လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေတဲ့ အချက် တစ်ခု ရှိပါတယ်။ ဒါကတော့ ကိုယ်တိုင်ရဲ့ နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေပါ။ တစ်နေ့တာနဲ့ ပုံမှန်လိုလို လုပ်ဆောင်မိနေတဲ့ အပြုအမူတွေက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ အပေါ်မှာ သက်ရောက်မှု ရှိနေသလို အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။
ဒီတစ်ခေါက်တော့ အောင်မြင်ချင်သူတိုင်း သိထားသင့်တဲ့ အောင်မြင်မှုနဲ့ အလှမ်းကွာစေနိုင်မယ့် အလေ့အထလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သတိထားဆင်ခြင်လို့ ရအောင် ကိုယ်တိုင်လေ့လာ ကြည့်လိုက်တော့နော်။
အောင်မြင်မှုနဲ့ ဝေးကွာစေမယ့် အလေ့အထများ
အောင်မြင်မှုနဲ့ ဝေးကွာစေမယ့် အလေ့အထများ ကတော့ –
- အချိန်ဆွဲတတ်တာ
အလုပ်တစ်ခုခု လုပ်ခါနီးတိုင်း ခဏနေမှ လုပ်မယ်။ နောက်နေ့မှ လုပ်မယ်ဆိုပြီး အချိန်ဆွဲတတ်တဲ့ အကျင့်ရှိနေပြီဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းကွာနေဦးမှာပါ။ ဒါကြောင့် အချိန်ဆွဲတတ်တဲ့ အကျင့်ရှိနေမယ်ဆိုရင် အခုကစပြီး အကျင့်ဖျောက်ဖို့ လိုပါမယ်။
- ပန်းတိုင်မရှိတာ
ဘယ်အချိန်မှာ ဘာဖြစ်ချင်တယ်ဆိုပြီး ပန်းတိုင်ချမှတ်ထားတာမျိုး ရည်မှန်းချက် ထားတာမျိုး မရှိဘူးဆိုရင် လည်း လူတစ်ယောက်က အောင်မြင်မှုနဲ့ အလှမ်းကွာနေဦးမှာပါ။ ဒါကြောင့် ပန်းတိုင်တွေကို အလှမ်း အကျယ်ကြီး မဟုတ်ဘဲ နိုင်သလောက် ပန်းတိုင်လေးတွေ ချမှတ်ရင်း အရောက်သွားပါ။
- ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု မရှိတာ
အောင်မြင်မှုရဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု မရှိတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေဖို့ အောင်မြင်မှု ရရှိဖို့ ကြိုးစားရာမှာလည်း အဟန့်အတား ဖြစ်စေမှာပါ။
- အပြောင်းအလဲကို လက်မခံနိုင်တာ
လူတစ်ယောက် အောင်မြင်ဖို့အတွက် အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့ လိုပါမယ်။ အပြောင်းအလဲတွေကို လက်မခံနိုင်တာ ပြောင်းလဲမှုတွေမှာ အသားတကျ လိုက်ပါစီးမြောနိုင်မှု ကင်းမဲ့တာက အောင်မြင်မှု ရစေဖို့ အလှမ်းကွာစေပါလိမ့်မယ်။
- တာဝန်မယူတတ်တာ
လူတိုင်းမှာ အောင်မြင်ဖို့ မဖြစ်မနေ ကျင့်သုံးသင့်တဲ့ အလေ့အကျင့် တစ်ခုက တာဝန်ယူမှု တာဝန်ခံမှု ရှိတာပါ။ တာဝန်ယူမှုကင်းမဲ့တာကလည်း အောင်မြင်မှုနဲ့ အလှမ်းကွာစေမယ့် အလေ့အထ တစ်ခုပါ။
ဒါကြောင့် အောင်မြင်ချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် ဒီအလေ့အထလေးတွေကို တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ဖို့ လိုပါမယ်။ ဒီနေ့ကစပြီး ဖြည်းဖြည်းချင်း ပြုပြင်လိုက်တော့နော်။