ပျားဝတ်မှုန် ကောင်းကျိုးများ၏

ပျားဝတ်မှုန် ကောင်းကျိုးများ၏

ပျားဝတ်မှုန်က အားပြည့်စေဖို့ဖြစ်ဖြစ် အမျိုးသမီး မီးယပ်ကျန်းမာရေး ပြဿနာတွေ သက်သာစေဖို့ဖြစ်ဖြစ် အသုံးဝင်တာကြောင့် ဖြည့်စွက်ပစ္စည်းအနေနဲ့ အသိများကြပါတယ်။ ဒီလိုမျိုး အကြောင်းအရင်း အမျိုးမျိုးနဲ့ မှီဝဲကြတဲ့ ပျားဝတ်မှုန် ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ 

ပျားဝတ်မှုန်ဆိုတာ ဘာလဲ!

ပျားဝတ်မှုန်ဆိုတာက ပျားတစ်ကောင်ဟာ ဝတ်ရည်ကို စုစည်းချိန်မှာ ပျားလေးတွေရဲ့ ခန္ဓာကိုယ်မှာ ကပ်ပြီးပါလာတဲ့ ပန်းတွေက ဝတ်မှုန်အချို့ပါ။ ဒီဝတ်မှုန်တွေဟာ ချိုမြိန်တဲ့ အရသာရှိတဲ့ ရွှေရောင် အမှုန့်လေးတွေပုံစံနဲ့ လာတတ်ပါတယ်။

ပျားဝတ်မှုန်ထဲမှာ ဘယ်လို အာဟာရတွေ ပါလဲ!

ပျားဝတ်မှုန်မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

  • အမိုင်နိုအက်ဆစ်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်းတို့ ပါဝင်နေပါတယ်။

ပျားဝတ်မှုန် ကောင်းကျိုးများ၏

ပျားဝတ်မှုန် ကောင်းကျိုးများ၏ လို့ ပြောရတာက –

သက်စောင့်ဓာတ်တွေ ကြွယ်ဝတယ်

ပျားဝတ်မှုန် ဆိုတာက ပျားတွေဟာ ပျားငယ်လေးတွေကို တိုက်ကျွေးတဲ့ အာဟာရ တစ်မျိုးပါ။ ပျားဝတ်မှုန်ရဲ့ ၄၀% ဟာ ပရိုတင်းတွေ ဖြစ်ပြီး ပျားဝတ်မှုန်ထဲမှာ လူတွေ လိုအပ်တဲ့ အာဟာရမျိုးစုံ ပါဝင်ပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ ပရိုတင်းဟာ စားပြီးပြီးချင်း အသုံးပြုနိုင်တဲ့ amino acid ပုံစံနဲ့ ပါဝင်တာကြောင့် အလွယ်တကူ ချေဖျက်နိုင်ပါတယ်။

ပိုးသေစေနိုင်တယ်

ပျားဝတ်မှုန်ကို ရှေးယခင်  ကာလတွေကတည်းက ပိုးသေစေတဲ့ အစွမ်းကြောင့် အသုံးပြုခဲ့ကြပါတယ်။ အကြောင်းကတော့ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ အင်ဇိုင်းဟာ ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေဖြစ်တဲ့ Listeria, Staph, Salmonella နဲ့ E.coli တို့ကို သေစေတယ်လို့ ဆိုပါတယ်။

နှလုံး ကျန်းမာစေတယ်

ပျားဝတ်မှုန်က သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး သွေးလည်ပတ်မှု ကောင်းစေတာကြောင့် နှလုံးကို ကျန်းမာစေသလို လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

သွေးအားကောင်းစေတယ်

ပျားဝတ်မှုန်စားသုံးခြင်းဟာ သွေးနီဥနဲ့ သွေးဖြူဥ ထုတ်လုပ်မှုကို တိုးမြှင့်စေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းရောဂါကို ကာကွယ်ဖို့ဆိုရင် ပျားဝတ်မှုန်ကို စားပေးလို့ ရပါတယ်။ 

ကိုယ်ခံအား ကောင်းစေတယ်

ပျားဝတ်မှုန်မှာ သက်စောင့်ဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အဖျားအနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဓာတ်မတည့်မှု သက်သာစေတယ်

ပျားဝတ်မှုန်က ဓာတ်မတည့်တာကို သက်သာစေနိုင်သလို ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အင်အားပြည့်ဝစေတယ်

အာဟာရ ပြည့်ဝတဲ့ ပျားဝတ်မှုန်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် ထောက်ကူပေးသလို ခန္ဓာကိုယ်မှာ အားပြည့်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကလေးရစေနိုင်တယ်

ပျားဝတ်မှုန်က မျိုးဥအိမ်တွေရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး ကလေးလိုချင်တဲ့ စုံတွဲတွေအတွက် ကလေးရစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

စိတ်ဖိစီးမှု ကင်းစေတယ်

ပျားဝတ်မှုန်က စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့၊ အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန် စားသုံးပေးလို့ ရပါတယ်။

အသားအရေ လှပစေတယ်

ပျားဝတ်မှုန်က ဝက်ခြံ၊ ဝက်ခြံ အမာရွတ်နဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်ဖို့လည်း ထောက်ကူပေးပါတယ်။

# သတင်းစကား

ပျားဝတ်မှုန်က ကျန်းမာရေး ကောင်းကျိုးများတယ်ဆိုပေမယ့် ရောဂါအခံတစ်ခုခု ရှိနေမယ်။ ကလေးဖြစ်မယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပေးသင့်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *