ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်သလဲ!

ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်သလဲ!
ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်သလဲ!

ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြက်မှုအတွက် အရေးပါတဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စဆင်တယ်ဆိုတာကို သိပါရဲ့လား! ဒီအကြောင်းလေးကို မေမေတိုင်း သေချာလေး သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ 

ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်သလဲ!

ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြက်မှုအတွက် အရေးပါတဲ့ Gut-Brain Axis က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ခင် မိခင်လောင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေက ပုံဖော်ပေးတာပါ။ အူလမ်းကြောင်း ကျန်းမာရေးက မျိုးအောင်နိုင်စွမ်း၊ ဘေဘီလေးနဲ့ မေမေရဲ့ ကိုယ်ခံအား နဲ့ ဘေဘီလေးရဲ့ အစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးနိုင်ပါတယ်။ 

မေမေဖေဖေ တော်တော်များများသိထားမိနိုင်တာက ဘေဘီလေးတွေရဲ့  Gut-Brain Axis က မွေးဖွားပြီးချိန်မှ စတင်ဖြစ်ပေါ်တယ်လို့ပေါ့။ တကယ်ကတော့ ဘေဘီလေးရဲ့ အူလမ်းကြောင်းနဲ့ ဦးနှောက်အကြားမှာ ချိတ်ဆက် နေတဲ့ Gut-Brain Axis က ဘေဘီလေးက မေမေ့ရဲ့ ဗိုက်ထဲမှာ သန္ဓေမအောင်ခင်ကတည်းက မိခင်လောင်းရဲ့ ဗိုက်ထဲမှာ စတင်ဖြစ်ပေါ်နေပါပြီ။ 

အူလမ်းကြောင်းတလျှောက်က အကျိုးပြုဘက်တီးရီးယားတွေက ပင်မအာရုံကြောမကြီးကနေတဆင့် ဟော်မုန်းတွေကို ထိန်းညှိဖို့၊ ရောင်ရမ်းမှုတွေကို အချက်ပြဖို့နဲ့ အာရုံကြောဆဲလ်လေးတွေ အချက်ပြဖို့ လုပ်ဆောင်ပေးပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက အကျိုးပြုဘက်တီးရီးယား ရှင်သန်ပေါက်ဖွားနိုင်စေဖို့ ထောက်ကူပေးနိုင်မယ်ဆိုရင် ကိုယ်တိုင်ကျန်းမာစေဖို့ရော ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်တဲ့ အစောဆုံးသော ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးပေးနိုင်မှာပါ။ 

ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်တယ်ဆိုတာကို သိပါရဲ့လား!
ဘေဘီလေးရဲ့ Gut-Brain Axis က ဘယ်အချိန်မှာ စတင်တယ်ဆိုတာကို သိပါရဲ့လား!

ဘေဘီလေးရဲ့ Gut-Brain Axis က ဘာတွေလုပ်ပေးလဲ!

အူလမ်းကြောင်းထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေက စိတ်ခံစားမှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။  ဘေဘီလေးရဲ့ ဦးနှောက် ကောင်းစွာဖွံ့ဖြိုးစေဖို့အတွက် သန္ဓေသားအနေနဲ့ အာရုံကြောမကြီး စတင်ဖြစ်ပေါ်ချိန်ကတည်းက အကျိုးပြုဘက်တီးရီးယားတွေက ထောက်ကူပေးတာပါ။ 

အကျိုးပြုဘက်တီးရီးယားတွေကို ဘေဘီလေးရဲ့ ပထမဆုံး လေ့ကျင့်သင်ကြားမှု စနစ်တစ်ရပ်ပါ။ ဒီအကျိုးပြုဘက်တီးရီးယားတွေကပဲ ကိုယ်ခံအားစနစ်ကို ဘေးကင်းစေဖို့နဲ့ စိတ်ဖိစီးမှုကို ကောင်းမွန်စွာ တုံ့ပြန်နိုင်စေဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးကျန်းမာစေဖို့ ထောက်ကူပေးတာပါ။ 

  • အကျိုးပြုဘက်တီးရီးယား → ကိုယ်ခံအားစနစ် → ဦးနှောက်

အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်ခံအားစနစ်ကို ၇၀ % အထိ ထောက်ကူပေးထား တာပါ။ ဘေဘီလေးရဲ့ ပင်မအာရုံကြောစနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • အာရုံခံဆဲလ်လေးတွေကို ချိတ်ဆက်ပေးတယ်

အူလမ်းကြောင်းက ဆီရီုတိုနင်ဟော်မုန်း ၉၀% ကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းတွေက ကိုယ်ဝန်ဆောင် ချိန်မှာ စိတ်ခံစားမှု ကောင်းမွန်စေဖို့နဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီအချက်တွေကပဲ ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • အာဟာရစုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးတယ်

ပြီးပြည့်စုံတဲ့ စားသောက်မှုပုံစံကတင် မဟုတ်ဘဲ အကျိုးပြုဘက်တီးရီးယားတွေ လုံလောက်စွာ မရှိတာကလည်း သံဓာတ်စုပ်ယူနိုင်စွမ်းကို ထိခိုက်စေပြီး ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေဖို့လည်း ထောက်ကူပေးပါတယ်။ 

လေ့လာမှုအရ သိရတာက ဘေဘီလေးက မေမေ့ဆီကနေ အကျိုးပြုဘက်တီးရီးယားတွေကို ကိုယ်ဝန်ဆောင် ချိန်၊ မွေးဖွားချိန် နဲ့ အစောပိုင်း အစားစစားချိန်တွေကနေတဆင့် ဆက်ခံရရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယား တွေက အူလမ်းကြောင်းကိုတင် ကျန်းမာစေဖို့ မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးစေဖို့ရော ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ကိုယ်ဝန်မဆောင်ခင်ကတည်းက အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်စေဖို့ ဘယ်လို လုပ်ဆောင်လို့ရမလဲ!

ကိုယ်ဝန်မဆောင်ခင်ကတည်းက အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်စေဖို့ ဆိုရင် – 

  • ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ရမယ့် ပရိုဘိုင်အိုတစ်တွေကို သောက်ပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အကျိုးပြုဘက်တီးရီးယားတွေကို ထောက်ကူပေးနိုင်မယ့် ပရိုဘိုင်အိုတစ်ပါတဲ့ ဖြည့်စွက်အာဟာ ရတွေကို ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး သောက်ပေးပါ။ ဒီလို သောက်ပေးတာက စိတ်ခံစားမှု ကောင်းစေဖို့နဲ့ အစာအိမ်အူလမ်းကြောင်းကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင် ပါတယ်။
  • အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပေးပါ – အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေက အစာအိမ် အူလမ်းကြောင်း ကျန်းမာစေဖို့ရော အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ပါ ထောက်ကူပေးနိုင် ပါတယ်။ 
  • မလိုအပ်ဘဲ ပဋိဇီဝ ပိုးသတ်ဆေးတွေကို မသောက်ပါနဲ့ – ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်ဘဲ ပဋိဇီဝ ပိုးသတ်ဆေးတွေကို မသောက်ပါနဲ့။ မဖြစ်မနေ သောက်ဖို့ လိုမယ်ဆိုရင်လည်း ပရိုဘိုင်အိုတစ်နဲ့ တွဲသောက်ပါ။ 
  • စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး၊ လမ်းလျှောက်တာ၊ အိပ်ရေးဝဝ အိပ်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက အကျိုးပြုဘက်တီးရီးယားတွေ ဟန်ချက်ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • အယ်လ်ကိုဟော နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ – ဒီအစားအစာတွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေရဲ့ ဟန်ချက်ညီမှုတွေကို အနှောင့်အယှက် ဖြစ်စေနိုင်လို့ ကိုယ်ဝန်ဆောင်ဖို့ စစီစဉ်ချိန်ကတည်းက တတ်နိုင်သမျှ ရှောင်ပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

ကိုယ်ဝန်မဆောင်ခင်ကတည်းက ကိုယ်တွင်းမှာ ကောင်းကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်စေဖို့အတွက် ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပေးတာက မွေးလာမယ့်ကလေးတွေကို အကောင်းမွန်ဆုံးသော လက်ဆောင်ပေးလိုက်တာပါပဲ။ အကျိုးပြုဘက်တီးရီးယားတွေက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စဉ်လေးရဲ့ အစပြုမှုပါ။ 

Gut-Brain Axis က အစာခြေစနစ်ပေါ်ကိုတင် သက်ရောက်တာ မဟုတ်ဘဲ ဦးနှောက်ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီလိုမျိုး ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး ထက်မြက်တဲ့ ဘေဘီလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေဖို့ ထောက်ကူပေးတဲ့ Gut-Brain Axis က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ခင် အစောပိုင်းကာလကတည်းက စတင်နေတာပါ။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သေချာလေးပြင်ဆင် ဂရုစိုက်ကြဖို့ အကြံပြုလိုက်ပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *