ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား!

ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား!
ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား!

ရာသီဥတု အေးတာ ပူတာတွေက လေဒီလေးတွေရဲ့ ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်သလား! ဆိုတာကို သိချင်နေပြီလား… ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်လိုက်တော့နော်။

ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား!

ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား! ဆိုတော့ ပြောင်းလဲနိုင်ပါတယ်။ ရာသီဥတုက အေးမြတဲ့ ဆောင်းရာသီလို ရာသီဥတု အခြေအနေမှာဆိုရင် ရာသီလာတဲ့ရက် ပုံမှန် ရာသီသွေးပေါ်နေကျ ရက်ထက် ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ် တစ်ခုလောက်အထိ နောက်ကျတာမျိုး ခံစားရနိုင်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ ဆောင်းရာသီလိုမျိုး အေးတဲ့ရာသီဥတု အခြေအနေက ကိုယ်တွင်း ဟော်မုန်း စနစ်အပေါ် သက်ရောက်မှု ရှိတာကြောင့် မျိုးဥကြွေတာကို သက်ရောက်စေပြီး ရာသီလာချိန် နောက်ကျတာနဲ့ ရာသီစက်ဝန်းပြောင်းလဲမှုကို ခံစားရတာပါ။

ပတ်ဝန်းကျင်ရဲ့ အပူချိန် ပြောင်းလဲမှုက စိတ်ခံစားမှုကို ပြောင်းလဲစေပြီး စိတ်ဖိစီးတာကို ဖြစ်စေနိုင်သလို စိတ်ဖိစီးမှုရဲ့ အကျိုးဆက်အနေနဲ့ ရာသီစက်ဝန်းပြောင်းလဲတာကို ခံစားရတာပါ။ 

နောက်တစ်ချက်က ဆောင်းအေးချိန်မှာ ကိုယ်တွင်းရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကြောင့်လည်း ရာသီစက်ဝန်း ပြောင်းလဲပြီး ရာသီလာချိန် နောက်ကျတာကို ခံစားရတာပါ။

ကိုယ်ခံအားနည်းနေတာမျိုးကို ခံစားရမယ်ဆိုရင်လည်း ရာသီစက်ဝန်း နောက်ကျတာကို ခံစားရနိုင်ပါတယ်။ ဒီအချက်တွေအပြင် နွေရာသီလိုမျိုး ရာသီဥတုပူချိန်မှာလည်း ကိုယ်တွင်းရေဓာတ် ခမ်းခြောက်တာ၊ ဟော်မုန်းမျှခြေ မညီတာတွေကြောင့် ရာသီလာချိန် နောက်ကျတာမျိုး ရာသီထိန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

နွေပူနေချိန်မှာ ခန္ဓာကိုယ်က အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်မှု များတာကြောင့် ရာသီသွေးဆင်း များတာ၊ ရာသီစက်ဝန်း တိုတာ၊ ရာသီလာချိန် နာကျင်ကိုက်ခဲမှုကို ပိုခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ ရာသီလာချိန်က ၇ ရက်ကျော်ကြာတဲ့အထိ နောက်ကျနေတာမျိုး ဖြစ်မယ်ဆိုရင်ဖြစ်ဖြစ် ရာသီနောက်ကျတာက ခဏခဏ ဖြစ်နေမယ်ဆိုရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။

ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား!
ရာသီအပြောင်းအလဲကြားမှာ ရာသီစက်ဝန်းပြောင်းလဲနိုင်သလား!

ရာသီပြောင်းလဲမှုက ရာသီစက်ဝန်းအပေါ် သက်ရောက်မှု လျှော့ချဖို့ဆိုရင်တော့ – 

  • လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အစားတွေကို ဝတ်ပါ
  • အအေးဓာတ် ထိန်းပေးမယ့် သခွားသီး၊ ဖရဲသီးလို အစားအစာတွေကို စားပါ
  • ကဖင်းနဲ့ အယ်လ်ကိုဟော ရှောင်ပါ
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
  • စိတ်ဖိစီးမှု လျှော့ချပါ
  • ရေလုံလောက်အောင် သောက်ပါ
  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ
  • နေရောင်ခြည်နွေးနွေးခံယူပါ
  • အိပ်ရေးဝဝအိပ်ပါ
  • သံဓာတ် အားဖြည့်ဆေးသောက်ပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

ရာသီဥတု ပြောင်းလဲတာက အေးလွန်း ပူလွန်းတာတွေက ရာသီစက်ဝန်းအပေါ် သက်ရောက်မှု ရှိပြီး ရာသီလာ ချိန် နောက်ကျတာကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် စိတ်ခံစားမှု ပြောင်းလဲတာမျိုးကိုလည်း ခံစားရနိုင်ပါ တယ်။ ရာသီဥတု အခြေအနေကလည်း ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှု ရှိနေတယ်လို့ သတိပေးလိုက် ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *