မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ!

မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ!
မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ!

ဝက်ခြံတွေက တော်တော်လေးကို အဖြစ်များတဲ့ အရေပြား ကျန်းမာရေး ပြဿနာပါ။ ဒါပေမယ့် အချို့ကတော့ အလှအပဆိုင်ရာ ကိစ္စတစ်ခုလို့ ယူဆနေကြပါတယ်။ ဝက်ခြံက ကျား/မ မရွေးဖြစ်နိုင်တဲ့ အရေပြားဆိုင်ရာ ကျန်းမာရေး ပြဿနာပါ။ အခုတစ်ခေါက်မှာတော့ မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

မျက်နှာမှာ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရတာလဲ!

မျက်နှာမှာ ဝက်ခြံတွေ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မွေးညှင်းပေါက်လေးတွေမှာ မျက်နှာက အဆီတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ ပိတ်ဆို့နေတာကြောင့်ပါ။ အထူးသဖြင့်ကတော့ အပျိုဖော်ဝင်တဲ့အချိန်၊ ရာသီလာတဲ့အချိန်တွေလိုမျိုး အဆီတွေအထွက်များတဲ့ အခြေအနေကြောင့် ဝက်ခြံတွေ ဖြစ်ရတာပါ။ အခြား အကြောင်းရင်းခံတွေဖြစ်တဲ့ မျိုးဗီဇ၊ ဆေးဝါးတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ 

  • မွေးညှင်းပေါက်တွေ ပိတ်နေတာ

အဆီပိုတွေ များနေတာ

မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို အလွန်အကျွံ ထုတ်တာကြောင့် အဆီတွေနဲ့ ဆဲလ်သေတွေ ရောသွားပြီး မျက်နှာပေါ်က မွေးညှင်းပေါက်တွေကို ပိတ်သွားတာကြောင့်ပါ။

ဆဲလ်သေတွေ

ပုံမှန်အားဖြင့်ကတော့ မျက်နှာအရေပြား အပါအဝင် ခန္ဓာကိုယ် အရေပြားမှာ ဆဲလ်သေတွေ ရှိတတ်ပါတယ်။ ဒီလို ဆဲလ်သေတွေကို နည်းလမ်းမှန်မှန်နဲ့ မဖယ်ရှားမိဘူးဆိုရင်တော့ ဆဲလ်သေတွေက ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။

ဘက်တီးရီးယားတွေ

အရေပြားပေါ်မှာ ပုံမှန်အတိုင်း ရှင်သန်နေထိုင်တဲ့ Propionibacterium acnes (P. acnes) ဆိုတဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ ဒီဘက်တီးရီးယားတွေက ချွေးပေါက်တွေကို ပိတ်ဆို့သွားတဲ့အခါ ရောင်ရမ်းမှုတွေကို ဖြစ်စေပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။

  • ဟော်မုန်း ပြောင်းလဲတာ

အပျိုဖော်ဝင်တာ

အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ အချိန်မှာ ကိုယ်တွင်းမှာ အန်ဒရိုဂျင်ဟော်မုန်း ပမာဏမြင့်တက်နေတာကြောင့် အဆီဂလင်းတွေကို အဆီပိုထုတ်စေဖို့ လှုံ့ဆော်ပေးသလို ဖြစ်ပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။

ရာသီလာခါနီး

ရာသီလာခါနီးအချိန်မှာလည်း ဟော်မုန်း အတက်အကျ မြန်တာကြောင့် ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလ 

ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဟော်မုန်း အပြောင်းအလဲများတာကြောင့် ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။

ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေ

ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေက ကိုယ်တွင်းဟော်မုန်း အပေါ်မှာ သက်ရောက်မှု ရှိစေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။

  • အခြားသော အကြောင်းအရင်းတွေ

မျိုးဗီဇ 

မိသားစုဝင်တွေထဲမှာ ဝက်ခြံပေါက်တဲ့သူ ရှိမယ်ဆိုရင်လည်း ဝက်ခြံဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများနေနိုင်ပါတယ်။ 

ဆေးဝါးတွေ

ဟော်မုန်းပါဝင်နေတဲ့ အချို့သော ဆေးဝါးတွေက ဝက်ခြံတွေ ဖြစ်စေနိုင်သလို ရှိရင်းစွဲ ဝက်ခြံတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု များလွန်းတာကလည်း ကော်တီစော ဟော်မုန်း ပမာဏကို တိုးစေပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ 

စားသောက်မှုပုံစံ 

အစားအသောက်က တိုက်ရိုက်သက်ရောက်နေတာ မဟုတ်ရင်တောင် သန့်စင်ထားတဲ့ သကြားတွေ၊ နို့ထွက်ပစ္စည်းတွေလိုမျိုး စားစရာတွေကို အများကြီး စားမိမယ်ဆိုရင်လည်း ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။

အလှကုန်တွေ

ဆီကို အခြေခံပြီး ထုတ်ထားတဲ့ အလှကုန်တွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ 

ဒီလိုအကြောင်းရင်းခံတွေကြောင့် ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ဝက်ခြံက အလှပျက်စေသလို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ ဖြစ်စေမယ့် အကြောင်းရင်းခံတွေကို သိရှိ သတိထားနေထိုင်ပြီး အသားအရေ ကျန်းမာစေဖို့ ဂရုစိုက်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *