီးကို စားပေးမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရဲ့ ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး သံဓာတ်စုပ်ယူမှု ကောင်းစေဖို့အတွက် ထောက်ကူပေးနိုင်တာကြောင့် ဘေဘီလေးရဲ့ အရေပြားကို ကျန်းမာစေပြီး တစ်ရှူးတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ဝမ်းချုပ်တာကို သက်သာစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ဝမ်းချုပ်တာက တော်တော်လေး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ မာလကာသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာကြေစေဖို့ရော အူမကြီးလှုပ်ရှားမှု ကောင်းစေဖို့နဲ့ အူလမ်းကြောင်း ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ 

  • ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးစေတယ်

မာလကာသီးမှာ ဖောလစ်အက်ဆစ် ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့နဲ့ အာရုံကြောတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ကလေးမှာ အာရုံကြောဆိုင်ရာ မွေးရာပါချို့ယွင်းချက် မပါစေဖို့ ကာကွယ်ပေးပြီး မိခင်ကိုလည်း အင်အားပြည့်ဝပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ 

  • ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်

မာလကာသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကြွက်တက်တာကို သက်သာစေတယ်

မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့်  ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ကြွက်တက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ကလေးရဲ့ အရိုးနဲ့ သွားတွေ ဖွံ့ဖြိုးစေတယ်

မာလကာသီးမှာ အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ ကယ်လ်ဆီယမ် ပါဝင်နေတာ‌ကြောင့် ဘေဘီလေးရဲ့ အရိုးနဲ့ သွားတွေကို ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်

မာလကာသီးက ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါသေးတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီးကို ရှောင်စရာမလိုဘဲ စားပေးလို့ ရပါတယ်။ မာလကာသီးကို အသင့်အတင့် စားပေးတာက ကိုယ်ဝန်ဆောင်မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

မာလာကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို မိခင်ရော ကလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီးကို အသင့်အတင့် စားပေးမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းမာစေနိုင်တာကြောင့် လတ်ဆတ်တဲ့ မာလကာသီးကို သေချာသန့်စင်ဆေးကြောပြီး စားပေးလို့ ရပါတယ် လို့ သတင်းပါးချင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *