အသီးအနှံများများစားတာက ကောင်းကောင်းအိပ်ပျော်စေမလား!

အသီးအနှံများများစားတာက ကောင်းကောင်းအိပ်ပျော်စေမလား!
အသီးအနှံများများစားတာက ကောင်းကောင်းအိပ်ပျော်စေမလား!

စိတ်ညစ်စရာတွေ များနေတာ၊ အလုပ်ဝန်တွေ ပိနေတာ၊ နေ့စဉ်လူမှုဘဝအခက်အခဲတွေကြောင့် အတွေးတွေလွန်ပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာမျိုးတွေဖြစ်နေတာကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး အဖြေရှာရခက်နေပြီလား ….

ဒါဆိုရင်တော့ အလွယ်ကူဆုံးနဲ့ ညဘက် အိပ်မပျော်တာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဒါကတော့ လေ့လာမှုတစ်ရပ်ကနေ သိရှိရတဲ့ အသီးအနှံတွေ များများစားတာက ညဘက်တွေကို ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပါ။

အသီးအနှံများများစားတာက ကောင်းကောင်းအိပ်ပျော်စေမလား!

ချီကာဂိုတက္ကသိုလ်နဲ့ ကိုလံဘီယာ တက္ကသိုလ်တို့က သုတေသီတွေ လုပ်ဆောင်ခဲ့ကြတဲ့ လေ့လာမှု တစ်ရပ်ကနေ သိရှိရတာက တစ်နေ့တာရဲ့ စားသုံးမှုထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးတာက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်ဆိုတာပါ။

နောက်တစ်ခုကတော့ နေ့စဉ်စားသုံးမှုမှာ နှံစားသီးနှံတွေကို ထည့်သွင်းစားသုံးပေးတာကလည်း ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။
“ နေ့စဉ်စားသုံးမှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြင်ဆင်စားသုံးပေးတာက စရိတ်စက နည်းနည်း၊ ကျန်းကျန်းမာမာနဲ့ ညဘက်တွေမှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှုကို ရရှိစေမှာဖြစ်ပါတယ်။” လို့ သတင်းထုတ်ပြန်ချက် တစ်ရပ်မှာ UChicago Sleep Center ရဲ့ ဒါရိုက်တာ ဒေါက်တာ Esra Tasali ကပြောပြခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ထုတ်ဝေခဲ့တဲ့ Sleep Health ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုက နေ့စဉ်စားသုံးမှုက ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးတယ်လို့ ပထမဆုံး တွေ့ရှိခဲ့တဲ့ လေ့လာမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီလေ့လာမှုအတွင်း နေ့စဉ်စားသုံမှုတွေက ညဘက်ရဲ့ အိပ်စက်မှုအပေါ်မှာ ဘယ်လိုတွေ သက်ရောက်နေလဲ ဆိုတာကို သေချာလေး လေ့လာခဲ့ပါတယ်။ တစ်နေ့တာမှာ သစ်သီး၊ ဟင်းသီးဟင်းရွက် စတာတွေကို ကော်ဖီခွက်နဲ့ ၅ခွက်စာလောက် စားပေးတာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ လုံးဝမစားတဲ့သူတွေထက် ၁၆ % လောက် ပိုမိုကောင်းမွန်တဲ့ အိပ်စက်မှုကို ရရှိတယ်လို့ သုတေသီတွေက ခန့်မှန်း ကြပါတယ်။

နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ၊ ကျန်းမာတဲ့ ကစီဓာတ်ကို ရရှိစေနိုင်တဲ့ နှံစားသီးနှံတွေကို စားပေးတာက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒီလိုစားသုံးမှုက ၂၄ နာရီအတွင်းမှာ အိပ်စက်မှုအပေါ် သက်ရောက်မှု ရှိစေတယ်လို့ သိရှိရပါတယ်။ နေ့စဉ်စားသုံးမှုကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲတာ၊ တစ်နေ့တာရဲ့ အလေ့အထတွေကို အနည်းငယ်လောက် ပြောင်းလဲလိုက်ခြင်းဟာ ညဘက်တွေမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုတွေကို ရရှိစေဖို့ ထောက်ကူပေးပါတယ်။

အသီးအရွက်တွေ၊ နှံစားသီးနှံတွေ စားသုံးတာနဲ့ ကောင်းကောင်း အိပ်ပျော်စေမှုကြားထဲမှာ ဘယ်လိုတွေ ဆက်စပ်မှု ရှိနေလဲ ဆိုတာကို သိရှိနိုင်စေဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။

သေးငယ်တဲ့ ပြောင်းလဲမှုလေးတွေက အိပ်စက်မှုအပေါ် သက်ရောက်မှု ရှိနေပါတယ်၊ လို့ သုတေသီတွေကဆိုပါတယ်။

အမျိုးသားများ အိပ်ရေးပျက်ရင် ဘာဖြစ်မလဲ!

Lotoshinn ရဲ့ စကားလက်ဆောင်

နေ့စဉ်စားသုံးမှုကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီးအနှံတွေ များများထည့်သွင်းစားသုံးပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို ညဘက်တွေမှာပါ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ ပါဝင်အောင် စားသုံးရင်း ကျန်းမာတဲ့ အိပ်စက်ချိန်ကို ထိန်းသိမ်းကြဖို့ အကြံကြပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *