အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!
အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!

ကျောက်သင်ပုန်း ရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်။

 ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

 ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

 ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်

 သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ်

 စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။

အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ ကျောက်သင်ပုန်းပင်လေးကို ငယ်ငယ်က ကစားဖို့ အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်း ဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက် ပိုတဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

ကျောက်သင်ပုန်းပင်ဆိုတာက

ကျောက်သင်ပုန်းပင်ဆိုတာက မြေလျှောက်ပြီး အလေ့ကျပေါက်တတ်တဲ့ အပင်လေးတစ်မျိုးပါ။ အရွက်က ပြောင်ပြောင်လေးနဲ့ ကွမ်းရွက်ပုံလေးပါ။ ရိုးတံလေးမှာ အစေ့လေးတွေ ကပ်နေသလိုမျိုး ရိုးတံလေးနဲ့ အရွက်ပြောင်ပြောင်လေးတွေ ဘေးတစ်ဖက်တစ်ချက်စီမှာ ထွက်နေတတ်ပါတယ်။ နတ်သမီးကွမ်းရွက်လို့လည်း ခေါ်လေ့ရှိကြပါတယ်။

ကျောက်သင်ပုန်းရွက်က စားလို့ရပါတယ်။ ပူဒီနာတို့ ဇီယာရွက်တို့လို ပူရှိန်းရှိန်းလေးပါ။ မုန်လာဥဖြူ လိုမျိုး အရသာလည်း ရှိပါတယ်။ မစားခင်မှာ ရေ သေချာ စင်အောင် ဆေးဖို့တော့ လိုပါတယ်။ အသုပ်တွေထဲမှာ ထည့်စားလို့လည်း ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်မှု များပါတယ်။

ဘုမ္မရာဇာပင် ဆေးဖက်ဝင်သလား!

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား! ဆိုတော့ ကျောက်သင်ပုန်း ရွက်လေးတွေက အခုလို ဆေးဖက်ဝင်ပါတယ်။ 

  • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ကျောက်သင်ပုန်းရွက် မှာပါတဲ့ P.Pellucida က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။

  • ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

ကျောက်သင်ပုန်းရွက် မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က free radicalsတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

  • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

ကျောက်သင်ပုန်းပင်မှာပါတဲ့ patuloside A လို့ ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်

အဆစ်အမြစ်ရောင်သူတွေ အနေနဲ့ ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ် ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ နီးပါး သက်သာစေတာကို တွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။

  • သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ်

ကျောက်သင်ပုန်းပင်က သွေးတွင်းယူရစ်အက်ဆစ် ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။ ကျောက်သင်ပုန်းရွက် မှာပါတဲ့ allopurinol က သွေးတွင်း ယူရစ်အက်ဆစ် ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။

  • စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်

ကျောက်သင်ပုန်းပင်လေးက စိတ်ဓာတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးလို့ ဆိုလို့ရပါတယ်။

ဘယ်သူတွေ မသုံးစွဲသင့်ဘူးလဲ

အလေ့ကျပေါက်တဲ့ ကျောက်သင်ပုန်းပင်လေးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ ကျောက်သင်ပုန်းပင် နဲ့ ဓာတ်မတည့်သူတွေ၊ ရောဂါအခံရှိသူတွေကတော့ မစားသင့်ပါဘူး။ သိပ္ပံနည်းကျ ထပ်မံလေ့လာဖို့ လိုသေးတဲ့အပြင် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မဟုတ်ရင်  ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တာကြောင့်ပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *