အပျိုဖော်ဝင်စောတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေနဲ့ ဆက်စပ်

အပျိုဖော်ဝင်စောတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေနဲ့ ဆက်စပ်
အပျိုဖော်ဝင်စောတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေနဲ့ ဆက်စပ်

“အပျိုဖော်ဝင်တာက လေဒီလေးတစ်ယောက်ရဲ့ မှတ်တိုင်တစ်ခုဆိုတာထက်ပိုတဲ့ အသက်အရွယ်ရလာချိန်မှာ ရင်သားကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုဖြစ်နိုင်ခြေကိုပါ ဖော်ပြနေပါတယ်။”

အပျိုဖော်ဝင်စောတာက ရင်သားကင်ဆာနဲ့ နာတာရှည်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ ဆက်စပ်မှုရှိနေ

သမီးငယ်လေးတွရဲ့ ငယ်စဉ်ကာလ စားသောက်မှုပုံစံက အပျိုဖော်ဝင်ချိန်ပေါ်မှာ အများကြီးသက်ရောက်မှု ရှိနေပါတယ်၊ လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။

ဆီကြော်စာ၊ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အချိုရည်တွေ၊ သန့်စင်ထားတဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ၊ အရက်နဲ့ အချို့သောနို့ထွက်ပစ္စည်းတွေလိုမျိုး ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်တဲ့ စားသောက်ဖွယ်ရာတွေကို အစားများတဲ့ မိန်းကလေးငယ်တွေဟာ အပျိုဖော်ဝင်နိုင်ခြေစောပြီး ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ ကျန်းမာတဲ့ အပျိုဖော်ဝင်ချိန်ကာလကို ပိုင်ဆိုင်ကြပါတယ်၊ လို့ မေလပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ Human Reproduction ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

လေဒီလေးတစ်ယောက်ရဲ့ ပထမဆုံးရာသီစက်ဝန်းစတင်ချိန်က milestone တစ်ခုဆိုတာထက်ပိုပါတယ်။ ဒီလိုမျိုး အပျိုဖော်ဝင်ချိန်စောတာက အသက်ကြီးလာချိန်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ၊ နှလုံးရောဂါဖြစ်နိုင်ခြေ နဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်လို့ Seattle မှာရှိတဲ့ Fred Hutch Cancer Centerမှ ကင်ဆာအထူးကုဆရာဝန် Holly Harris က ပြောကြားခဲ့ပါတယ်။ 

“လေဒီလေးတွေရဲ့ ပထမဆုံး ရာသီစက်ဝန်းဟာ အရွယ်ရလာချိန်မှာ နာတာရှည်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချနိုင်ဖို့ အရေးပါတဲ့ အချိန်ကာလတစ်ရပ်ပါ၊” လို့ Harris  က ရှင်းပြပါတယ်။ 

ဒီလေ့လာမှုမှာ အသက် ၉ နှစ် ကနေ ၁၄ နှစ်အတွင်းရှိ ကလေးငယ် ၇,၅၀၀ ပါဝင်ခဲ့ပါတယ်။ သုတေသီတွေက အုပ်စုနှစ်စုခွဲ လေ့လာခဲ့ပြီး အုပ်စုတစ်စုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံအတိုင်း စားသုံးစေခဲ့ပြီး နောက်ထပ် အုပ်စုတစ်စုကိုတော့ ဆီကြော်စာ၊ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အချိုရည်တွေ၊ သန့်စင်ထားတဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ၊ အရက်နဲ့ အချို့သောနို့ထွက်ပစ္စည်းတွေလိုမျိုး ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်တဲ့ အစားအစာတွေကို ကျွေးခဲ့ပါတယ်။ 

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတဲ့သူတွေက အပျိုဖော်ဝင်ချိန်နောက်ကျပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမှု အားနည်းသူတွေကတော့ အပျိုဖော်ဝင်ချိန် စောပါတယ်။ ဒီလို အပျိုဖော်ဝင်ချိန် စောခြင်း နောက်ကျခြင်းက စားသောက်မှုပုံစံအပေါ်မှာသာ မူတည်နေတာဖြစ်ပြီး ကိုယ်အလေးချိန်နဲ့ အများကြီး သက်ဆိုင်တာမျိုး မရှိတာကို တွေ့ရှိခဲ့ရပါတယ်၊ လို့လည်း  Harris  ကဆိုပါတယ်။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) ကလည်း အနည်းငယ်လောက်သာ သက်ရောက်မှုရှိတာဖြစ်ပြီး ဆက်စပ်မှုကို လေ့လာနေဆဲပါ။ 

ပြောချင်တာက အဝလွန်နေတာက ပထမဆုံး ရာသီစက်ဝန်းကို စောစေတာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံကသာ အဓိကကျနဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

အခြားပတ်ဝန်းဆိုင်ရာ အကြောင်းရင်းခံတွေ ဖြစ်ကြတဲ့ ညစ်ညမ်းမှုတွေနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေမှာ ပါနေတဲ့ ဓာတုပစ္စည်းတွေက ကလေးတွေကို အပျိုဖော်ဝင်ချိန် စောစေဖို့ လှုံ့ဆော်နေပါတယ်။ ဒါကြောင့် အရေပြားမှာသုံးတဲ့ပစ္စည်းတွေကို သေချာလေး ဂရုစိုက်ရွေးချယ်ဖို့ လိုပါမယ်။ 

“ဒီလေ့လာချက်မှာ အဓိကပြောချင်တာက ကလေးတိုင်းနဲ့ ဆယ်ကျော်သက်အရွယ်ကလေးတိုင်းဟာ ကျန်းမာတဲ့ စားသောက်မှုပုံစံကို လိုအပ်တယ်ဆိုတာနဲ့ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်တတ်စေဖို့ သင်ကြားပေးသင့်တယ်၊ ဆိုတာကို ပြောချင်တာပါ”လို့ Harris ကပြောခဲ့ပါတယ်။

သေးငယ်တဲ့ ပြောင်းလဲမှုတွေက ကလေးရဲ့ အရွယ်ရောက်ချိန် ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်၊ လို့ ကလေးအထူးကု Dr. Natalie Muth က ပြောပြပါတယ်။

“အာလူးချောင်းကြော်၊ ကွတ်ကီ၊ ဆိုဒါတွေအစား သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားပေးတာက ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေမှာပါ” လို့လည်း ပြောပြခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *