စားလို့ကောင်းတဲ့ ဩဇာသီးစားရင်း အသားလေးလှမယ်ဆိုရင် စိတ်ဝင်စားလား… အသားအရေ ကျန်းမာလှပစေဖို့ကလည်း နေ့စဉ်ဘဝမှာ အရေးပါတဲ့ အချက်တစ်ခုလို့ ဆိုရမှာပါ။ အသားအရေ ကျန်းမာ လှပမှုက လူမှုဆက်ဆံရေးမှာ အတော်လေး အဆင်ပြေစေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု တိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ ဩဇာသီးက အသားအရေ လှစေဖို့ ဘယ်လိုလေးတွေ ထောက်ကူပေး နိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ဩဇာသီး စားရင် အသားလှမှာလား!
ဩဇာသီးစားရင် အသားလှမှာလား! ဆိုတော့ လှမှာပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ဩဇာသီးက အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ကာကွယ်ပေးသလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးတာကြောင့် အသားအရေ တင်းရင်းစေဖို့နဲ့ စိုပြည်ဖြူဝင်းလှပစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။
- အရွယ်တင်စေနိုင်တယ်
ဩဇာသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့နဲ့ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ကော်လာဂျင် ထွက်ရှိမှု ကောင်းစေတယ်
ဗီတာမင် C က ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဩဇာသီးမှာလည်း ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိမှုကို ကောင်းစေပြီး အရေပြားတင်းရင်း လှပစေဖို့ ထောက်ကူပေးနိုင် ပါတယ်။
- အသားအရေကို ကြည်လင်စေတယ်
ဩဇာသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားကို ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးနိုင်သလို အရေပြားပေါ်မှာရှိတဲ့ အမဲစက်တွေ နေလောင်ကွက်တွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- အသားအရေ တင်းရင်းစေတယ်
ဗီတာမင် A နဲ့ ဗီတာမင် C အတွဲအစပ်က အရေပြားရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းစေဖို့ ထောက်ကူပေးပြီး အသားအရေကို တင်းရင်းလှပစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဩဇာသီးမှာ ဒီအာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို တင်းရင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အသားအရေ ခြောက်သွေ့မှုကင်းစေတယ်
ဩဇာသီးမှာ ဗီတာမင် A ပါဝင်နေတာက အရေပြားဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးသလို အသားအရေ ခြောက်သွေ့တာ၊ အရေးအကြောင်း ဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
- အစိုဓာတ် ထိန်းပေးတယ်
ဩဇာသီးက ရေဓာတ်ဖြည့်ပေးနိုင်တာကြောင့် အသားအရေကို စိုပြည်လှပစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား ချောမွတ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ဝက်ခြံတွေကို သက်သာစေနိုင်တယ်
အရောင်ကျစေနိုင်တဲ့ အစွမ်းရှိတဲ့ ဩဇာသီးက ဝက်ခြံတွေကို အရောင်ကျစေနိုင်သလို ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အရေပြား နီမြန်းရောင်ရမ်းတာကို သက်သာစေတယ်
ဝက်ခြံတွေကြောင့် ရောင်ရမ်းတာတွေကိုပဲဖြစ်ဖြစ် အရေပြားမှာ ဓာတ်မတည့်မှု တစ်ခုခုကြောင့် ရောင်ရမ်းတာ၊ အရေပြားနီမြန်းတာ၊ ယားယံတာတွေကို သက်သာစေဖို့လည်း ဩဇာသီးကလည်း ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဩဇာသီးက ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်သလို အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံစားတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။