အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ

အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ
အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ

သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်နေတဲ့ သဘာဝဆေးဖက်ဝင်ဂုဏ်သတ္တိလေးတွေက နေကောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာကို တော်တော်များများ သိထားပြီးဖြစ်မှာပါ။ သစ်သီးတွေက ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးသလို အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့နဲ့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ လုပ်ဆောင်ပေးပါတယ်။

ဒီလိုမျိုး ဂုဏ်သတ္တိတွေအပြင် သစ်သီးလေးတွေက ကိုယ်တွင်းက ရောင်ရမ်းတာတွေကို လျှော့ချပေးပြီး အသည်းနဲ့ ကျောက်ကပ်တွေလိုမျိုး ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီလို အာနိသင်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသီးတွေထဲမှာမှ အသည်းအဆီဖုံးတာကို သက်သာစေနိုင်တဲ့ သစ်သီးလေးတွေကို ပြောပြပေးသွားပါမယ်။

အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ

အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ ကတော့ – 

  • ပန်းသီး

ပန်းသီက နှလုံးကျန်းမာစေတယ်လို့ တော်တော်များများက သိထားပြီးဖြစ်မှာပါ။ ပန်းသီးမှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တစ်ခုဖြစ်တဲ့ pectin က သွေးတွင်းအဆီတွေကို ကျဆင်းစေပြီး အသည်းဆဲလ်တွေထဲက အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အသည်း ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ အသည်းဆဲလ်တွေ ကျန်းမာစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

  • ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို အသည်းဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပြီး အသည်းကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းအဆီဖုံးတာကိုလည်း သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။

  • သံပရိုသီး

ဗီတာမင် C ကြွယ်ဝတဲ့ သံပရိုသီးက အသားအရေကျန်းမာစေပြီး အဆီကျစေဖို့ လုပ်ဆောင်ပေးသလို အသည်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အသည်းဆဲလ်တွေက အဆီတွေကို ဖယ်ရှားပေးပြီး အသည်း အဆီဖုံးတာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။

  • ထောပတ်သီး

ထောပတ်သီးက အကျိုးပြုအဆီ ကြွယ်ဝစွာ ပါဝင်နေပြီး သွေးတွင်းက မကောင်းတဲ့ အဆီတွေကို ကျဆင်းစေနိုင်သလို အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် E၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသည်းဆဲလ်တွေကျန်းမာစေသလို အသည်းအဆီဖုံးတာကို သက်သာစေဖို့ရာ မဖြစ်အောင် ကာကွယ်ပေးဖို့ပါ လုပ်ဆောင်ပေးပါတယ်။ 

  • သင်္ဘောသီးမှည့်

သင်္ဘောသီးမှည့်မှာ အသည်းကို အဆိပ်အတောက်ဖယ်ရှာပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသည်းထိခိုက်တာကို ကာကွယ်ပေးသလို အသည်းအဆီဖုံးတာကို သက်သာစေနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် A နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေတာကြောင့် အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသည်းအဆီဖုံးတာကို သက်သာစေဖို့ သင်္ဘောသီးမှည့်ကို စားပေးလို့ ရပါတယ်။

အသည်းအဆီဖုံးတာက အဝလွန်တာ၊ အမျိုးအစား-၂ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ခံစားရတာမျိုး ရှိနိုင်သလို အရက်၊ ဘီယာစတာတွေ သောက်သုံးတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!

အသည်းအဆီဖုံးတာကို ဘယ်လိုကာကွယ်ကြမလဲ!

အသည်းအဆီဖုံးတာကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ အဓိကကတော့ နေ့စဉ် နေထိုင်စားသောက်မှုကို ဂရုစိုက်တာပါ။ ဥပမာ – 

  • ပြည့်ဝဆီ၊ သကြားနဲ့ သန့်စင်ထားတဲ့ ကစီဓာတ်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ
  • နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ ( တစ်ပတ်တာကို အနည်းဆုံး မိနစ် ၁၅၀ လုပ်ဖြစ်အောင် လုပ်ပါ)
  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ
  • အရက်လျှော့သောက်ပါ
  • အမျိုးအစား-၂ ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းအဆီများတာလိုမျိုး ကျန်မးာရေးပြဿနာတွေကို သေချာလေး စောင့်ရှောက်ကုသမှု ခံယူပါ

ဒီအချက်လေးတွေကို သေချာဂရုစိုက်လိုက်နာမယ်ဆိုရင် အသည်းအဆီဖုံးတာ ခံစားရနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

အသည်းအဆီဖုံးတာက နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်။ လိုအပ်တဲ့ကုသမှုတွေကိုလည်း ခံယူမယ်ဆိုရင် နောက်ဆက်တွဲဖြစ်နိုင်ခြေတွေကိုရော အသည်းအဆီဖုံးတာကြောင့် ထိခိုက်ခံစားရနိုင်ခြေတွေ ကိုပါ အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မှာပါ။ တကယ်လို့ သေချာ ဂရုမစိုက်မိဘူးဆိုရင် အသည်းအဆီဖုံးတာက နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်တာ၊ အသည်းပျက်စီးတာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တာမို့ သေချာလေး ဂရုစိုက်ဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *