သွေးအရည်အသွေး ကျဆင်းစေနိုင်တဲ့ အလေ့အထများ

သွေးအရည်အသွေး ကျဆင်းစေနိုင်တဲ့ အလေ့အထများ
သွေးအရည်အသွေး ကျဆင်းစေနိုင်တဲ့ အလေ့အထများ

သွေးအရည်အသွေး ဆိုတော့ ဘာများလဲဆိုပြီး စဉ်းစားသွားပြီလား…… လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ကောင်းစွာ လှုပ်ရှားနိုင်စေဖို့ သွေးတွေက ကိုယ်အင်္ဂါအစိတ်အပိုင်းလေးတွေဆီကို အောက်ဆီဂျင်တွေ ပေးပို့ပါတယ်။ ဒီလို ရှင်သန်မှုအတွက် အရေးပါတဲ့ သွေးအရည်အသွေး ကောင်းစေဖို့ ဘယ်လို အလေ့အထတွေကို သတိထား ဆင်ခြင်သင့်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

နေ့စဉ် လုပ်ဆောင်မိနေတဲ့ အချို့သော အလေ့အထတွေက သွေးရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်သလို သွေးတိုးတာ၊ သွေးအားနည်းတာ၊ သွေးလည်ပတ်မှု မကောင်းတာလိုမျိုး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

သွေးအရည်အသွေး ကျဆင်းစေနိုင်တဲ့ အလေ့အထများ

သွေးအရည်အသွေး ကျဆင်းစေနိုင်တဲ့ အလေ့အထတွေထဲမှာ နေထိုင်စားသောက်မှုပုံစံတွေက အများကြီး သက်ရောက် ပါဝင်နေပါတယ်။ နေ့စဉ် လုပ်ဆောင်နေတဲ့ အလေ့အထတွေထဲက အခုလို အလေ့အထတွေက သွေးအရည်အသွေးကို ကျဆင်းစေနိုင်ပါတယ်။

အရက်သောက်တာ

အရက်၊ ဘီယာနဲ့ အယ်လ်ကိုဟောပါတဲ့ အမျိုးမျိုးသော သောက်စရာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အရက် အလွန်အကျွံ သောက်သုံးတာက သွေးနီဥဆဲလ်တွေကို ကျဆင်းစေပြီး သွေးအားနည်းတာလိုမျိုး သွေးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာကို ခံစားရစေနိုင်ပါတင်္ယ။

ဆေးလိပ်သောက်တာ

ဆေးလိပ်ထဲမှာ ဆေးရွက်ကြီး အပါအဝင် ဓာတုပစ္စည်း များစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန် မြင့်တက်တာ၊ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

အာဟာရပြည့်ပြည့်ဝဝ မစားတာ

နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုကဲတာ၊ အဆီ များတာ၊ အငန်ကဲတာတွေကို အစားများတာက အာဟာရ ပြည့်ဝမှုကို အနှောင့်အယှက်ဖြစ်စေပြီး သွေးကြောတွေ ရောင်ရမ်းတာ၊ သွေးတွင်းအဆီများတာ၊ သွေးပေါင်ချိန် မြင့်တက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု နည်းတာ

ကိုယ်လက်လှုပ်ရှားမှု နည်းတာက စိတ်ရာကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို သွေးတိုးတာ၊ သွေးအားနည်းတာ၊ သွေးလည်ပတ်မှု မကောင်းတာလိုမျိုး ကျန်းမာရေး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အထိုင်များတဲ့ တစ်နေ့တာ အလေ့အထကို ပြုပြင်ဖို့ လိုပါမယ်။

ကာလရှည်ကြာ စိတ်ဖိစီးတာ

ကာလရှည်ကြာ စိတ်ဖိစီးတာက သွေးကြောတွေကို ကျုံ့စေပြီး သွေးပေါငိချိန်မြင့်တက်တာ၊ မူးယစ်ဆေးသုံးတာ၊ အစားတွေ အလွန်အကျွံစားပြီး အဝလွန်တာတွေကို ဖြစ်စေနိုင်သလို ရေရှည်မှာ သွေးအရည်အသွေး ကျဆင်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

အိပ်ရေးပျက်ခံတာများတာ

အိပ်ရေးပျက်ခံတာ များတာက သွေးတိုးတာ၊ ရောင်ရမ်းတာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

အဝလွန်တာ၊ ကိုယ်အလေးချိန် များနေတာ

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာက နှလုံးသွေးကြောစနစ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သလို သွေးတိုးတာ၊ ဆီးချိုနဲ့ သွေးနီဥထုတ်လုပ်မှုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

အငန်အစားများတာ

အငန်အစားများတာ၊ အငန်ကဲတဲ့ အစားအစာတွေကို စားတာက သွေးတိုးစေနိုင်သလို သွေးကြောတွေ ထိခိုက်ပျက်စီးတာကို ခံစားရနိုင်ပါတယ်။

သံဓာတ်ချို့တဲ့တာ

သံဓာတ်ချို့တဲ့တာက သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ပြည့်ဝစေဖို့ အနီရောင်အသား အပါအဝင် သံဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေကို စားပေးဖို့ လိုပါမယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်အောင် မစားတာ

နေ့စဉ်စားသုံးမှုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်အောင် မစားမိတာက ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးကြောတွေ ပျက်စီးတာ၊ သွေးနီဥဆဲလ်တွေ ပျက်စီးတာကို ဖြစ်စေနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ အလေ့အကျင့်တွေက သွေးကြောတွေကို ထိခိုက်စေပြီး သွေးရဲ့ အရည်အသွေးကိုပါ ကျဆင်းစေနိုင်ပါတယ်။

Lotoshin ရဲ့ စကားလက်ဆောင်

ဒါကြောင့် နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရတွေကို လုံလောက် ပြည့်ဝအောင် စားတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုတွေကို ဖြေလျော့တာတွေ လုပ်ပေးရင်း သွေးရဲ့ အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်းတိုးတက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်ကြဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *