မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်

မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်
မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်

အစားအစာကို လက်နဲ့စားရမှ အားရတယ်ဆိုရင် စားသာစားပါလို့ ပြောပါရစေ။ ဘာကြောင့်ဒီလိုပြောရတာလဲ! လက်နဲ့စားရင် ပိုဝမှာလား၊ အစာခြေစနစ်ထဲကို ပိုးတွေ ရောက်သွားနိုင်ခြေ ပိုမများဘူးလားလို့ တွေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ လေ့လာမှုတွေအရသိရတာက လက်နဲ့ အစားစားတာက လေအောင့်တာမျိုး မဖြစ်အောင်နဲ့ အစားတွေ အများကြီးစားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းလေးကို ဆက်ပြီး ပြောပြပေးသွားပါမယ်။ 

မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်

လက်နဲ့ အစားစားတာက သဘာဝဆန်သလို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတဲ့ စားသောက်မှုနည်းလမ်းတစ်မျိုးပါ။ လက်နဲ့ အစားစားတာက သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရတာက အစားကို ဖြည်းဖြည်းချင်း စားဖြစ်စေဖို့ ထောက်ကူပေးသလို အစာခြေဖျက်မှုမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သေချာ သန့်စင်ဆေးကြောထားတဲ့ လက်နဲ့ အစားအစာတွေကို စားပေးတာက အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ်ခံအား ကောင်းစေဖို့ပါ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 

  • သွေးလည်ပတ်မှု ကောင်းစေမယ် 

လက်နဲ့ ထမင်းစားတာ၊ အစားစားတာက စားသောက်မှုထဲမှာ လက်ချောင်းလေးတွေရော လက်က ကြွက်သားတွေပါ ပါဝင်လုပ်ဆောင်နေရတာ ဖြစ်တာကြောင့် လက်ချောင်းလေးတွေနဲ့ လက်ကြွက်သားတွေ၊ အဆစ်တွေ ဆီကို သွေးရောက်ရှိ လည်ပတ်မှုကောင်းစေပြီး ကျန်းမာစေဖို့ ထောက်ကူပေး ပါတယ်။

  • အစာကြေစေဖို့ ထောက်ကူပေးနိုင်တယ်

လက်နဲ့ အစားစားတာက အစာခြေအင်ဇိုင်းတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်သလို ပါးစပ်နဲ့ အစာအိမ်ထဲမှာ အစာချေဖျက်ဖို့အတွက် အစာခြေအက်ဆစ်တွေ ထွက်လာပါတယ်။ ဒီလိုထွက်လာတာက အစာတွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့အတွက် ထောက်ကူပေးနိုင်သလို လေပွတာ၊ ဗိုက်ကယ်တာ အင့်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • အလွန်အကျွံ မစားဖြစ်စေဖို့ ထောက်ကူပေးနိုင်တယ်

လက်နဲ့ ထမင်းစားတာက အစားအစာကို လက်နဲ့ထိတွေ့နေရတာကြောင့် စိတ်ကျေနပ်မှု ပိုရစေသလို အစားကိုလည်း အလွန်အကျွံ မစားဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံပြန့်လွှင့်မှု မရှိဘဲ အလွန်အကျွံ မစားမိဘဲ ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်တော့ လက်နဲ့ ထမင်းစားလို့ ရပါတယ်။

  • ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်ဖို့ ထောက်ကူပေးနိုင်တယ်

လက်နဲ့ အစားစားတာက ခပ်မြန်မြန်စားမိတာမျိုးဖြစ်နိုင်ခြေနည်းတာကြောင့် ရုတ်တရက် သွေးတွင်းသကြား ဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုအစောပိုင်း လက္ခဏာခံစားနေရသူတွေ အတွက် အများကြီး အထောက်အကူဖြစ်စေနိုင်တဲ့ အလေ့အထတစ်ရပ်ပါ။

  • ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်

လက်နဲ့ထမင်း အပါအဝင် အစားအစာတွေကို စားပေးတာက အရေပြား၊ ပါးစပ်နဲ့ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေနဲ့ ထိတွေ့မိနိုင်ခြေနဲ့ အစားစားတဲ့အခါ လက်ထဲကနေ အကျိုးပြုဘက်တီးရီးယား လေးတွေက အစားအစာကနေ အူလမ်းကြောင်းထဲကို ရောက်ရှိသွားတာကြောင့် ရောဂါတွေ ကူးစက်ခံရတာ ကနေ ကာကွယ်ပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ 

လက်နဲ့ အစားစားတာရဲ့ အကျိုးကျေးဇူးတွေကို ကျန်းမာပြည့်ဝစွာနဲ့ ရရှိစေဖို့အတွက် အစားမစားခင်မှာ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောလို့ စားသုံးပေးဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

အစားစားတဲ့အခါ လက်ကို သေချာလေး သန့်စင်အောင် ဆေးကြောပြီး စားသောက်ပေးမယ်ဆိုရင် အစားစားတဲ့အခါ အာရုံပြန့်လွှင့်မှု နည်းပြီး အစားကိုသေချာလေး ဝါးစားဖြစ်စေဖို့ရော နောက်တစ်ခုက အင်ဇိုင်းတွေ ထွက်ရှိစေဖို့ပါ ထောက်ကူပေးနိုင်သလို အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ တိုးစေပြီး ကိုယ်ခံအားတက်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေကို စားခါနီးတိုင်းမှာ လက်ကို သေသေချာချာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်ဆေးကြောလို့ စားပေးကြဖို့ အကြံပြုချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *