Feverfew လေးရဲ့ ကောင်းကျိုးလေးများ

Feverfew လေးရဲ့ ကောင်းကျိုးလေးများ

Feverfew ဆိုတဲ့ စကားလုံးလေးကို ကြားပြီး မကြားဖူးဘူးလို့ ထင်သွားပြီလား …. တကယ်ကတော့ သိပါတယ်။ Feverfew ဆိုတာလေးက ပန်းပင်လေး တစ်မျိုးပါပဲ။ ဒီပန်းလေးတွေက ဘယ်လိုမျိုး ကောင်းကျိုးတွေ ရရှိစေနိုင်လဲဆိုတာကို ဝေမျှပေးချင်တာပါ။ 

အရင်ဆုံး Feverfew လေးရဲ့ အကြောင်းလေး အရင်ဆုံး ပြောပြပေးချင်ပါတယ်။ Feverfew ဆိုတာက မြင်သာအောင် ပြောပြပေးရရင် ပွင့်ချပ်ဖြူဖြူ ရိုးတံ စိမ်းစိမ်းလေးနဲ့ ဝတ်ဆံလေးကတော့ အဝါရောင်လေးပါ။ ဂန္ဓာမာပန်း သေးသေးလေးတွေပါ။ အရွက်လေးတွေကတော့ မြင်ဖူးနေကျ ဂန္ဓာပန်း အရွက်လေးတွေအတိုင်း အတွန့်လေးတွေနဲ့ပါ။ 

ဒီလိုချစ်စရာကောင်းတဲ့ ပန်းပင်လေးက ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲဆိုတာကို ဆက်ပြောပြပေးသွား ပါမယ်။

Feverfew လေးရဲ့ ကောင်းကျိုးလေးများ

Feverfew လေးရဲ့ ကောင်းကျိုးလေးများကတော့ – 

  • ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်

Feverfewက သွေးကြောတွေထဲက အနယ်တွေကို ဖယ်ရှားပေးနိုင်သလို သွေးစီးဆင်းမှု ကောင်းစေနိုင်တာ ကြောင့် နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေနိုင် ပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ 

  • ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်

Feverfew မှာပါဝင်နေတဲ့ ရာသီသွေးမမှန်တာကို သက်သာစေနိုင်သလို ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ရာသီအကြိုနာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ 

  • အဆစ်ရောင်နာတာကိုလည်း သက်သာစေနိုင်တယ်

Feverfewက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အဆစ်ရောင်နာတာကို သက်သာစေနိုင်ပါ တယ်။ 

  • ကင်ဆာကုသမှုမှာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိစေတယ်

Feverfew က ကင်ဆာကုထုံးတွေကို ထိရောက်မှု ကောင်းစေို့ ထောက်ကူပေးနိုင်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။

  • အရောင်ကျစေနိုင်တယ်

Feverfewကို ရှေးယခင်ကာလတွေကတည်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ဖို့ ထောက်ကူပေးနိုင်ပါ တယ်။ အရေပြားရောင်ရမ်းတာကိုလည်း ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။

  • အဖျားကျစေနိုင်တယ်

Feverfewကိုက အဖျားကျစေဖို့လည်း ထောက်ကူပေးနိုင်သလို ကိုယ်တွင်းကရောင်ရမ်းမှုတွေ သက်သာစေဖို့ရော ကိုယ်တွင်းအဆိပ်အတောက်တွေ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ အနာကျက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • သွေးခဲတာကို ကာကွယ်ပေးတယ်

Feverfewက သွေးခဲတာတွေကို သွေးပျစ်တာတွေကို သက်သာစေနိုင်သလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေးခဲပိတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

  • အရေပြားဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်

Feverfewက Dermatitis လိုမျိုး အရေပြားဓာတ်မတည့်တာလိုမျိုး ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်တွေ ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ 

ဘယ်လို အသုံးပြုလို့ရလဲ

Feverfew လေးကို လတ်လတ်ဆတ်ဆတ်လည်း သုံးလို့ ရသလို အခြောက်ခံပြီးမှ သုံးလည်း ရပါတယ်။ အပွင့်နဲ့ ပွင့်ချပ်တွေထက် အရွက်လေးတွေကို ပိုပြီး သုံးပေးလို့ ရပါတယ်။ အသုံးပြုတဲ့အခါ ရေနွေးဆူဆူထဲကို ထည့်ပြီး သုံးလို့ ရပါတယ်။

သတိထားစရာ ဘေးထွက်ဆိုးကျိုးများ

Feverfewက ဆေးဖက်ဝင်တဲ့ သဘာဝ အပင်တစ်မျိုးဖြစ်တယ်ဆိုပေမယ့် 

  • ကိုယ်ဝန်ဆောင်နေချိန်နဲ့ 
  • မိခင်နို့တိုက်ကျွေးနေရချိန်မှာ
  • သွေးရောဂါ တစ်မျိုးမျိုးရှိနေတာ
  • ခွဲစိတ်ကုသမှု ခံယူစရာ ရှိနေတာမျိုး
  • ဓာတ်မတည့်ပြဿနာ ရှိနေတာမျိုးတွေဆိုရင် အသုံးမပြုသင့်ပါဘူး။ 

သဘာဝဆေးဖက်ဝင်တွေက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါတွေအတွက် ဆေးနေရာမှာ အစားထိုးအသုံးပြုတာမျိုး မလုပ်ဖို့တော့ အကြံပြုချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *