စိတ်ဖိစီးလို့ အတွေးလွန်လို့၊ အလုပ်တွေများလို့ ကောင်းကောင်း အိပ်မပျော်ဘူး။ ကောင်းကောင်း အိပ်မပျော်တော့ ဦးနှောက်က မလန်း အလုပ်ကောင်းကောင်း မလုပ်နိုင်ဆိုတဲ့ အိပ်ရေးပျက် သံသရာကြီးထဲမှာ တဝဲဝဲလည်ရင်း နေ့စဉ်တိုင်းမှာ ဘာလုပ်လုပ် ပင်ပန်းနေတဲ့သူလေးတွေ ရှိလား …
ဒါဆိုရင်တော့ ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မယ့် မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာလေးတွေကို သိရှိနိုင်စေဖို့ မျှဝေပေးသွားပါမယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် အစားအစာများ
ညဘက်တိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေကတော့ –
- ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်က အပျင်းပြေ ဝါးစရာမို့ အာဟာရတန်ဖိုး ပါဝင်မှု နည်းနိုင်သလို ကျန်းမာရေးအတွက် ကောင်းကျိုးမရှိလောက်ဘူးလို့ ထင်စရာ ရှိပေမယ့် ပြောင်းဖူးပေါက်ပေါက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင် တဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေး နိုင်ပါတယ်။
- ထောပတ်သီး
ထောပတ်သီးမှာ အကျိုးပြုအဆီဓာတ်တွေ ပါဝင်နေသလို မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအချက်တွေအပြင် ထောပတ်သီးမှာ ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် Kတို့ ပါဝင်နေသလို ဖောလိတ်နဲ့ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ကန်စွန်းဥ
ကန်စွန်းဥကို နှစ်သက်တဲ့ ပုံစံနဲ့ ချက်ပြုတ်စားသောက်တာက မဂ္ဂနီဆီယမ် ပြည့်ပြည့်ဝဝ ရရှိစေပြီး ညဘက်တွေမှာ သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကန်စွန်းဥက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အုန်းစိမ်းရည်
အုန်းစိမ်းရည်က ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝစေပြီး ကြွက်သားတွေကို ပြေလျော့စေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
- နှမ်းနက်စေ့
ဆေးဖက်ဝင်တယ်လို့ လူသိများတဲ့ နှမ်းနက်စေ့မှာ မဂ္ဂနီဆီယမ်နဲ့ အကျိုးပြု အဆီဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ အစားအစာလေးတွေထဲက မိမိနှစ်သက်တဲ့ စားစရာတွေကို နေ့စဉ် စားသုံးမှုမှာ ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။
Lotoshin ရဲ့ စကားလက်ဆောင်
ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်မှ စိတ်ရာကိုယ်ပါကျန်းမာမှာဖြစ်ပြီး နေ့စဉ်ဘဝမှာ အောင်မြင်ပျော်ရွှင် စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ စားသေက်နေထိုင်မှုပုံစံကို မွေးမြူပြီး ညဘက်ကို ၁၁ နာရီထက် နောက်မကျစေဘဲ အိပ်ရာဝင်ကြဖို့ အကြံပြုလိုက်ပါရစေ။