ကျောက်ကပ် ကျန်းမာစေဖို့ စားပေးသင့်တာလေးများ

ကျောက်ကပ် ကျန်းမာစေဖို့ စားပေးသင့်တာလေးများ
ကျောက်ကပ် ကျန်းမာစေဖို့ စားပေးသင့်တာလေးများ

ကျောက်ကပ်ဆိုတာက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးပါတဲ့ အစိတ်အပိုင်းလေး ကျန်းမာမှ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျောက်ကပ်ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 

ကျောက်ကပ် ကျန်းမာစေဖို့ စားပေးသင့်တာလေးများ

ကျောက်ကပ်ကျန်းမာစေဖို့ နေ့စဉ်စားသုံးမှုမှာ အခုလို အစားအစာလေးတွေကို ပြင်ဆင်ထည့်သွင်း စားသုံးသင့်ပါတယ်။ 

  • ငရုတ်ပွ

ငရုတ်ပွမှာ ပိုတက်ဆီယမ်ပါဝင်မှု နည်းပြီး ကျောက်ကပ်ကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ ဗီတာမင် A နဲ့ C ပါဝင်နေတာက ကျောက်ကပ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါ့အပြင် ငရုတ်ပွမှာ ပါဝင်နေတဲ့ lycopene က ကိုယ်ခံအားကောင်းစေပြီး နှလုံးသွေးကြောတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

  • ဂေါ်ဖီထုတ်

ဂေါ်ဖီမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်တွင်းအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်သလို ပိုတက်ဆီယမ်ပါဝင်မှုနည်းတာ ကျောက်ကပ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ Phytochemicals နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်ပြီး ကျောက်ကပ်ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

  • ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို အရောင်ကျစေနိုင်ပါတယ်။ ကြက်သွန်ဖြူက သွေးပေါင်ကို ထိန်းပေးသလို သွေးတွင်းအဆီကို ကျဆင်းစေနိုင်တာကြောင့် ကျောက်ကပ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းစေပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ ဆီးလမ်းကြောင်းပိုးဝင် တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

  • ကြက်သွန်နီ

ကြက်သွန်နီမှာ ဖလေဗာရွိုက်ကြွယ်ဝစွာ ပါဝင်နေသလို အရောင်ကျစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကျောက်ကပ်ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကျောက်ကပ်လုပ်ငန်းစဉ်ကောင်းစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ 

  • ပန်းဂေါ်ဖီ

ပိုတက်ဆီယမ်ပါဝင်မှုနည်းတဲ့ ပန်းဂေါ်ဖီက ဗီတာမင် C၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဓာတ

  • ပန်းသီး

အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို  ပိုတက်ဆီယမ် ပါဝင်မှု နည်းတဲ့ ပန်းသီးက ကျောက်ကပ်ကျန်းမာစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ် ထိခိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

  • ငါး

ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်နေတဲ့ ငါးတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို အရောင်ကျစေနိုင်တာကြောင့် ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် ငါးစားပေးတာက ကျောက်ကပ်လုပ်ဆောင်မှုကို ကောင်းစေပြီး ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

Lotoshin ရဲ့ စကားလက်ဆောင်

ကျောက်ကပ်ကျန်းမာမှ အသက်ရှည်ကျန်းမာမှာ ဖြစ်တာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ တာဝန်ယူထားတဲ့ ကျောက်ကပ်ကျန်းမာစေဖို့ နေ့စဉ်စားသုံးမှုကို ဂရုစိုက်ဖို့ လိုသလို ရေလုံလောက်အောင် သောက်ပေးဖို့လည်း လိုပါမယ်။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးရင်း ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့လည်း လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *