စမုန်ဖြူ (Thyme)

စမုန်ဖြူ (Thyme)
စမုန်ဖြူ (Thyme)

စမုန်ဖြူဆိုတာက ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ ရှေးခေတ် အီဂျစ်လူမျိုးတွေက စမုန်ဖြူကို ဝက်ခြံ သက်သာစေဖို့၊ ချွဲပျော်စေဖို့၊ ကူးစက်ရောဂါတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စမုန်ဖြူ (Thyme) က ဘယ်လိုတွေ ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

စမုန်ဖြူ (Thyme) ကောင်းကျိုးများ

စမုန်ဖြူမှာ ဗီတာမင် A၊ ဗီတာမင် C၊ Copper၊ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနိတို့ပါဝင်နေပါတယ်။ အာဟာရ ကြွယ်ဝသလို ထူးခြားတဲ့ အရသာကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ယနေ့တိုင် အသုံးပြုနေကြတဲ့ စမုန်ဖြူက အခုလို ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။

  • ဝက်ခြံ သက်သာစေတယ်

စမုန်ဖြူမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စမုန်ဖြူအဆီက ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် အသားအရေ ကျန်းမာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • သွေးပေါင်ချိန် ထိန်းပေးနိုင်တယ်

စမုန်ဖြူက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွေးကျဆေး သောက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပေးသင့်ပါတယ်။

  • သွေးတွင်းအဆီကျစေနိုင်တယ်

စမုန်ဖြူကလည်း သွေးတွင်းအဆီကျစေဖို့ ထောက်ကူပေးနိုင်တာကြောင့် သွေးတွင်းအဆီများနေမယ်ဆိုရင်တော့ စမုန်ဖြူကို ဆေးဖြစ်ဝါးဖြစ် အနေနဲ့ သုံးလို့ ရပါတယ်။

  • ချောင်းဆိုးတာကို သက်သာစေနိုင်တယ်

စမုန်ဖြူက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ လေပြွန်ရောင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ 

  • ကိုယ်ခံအားကောင်းစေတယ်

စမုန်ဖြူက ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း ထောက်ကူပေးနိုင်သလို ဖျားနာမှုတွေကို ကာကွယ်ပေးဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • ပိုးသတ်ပေးနိုင်တယ်

စမုန်ဖြူရဲ့ နောက်ထပ် အာနိသင် တစ်ခုက အနာတွေ ထိခိုက်ရှနာတွေကို ပိုးမဝင်စေဖို့အတွက် ပိုးသတ်ပေးနိုင် ပါတယ်။ 

ဘယ်လို အသုံးပြုလို့ရလဲ

စမုန်ဖြူကို လတ်လတ်ဆတ်ဆတ်လည်း သုံးလို့ ရသလို အခြောက်ခံပြီးမှ သုံးလည်း ရပါတယ်။ အပွင့်နဲ့ ပွင့်ချပ်တွေထက် အရွက်လေးတွေနဲ့ အမြစ်ကိုလည်း သုံးပေးလို့ ရပါတယ်။ အသုံးပြုတဲ့အခါ ရေနွေးဆူဆူထဲကို ထည့်ပြီး သုံးလို့ ရပါတယ်။

သတိထားစရာ ဘေးထွက်ဆိုးကျိုးများ

စမုန်ဖြူပင်က ဆေးဖက်ဝင်တဲ့ သဘာဝ အပင်တစ်မျိုးဖြစ်တယ်ဆိုပေမယ့် 

  • ကိုယ်ဝန်ဆောင်နေချိန်နဲ့ 
  • မိခင်နို့တိုက်ကျွေးနေရချိန်မှာ
  • သွေးရောဂါ တစ်မျိုးမျိုးရှိနေတာ
  • ခွဲစိတ်ကုသမှု ခံယူစရာ ရှိနေတာမျိုး
  • ဓာတ်မတည့်ပြဿနာ ရှိနေတာမျိုး
  • နာတာရှည် ရောဂါတွေ ရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။ 

သဘာဝဆေးဖက်ဝင်တွေက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါတွေအတွက် ဆေးနေရာမှာ အစားထိုး အသုံးပြုတာမျိုး မလုပ်ဖို့တော့ အကြံပြုချင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *