အသည်းအဆီဖုံးတာကြောင့် သေဆုံးနိုင်ခြေ မြင့်တက်စေနိုင်တဲ့ ရောဂါတွေက ဘာတွေဖြစ်မလဲ!

အသည်းအဆီဖုံးတာကြောင့် သေဆုံးနိုင်ခြေ မြင့်တက်စေနိုင်တဲ့ ရောဂါတွေက ဘာတွေဖြစ်မလဲ!
အသည်းအဆီဖုံးတာကြောင့် သေဆုံးနိုင်ခြေ မြင့်တက်စေနိုင်တဲ့ ရောဂါတွေက ဘာတွေဖြစ်မလဲ!

အသည်းအဆီဖုံးတဲ့ သူတွေက အခြားကျန်းမာရေးပြဿနာတွေကိုပါ ခံစာနေရမယ်ဆိုရင် သေဆုံးနိုင်ခြေက ပုံမှန်ထက် ပိုများနေတတ်ပါတယ်။ လေ့လာမှုအသစ်တစ်ရပ်အရ သိရတာက အသည်းအဆီဖုံးတဲ့သူတွေမှာ နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုခု ခံစားနေရမယ်ဆိုရင် သတ်မှတ်သက်တမ်းမတိုင်ခင်မှာ သေဆုံးနိုင်ခြေ များနေတယ်ဆိုတာပါ။ 

အသည်းအဆီဖုံးတာကြောင့် သေဆုံးနိုင်ခြေ မြင့်တက်စေနိုင်တဲ့ ရောဂါတွေက ဘာတွဖြစ်မလဲ!

မကြာသေးခင်က Clinical Gastroenterology and Hepatology ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနစာတမ်း တစ်ခုအရ သိရတာက အသည်းအဆီဖုံးတာကိုလည်း ခံစားနေရမယ်။ နဂိုကတည်းကလည်း သွေးတိုး၊ ဆီးချိုနဲ့ သွေးထဲမှာ အကျိုးပြုကိုလက်စထရော နည်းနေတာတွေထဲက တစ်ခုခုကို ခံစားနေရမယ်ဆိုရင်တော့ သက်တမ်းမစေ့မီ သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ 

အထူးသဖြင့်ကတော့ သွေးတိုးရှိနေပြီး အသည်းအဆီဖုံးတာကိုပါ ခံစားနေရမယ်ဆိုရင်တော့ အသည်းအဆီဖုံး တာကြောင့် သေဆုံးနိုင်ခြေက အမြင့်ဆုံးမှာ ရှိနေတယ်ဆိုတာကိုလည်း လေ့လာမှု အသစ်တစ်ရပ်အတွင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ 

ဒီလေ့လာမှုမတိုင်ခင်ကတော့ ဆီးချိုရှိသူတွေမှာပဲ အသည်းအဆီဖုံးတာကြောင့် အသက်ဆုံးရှုံးနိုင်ခြေက များနေတယ်ဆိုတာကို သိရှိခဲ့ကြတာပါ။ ဒီလေ့လာမှု နောက်ပိုင်းမှာမှ သွေးတိုးနဲ့ အကျိုးပြုသွေးတွင်း ကိုလက်စထရော နည်းနေသူတွေမှာလည်း အသည်းအဆီဖုံးတာကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။ 

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ၁ပုံက အသည်းအဆီဖုံးတာကို ခံစားနေရပြီး အသည်းမှာ အဆီတွေစုပြီး ဖြစ်ပေါ်မှုက အသည်းတစ်ရှူးတွေကို ထိခိုက်ပျက်စီးစေသလို အသည်းမှာ အမာရွတ်တွေ ဖြစ်စေတာ၊ အသည်းရဲ့ လုပ်ဆောင်မှုစွမ်းရည်တွေကို ကျဆင်းစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။  

ဒီရောဂါ (၃) မျိုးအပြင် အဝလွန်တာနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုတွေကလည်း အသည်းအဆီဖုံး တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်ခြေကို မြင့်တက်စေနိုင်တယ်ဆိုတာပါ။ 

အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်မှာ အသည်းအဆီဖုံး တာ ကို ခံစားရနိုင်သလို ဝိတ်များလေလေ အသည်းအဆီဖုံးတာကြောင့် အသက်ဆုံးရှုံးနိုင်ခြေကလည်း များလေလေ ပါ။ 

အသည်းအဆီဖုံးတာကို ခံစားနေရတာနဲ့အတူ သွေးတိုးရောဂါကိုပါ ခံစားရမယ်ဆိုရင် သေဆုံးနိုင်ခြေက ပုံမှန် ၄၀ ရာခိုင်နှုန်း ပိုများနေပြီး ဆီးချို အစောပိုင်းလက္ခဏာတွေနဲ့ အမျိုးအစား – ၂ ဆီးချိုကို ခံစားနေရမယ်ဆိုရင်တော့ သေဆုံးနိုင်ခြေက ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း ပိုများနေပါတယ်။ သွေးထဲမှာ အဆီများနေတာ (အကျိုးမပြုတဲ့ ကိုလက်စထရော များနေတာ) မျိုး ဖြစ်မယ်ဆိုရင်တော့ သေဆုံးနိုင်ခြေက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်း ပိုများနေပါတယ်။ 

အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာနဲ့အတူ အသည်းအဆီဖုံးတာကိုပါ ခံစားနေရမယ် ဆိုရင်တော့ သေဆုံးနိုင်ခြေက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေသူတွေမှာ ၆၆ ရာခိုင်နှုန်းနဲ့ အဝလွန်နေတဲ့သူတွေမှာ ၈၀ ရာခိုင်နှုန်း ပိုများနေပါတယ်။ 

အသည်းအဆီဖုံးတဲ့သူတွေမှာ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) နဲ့ ဆက်စပ်ပြီး သေဆုံးထိခိုက်နိုင်ခြေကို တွက်ချက်ခဲ့တဲ့ ဒီသုတေသနအတွင်း တွေ့ရှိခဲ့ရတာက BMI က Healthy rate နဲ့ ကိုက်ညီမှု မရှီဘဲ ဝေးကွာလေလေ အသည်းအဆီဖုံးတာကြောင့် သေဆုံးနိုင်ခြေက များလေလေပါ။ 

[Ref: medicinenet: 17; September; 2025]

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *