မသိလိုက်ဘဲ လုပ်မိနေတဲ့ အဝလွန်စေတဲ့ အလေ့အထများ

မသိလိုက်ဘဲ လုပ်မိနေတဲ့ အဝလွန်စေတဲ့ အလေ့အထများ
ကျောက်ကပ် ကျန်းမာစေဖို့ စားပေးသင့်တာလေးများ

အခုနောက်ပိုင်း လူငယ်တွေ ဆယ်ကျော်သက်အရွယ်လောက်မှာတင် အဝလွန်တာကို ခံစားလာကြရတာကို တွေ့လာရပါတယ်။ ဒီလိုမျိုး အသက်ငယ်ငယ်နဲ့ အဝလွန်တာက နေထိုင်စားသောက်မှုပုံစံကြောင့်လား။ ဘာကြောင့်များ လူငယ်တွေ၊ လူလတ်ပိုင်းတွေမှာ အဝလွန်လာတာလဲဆိုတာကို သိရှိသတိထားဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

မသိလိုက်ဘဲ လုပ်မိနေတဲ့ အဝလွန်စေတဲ့ အလေ့အထများ 

တစ်နေ့တာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ မရှိတာ၊ နေ့စဉ်ရဲ့ နေထိုင်မှုပုံစံက အထိုင်များတာ၊ စခရင်မ်တိုင်းမ် များတာတွေက လူငယ်တွေကို အဝလွန်စေတဲ့ အကြောင်းရင်းခံတွေပါ။

လူငယ်တွေ အဝလွန်လာတာ ဒီအချက်တွေကြောင့်ပါ။ 

  • Low-fat ဆိုတဲ့ အစားအစာတွေကို စားသုံးတာ

ဝိတ်တက်မှာစိုးလို့ ရွေးချယ်လိုက်တဲ့ Low-fat အစားအစာတွေက အဆီပါဝင်မှုကို လျှော့ချထားတာကြောင့် ကယ်လ်လိုရီ ပါဝင်မှု နည်းသွားတယ်ဆိုပေမယ့် လျှော့ချလိုက်တဲ့ အဆီအစား သကြားပါဝင်မှု များသွားခြင်း ကလည်း အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။ 

  • တစ်နပ်နပ်ကို မစားဖြစ်တာ၊ လွတ်တာ

တစ်နေ့တာမှာ အစားအသောက်တွေကို အချိန်မှန် မစားဘဲ တစ်နပ်နပ်ကို အလွတ်ခံတာမျိုးပါ။ အိပ်ရာထနောက်ကျလို့၊ အလုပ်များလို့၊ အချိန်မရလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ မနက်စာကို အလွတ်ခံတာ၊ နေ့လယ်စာ မစားဖြစ်တာ၊ ညစာမစားတာတွေကလည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နောက်ကျစေပြီး အဝလွန်စေနိုင်ပါတယ်။

  • အစားကို မြန်မြန်စားတာ

အစားကို မြန်မြန်စားတာက အစာခြေစနစ်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အဝလွန်စေနိုင်ပါတယ်။ 

  • တီဗွီကြည့်ရင်း အစားစားတာ

တီဗွီကြည့်ရင်း အစားစားတာက အစားစားတဲ့အပေါ်မှာ အာရုံမရှိတော့ဘဲ အများကြီး စားမိစေတာကြောင့် အဝလွန်စေနိုင်ပါတယ်။ 

  • ရေသောက်နည်းတာ 

တစ်နေ့တာမှာ ရေကို လုံလောက်အောင် မသောက်တာက ကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ ခန္ဓာကိုယ် တက်ကြွကျန်းမာစေဖို့နဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် ရေလုံလောက်အောင် သောက်ဖြစ်ဖို့ လိုပါမယ်။

  • ပြုပြင်ထားတဲ့ အစားအစာတွေ စားတာ

ပြုပြင်ထားတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေ စားတာ၊ အာလူးချောင်းကြော်တွေ စားတာက ကိုယ်အလေးချိန် ကို တက်စေပြီး အဝလွန်စေနိုင်ပါတယ်။ 

  • အိပ်ရေးပျက်တာ 

အိပ်ရေးပျက်တာ၊ အိပ်စက်ချိန် မလုံလောက်တာက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး အဝလွန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ 

  • အထိုင်များတာ

တစ်နေ့တာမှာ အထိုင်များတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာက ကိုယ်အလေးချိန်ကို တက်စေနိုင်သလို အဝလွန်စေနိုင်ပါတယ်။

  • ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက ကိုယ်လေးချိန်ပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဆေးလိပ်ကို ရေရှည် သောက်သုံးတာက အဆုတ်ကင်ဆာဖြစ်စေနိုင်သလို အဝလွန်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။

Lotoshin ရဲ့ စကားလက်ဆောင်

တစ်နေ့တာမှာ ကိုယ်တိုင် မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ အလေ့အထတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် သက်ရောက်နေသလို ကိုယ်အလေးချိန်ပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ လူလတ်ပိုင်းမှာ အဝလွန်တာက နာတာရှည် ကျန်းမာရေးပြဿနာတွေ၊ ကင်ဆာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာပါ ပြဿနာတွေ ရှိလာနိုင်တာကြောင့် ကျန်းမာရေး မညီညွတ်တဲ့ အလေ့အထတွေကို သတိထားပြင်ဆင်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *