ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ ဘာတွေကျွေးရမလဲ!

ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ ဘာတွေကျွေးရမလဲ!
ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ ဘာတွေကျွေးရမလဲ!

မိဘရယ်လို့ ဖြစ်လာရင် မိဘတွေကို စိတ်လှုပ်ရှားစေတဲ့ အကြောင်းအရင်းက တစ်ရပ်ရှိပါတယ်။ ဒါကတော့ ဘေဘီလေး ကောင်းမွန်စွာ ကြီးပြင်းအရွယ်ရောက်လာတာကို အရိပ်တကြည့်ကြည့်နေရတာကိုပါ။ ဒီလို ကျန်းမာစွာ ကြီးပြင်းအရွယ်ရောက်လာတဲ့အထဲမှာ ကလေးက ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်တက်လာတာ ကိုပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဘေဘီလေး ကျန်းမာစွာ ကိုယ်အလေးချိန်တက်စေဖို့ ဘယ်လိုတွေ ကျွေးမွေးစောင့်ရှောက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ အရေးကြီးသလား!

ဘေဘီလေးက မွေးစကနေ ၉ လတာကာလအတွင်းမှာ ကျန်းမာစွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့ အရမ်းကို အရေးကြီးပါတယ်။ ကလေးရဲ့ ပထမ ၉ လတာအတွင်းမှာ ကိုယ်အလေးချိန်တက်လာခြင်းက ပေါင်ချိန်စက် ပေါ်က ဂဏန်းများ အနေနဲ့သာ မဟုတ်ဘဲ ကလေးက ကျန်းမာပြီး ကောင်းစွာဖွံ့ဖြိုးနေတယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ 

ကိုယ်အလေးချိန်တိုးတာက ဘေဘီလေးက ကောင်းမွန်စွာ ကြီးပြင်းပြီး ခွန်အားပြည့်ဝတာနဲ့ ကျန်းမာတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဘေဘီလေးတွေက ပထမဆုံး ၁ နှစ်တာမှာ အမြန်ဆုံးနှုန်းနဲ့ ကြီးထွားဖွံ့ဖြိုးလာပါတယ်။ ဒီလိုကာလမှာ အကာင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ကိုယ်အလေးချိန်တိုးစေဖို့ဆိုရင်တော့ ပြည့်ဝမျှတတဲ့ အာဟာရတွေကို စားသုံးဖို့ လိုပါမယ်။

ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ ဘာတွေကျွေးရမလဲ!

ဘေဘီလေး ကိုယ်အလေးချိန်တိုးစေဖို့ဆိုရင်တော့ ကလေးကို အရေးပါတဲ့ အာဟာရဓာတ်တွေကို နေ့စဉ်စားသုံးမှုမှာ သေချာလေး ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ အာဟာရပြည့်ဝမျှတတဲ့ အစားအစာတွေက ကလေးကို သန်စွမ်းကျန်းမာပြီး ပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဒါကြောင့် ဘေဘီလေးကို ကိုယ်အလေးချိန်တက်စေဖို့ဆိုရင် – 

  • မိခင်နို့ ဒါမှမဟုတ် အာဟာရဖြည့်နို့ (0-1လ)

မိခင်နို့ တိုက်ကျွေးတာက ကလေးတွေရဲ့ ပထမဆုံး ၆လမှာ ကလေးကို အာဟာရပြည့်ဝစေဖို့ရော ကျန်းမာပြီး ကိုယ်အလေးချိန်တက်စေဖို့လည်း ထောက်ကူပေးနိုင်တာကြောင့် ကလေးကို အသက် ၆ လအတွင်းမှာ မိခင်နို့ကို တတ်နိုင်သမျှတိုက်ပေးပါ။ 

တကယ်လို့ ကလေးကို မိခင်နို့တိုက်ကျွေးဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ကလေးကို အာဟာရဖြည့်နို့လေးကို အချိန်မှန်မှန် တိုက်ကျွေးပေးလို့ ရပါတယ်။ ကလေးအတွက် အသင့်တော်ဆုံး အာဟာရဖြည့်နို့ဖြစ်စေဖို့တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ရွေးချယ်ဖို့ လိုပါမယ်။ 

  • ထောပတ်သီး (၆ လကျော်)

ဘေဘီလေးက အသက် ၆ လကျော်ပြီဆိုရင် Solid Food တွေကို စစားလို့ ရပါပြီ။ ဒီကာလမှာ ကလေးကို သေချာလေး သဘာဝအတိုင်း အမှည့်ခံထားတဲ့ ထောပတ်သီးလေးတွေကို သေချာကြေညက်အောင် ကြိတ်ခြေပြီး ကလေးကို ကျွေးပေးလို့ ရပါတယ်။ 

ထောပတ်သီးမှာပါတဲ့ အဆီက ဘေဘီလေးကို ကျန်းမာစေဖို့ရော ကိုယ်အလေးချိန်တက်စေဖို့နဲ့ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဝင်နေတာကြောင့် ကလေးကို ထောပတ်သီးလေး ကျွေးပေးပါ။ 

  • ကန်စွန်းဥ (၆ လကျော်)

ကန်စွန်းဥမှာ ကစီဓာတ် နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တက်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကန်စွန်းဥမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါ တယ်။ ဒါကြောင့် ဘေဘီလေးကို ကန်စွန်းဥပြုတ်ပြီး သေချာလေး ပြင်ဆင်ပေးပါ။ 

  • ငှက်ပျောသီး (၆ လကျော်)

ငှက်ပျောသီးက နူးညံ့ပြီး အစာကြေလွယ်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ သဘာဝ အချိုဓာတ်နဲ့ ကစီဓာတ်တွေ ပါဝင်နေတာကြောင့် ဘေဘီလေးကို ကျန်းမာစွာနဲ့ ကိုယ်အလေးချိတ် တိုးစေမှာပါ။ ဒါကြောင့် သဘာဝအတိုင်း အမှည့်ခံထားတဲ့ ငှက်ပျောသီးကို သေချာကြေညက်အောင် ကြိတ်ခြေပြီး ပြင်ဆင်ပေးလို့ ရပါတယ်။

  • သန့်စင်ထားတဲ့ ထောပတ် ( ၇ လကျော်)

သန့်စင်ထားတဲ့ ထောပတ်မှာ ကျန်းမာတဲ့ အဆီတွေ ပါဝင်နေတာကြောင့် ကလေးမှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးက အသက် ၇ လပြည့်ပြီဆိုရင် နည်းနည်းချင်း စကျွေးကြည့်ပါ။

  • အဆီပြည့်နို့ထွက်ပစ္စည်းတွေ (၈ လကျော်)

ပိုးသတ်ထားပြီး သေချာလေး ကျိုချက်ထားတဲ့ အဆီပြည့် နွားနို့၊ ဒိန်ချဉ်၊ နို့ခဲ စတာတွေကို ကလေး အသက် ၈ လကျော်လာချိန်မှာ နည်းနည်းချင်း စကျွေးပေးလို့ ရပါတယ်။ ဒီလို ကျွေးပေးတာက ကလေးကို ကိုယ်အလေးချိန် တိုးစေဖို့နဲ့ အရိုးနဲ့သွားတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ ဘာတွေကျွေးရမလဲ!
ဘေဘီလေး ကိုယ်အလေးချိန်တက်စေဖို့ ဘာတွေကျွေးရမလဲ!
  • ဥအမျိုးမျိုး ( ၈ လကျော်) 

ဘေဘီလေးက အသက် ၈ လကျော်လာပြီဆိုရင် ဘေဘီလေးရဲ့ ကြွက်သားတွေ သန်မာစေဖို့နဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးနိုင်တဲ့ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေ ပါဝင်နေတဲ့ ကြက်ဥ အပါအဝင် ဥအမျိုးမျိုးကို ကျွေးပေးပါ။ 

ဥအမျိုးမျိုးက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တာကြောင့် ကလေးကို နည်းနည်းချင်းပဲ စကျွေးပြီး ကလေးရဲ့ တုံ့ပြန်မှုကို သေချာလေး စောင့်ကြည့်ပေးပါ။ 

  • အုတ်ဂျုံ (၆ လကျော်) 

အုတ်ဂျုံမှာ ကစီဓာတ်တွေ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အစာခြေစနစ် ကျန်းမာစေဖို့နဲ့ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကလေးကို ရေနွေးလေးနဲ့ သေချာလး ကျိုပြီး နွေးနွေးလေး ပြင်ဆင်ပေးလို့ ရပါတယ်။ 

  • အရေခွံမပါတဲ့ ကြက်သား (၈ လကျော်)

ကလေးက solid foods တွေကို သေချာလေး စားနိုင်ပြီဆိုရင်တော့ ကလေးကို ကြက်သားလေးကို နူးအိနေအောင်ပြုတ်ပြီး ကလေးကို ကျွေးပေးလို့ ရပါတယ်။ ကြက်သားမှာ ပရိုတင်းတွေနဲ့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ဘေဘီလေးကို ကျန်းမာစွာ ကိုယ်အလေးချိန် တိုးစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ကလေးက အစားကို သေချာလေး စားနိုင်ပြီဆိုရင် ကြက်သားကို ပြင်ဆင်ပေးလို့ ရပါတယ်။

  • သစ်သီးခြောက်လေးတွေ ( ၁၀ လကျော်)

အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့တွေမှာ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ကလေးကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးက ၁၀ လပြည့်ပြီးပြီဆိုရင်တော့ ကလေးကို အသီးခြောက်လေး တွေကို အမှုန့်ကြိတ်ပြီး ပြင်ဆင်ပေးပါ။ 

ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေဖို့ နည်းလမ်းကောင်းလေးများ 

ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ဆိုရင်တော့ – 

မကြာခဏ ကျွေးပေးပါ – ဘေဘီလေးကို နည်းနည်းချင်းစီနဲ့ ခဏခဏ အစားအသောက်တွေကို ကျွေးပေးတာက ကလေးကို ဗိုက်ပြည့်နေစေပြီး ကလေးကို လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစေမှာပါ။ 

အစာအုပ်စု စုံလင်အောင် ကျွေးပါ – ကလေးကို အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အစားအစာလေးတွကို အစာအုပ်စု စုံလင်အောင် ကျွေးမွေးပေးတာက ကလေးကို လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပြည့်ဝစွာ ပါဝင်နေအောင် ပြင်ဆင်ပေးပါ။

ကြီးထွားဖွံ့ဖြိုးမှုကို စောင့်ကြည့်ပါ – ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နေ့စဉ်တိုင်းမှာ သေချာလေး စောင့်ကြည့် ပေးပါ။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ တစ်ခုခုကို တွေ့ရှိမယ်ဆိုရင် ချက်ချင်း ကလေးအထူးကု ဆရာဝန်နဲ့ ပြသ ပေးပါ။ 

ကလေးရဲ့ ပထမဆုံး တစ်နှစ်မှာ ကိုယ်အလေးချိန်တက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ! 

ကလေးက အသက် ၉ လပြည့်ပြီးချိန်မှာ ကလေးက ကိုယ်အလေးချိန် အစဉ်မပြတ်တိုးစေဖို့နဲ့  ကလေးမှာ ဖွံ့ဖြိုးမှုတွေ ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကလေးက အသက် ၅ လမှာ မွေးစအလေးချိန်ရဲ့ ၂ ဆ ဖြစ်ဖို့ လိုမှာ ဖြစ်ပြီး အသက် ၁ နှစ် ပြည့်ချိန်မှာ မွေးစ အလေးချိန်ရဲ့ ၃ ဆ ဖြစ်နေဖို့ လိုပါမယ်။ ကလေးက ကျန်းမာစွာ ကြီးပြင်းအရွယ်ရောက်လာစေဖို့ ကလေးကို ပြည့်ဝမျှတတဲ့ အာဟာရလုံလောက်အောင် ပြင်ဆင်ကျွေးမွေးပါ။ 

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြဖို့ လိုမလဲ!

ကလေးက ကိုယ်အလေးချိန် တက်မလာတာ၊ လုံလောက်အောင် တက်မလာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဘေဘီလေးတစ်ယောက် ကျန်းမာစွာနဲ့ အရွယ်ရောက်လာစေဖို့ဆိုရင်တော့ ကလေးရဲ့ ပထမဆုံး ၁ နှစ်တာအတွင်းမှာ ကလေးကို မိခင်နို့နဲ့အတူ အသက်အလိုက် စားလို့ရမယ့် ထောပတ်သီး၊ ကန်စွန်းဥ၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စတာတွေကို သေချာလေး ပြင်ဆင်ပေးဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *