ဘယ်လို အစားအစာတွေကို စတီးပန်းကန်နဲ့ မထည့်သင့်ဘူးလဲ!

ဘယ်လို အစားအစာတွေကို စတီးပန်းကန်နဲ့ မထည့်သင့်ဘူးလဲ!
ဘယ်လို အစားအစာတွေကို စတီးပန်းကန်နဲ့ မထည့်သင့်ဘူးလဲ!

ကွဲရှနိုင်ခြေ နည်းသလို တိုက်ချွတ်ဆေးကြောရတာလည်း လွယ်တာကြောင့် မီးဖိုချောင်တော်တော်များများမှာ စတီးပန်းကန်ခွက်ရောက်တွေကို အသုံးပြုကြပါတယ်။ ဒီလို အသုံးပြုကြတဲ့ စတီးပန်းကန်တွေကို အခုပြောပြမယ့် အစားအစာတွေကို ထည့်မစားကြဖို့ သတိပေးချင်ပါတယ်။ ဘယ်လို အစားအစာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အကြောင်းကတော့ အခုပြောပြမယ့် အစားအစာတွေကို စတီးပန်းကန်ထဲ ထည့်စားတာက အစားအသောက်တွေရဲ့ အာဟာရတန်ဖိုးကို ထိခိုက်စေနိုင်သလို အရသာ ပျက်စေနိုင်တာကြောင့်ပါ။ 

ဘယ်လို အစားအစာတွေကို စတီးပန်းကန်နဲ့ မထည့်သင့်ဘူးလဲ!

အခုပြောပြမယ့် အစားအစာတွေကို စတီးပန်းကန်ထဲ ထည့်စားတာက အစားအသောက်တွေရဲ့ အာဟာရတန်ဖိုးကို ထိခိုက်စေနိုင်သလို အရသာ ပျက်စေနိုင်တာကြောင့်ပါ။ 

  • သနပ်အမျိုးမျိုး

ဆီ၊ ဆားနဲ့ မဆလာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေကို  အချဉ်တည် သနပ်လုပ်ထားတဲ့ သနပ်အစုံကို စတီးပန်ကန်၊ သံပန်းကန်တွေထဲ ထည့်ထားတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အရသာပျက်စေနိုင်သလို ပန်းကန်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

  • ဒိန်ချဉ်

အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝတဲ့ ဒိန်ချဉ်က နို့ကို အချဉ်ဖောက်ထားတာ ဖြစ်တာကြောင့် စတီးပန်းကန်ထဲထည့်ထားမယ်ဆိုရင်တော့ အရသာပျက်စေပြီး အာဟာရတန်ဖိုးအပေါ်မှာ သက်ရောက်မှု ရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို စတီးပန်းကန်ထဲ ထည့်စားတာမျိုး မလုပ်ပါနဲ့။

  • အချဉ်ဓာတ်ပါတဲ့ အစားအစာတွေ

အချဉ်ဓာတ်ပါတဲ့ အစားအစာတွေ (ဥပမာ -ရှောက်သီးပါတဲ့ အစားအစာတွေ၊ ရှာလကာရည်၊ သံပုရာသီး စတာတွေကို အခြေခံပြီး ပြင်ဆင်ထားတဲ့ အစားအစာတွေ) ကို စတီးပန်းကန်ထဲ ထည့်ထားမယ် ဆိုရင်တော့ အရသာကိုရော အာဟာရတန်ဖိုးကိုပါ ပျက်စီးစေနိုင်လို့ပါ။ 

  • ခရမ်းချဉ်သီးအနှစ်နဲ့ ချက်ထားတဲ့ အစားအစာတွေ

ခရမ်းချဉ်သီး အနှစ်တွေ ပါဝင်အောင် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စတီးပန်းကန်ထဲ ထည့်ထားမယ်ဆိုရင်တော့ အရသာကိုရော အာဟာရတန်ဖိုးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီး အနှစ်နဲ့ ထည့်ချက်ထားတဲ့ အစားအစာတွေကို စတီးပန်ကန်ထဲထည့်ပြီး သိမ်းတာမျိုး မလုပ်ဖို့ သတိပေးချင်ပါတယ်။

  • သစ်သီးအသုပ်တွေ

သစ်သီးအသုပ်တွေကို စတီးပန်းကန်ထဲထည့်တာက သစ်သီးတွေမှာပါတဲ့ အာဟာရဓာတ်တွေကို ထိခိုက်စေနိုင်တာကြောင့် သစ်သီးသုပ်တွေကို စတီးပန်းကန်ထဲ ထည့်ပြီး ပြင်ဆင်စားသုံးတာမျိုး မလုပ်ပါနဲ့။ 

Lotoshinn ရဲ့ စကားလက်ဆောင်

အချို့သော အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ပုံပေါ်မှာ မူတည်ပြီး အရသာနဲ့ အာဟာရတန်ဖိုးတွေအပေါ်မှာ ထိခိုက်စေနိုင်တာကြောင့် ပြင်ဆင်ချက်ပြုတ်ပုံကို သေချာလေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *