မိုးကုန်လို့ ဆောင်းကူးတော့မယ်ဆိုပေမယ့် ရာသီဥတုက မိုးရွာနေတုန်းမှာသာ အေးပြီး မိုးတိတ်သွားတာနဲ့ အိုက်စပ်စပ်နဲ့ ပြန်ပူလာတာပါပဲ။ ဒီလိုမျိုး ပူနွေးစိုစွတ်တဲ့ ရာသီဥတုက အရမ်းပူနေတဲ့ နွေရာသီလိုမျိုး ချွေးထွက်မများဘူး ထင်စရာ ရှိပေမယ့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ခြေကုန်လက်ပမ်းကျတာမျိုးကိုတော့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ကျန်းမာစေဖို့ဆိုရင် ဘာတွေ သတိထားဖို့ လိုမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ကျန်းမာစေဖို့ဆိုရင်တော့ …
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ကျန်းမာစေဖို့ဆိုရင်တော့ … ဒီနည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။
- ရေပြည့်ပြည့်ဝဝ သောက်ပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ချွေးထွက်များစေနိုင်တာကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းမှာ ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။
- အေးမြတဲ့နေရာမှာ နေပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ပူလောင်အိုက်စပ်စပ်နဲ့ နေရခက်တာနဲ့ ချွေးပြန်တာကို သက်သာစေဖို့ အတွက် လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာ ဒါမှမဟုတ် အေးမြတဲ့နေရာမှာ နေပါ။ အဲကွန်းဖွင့်ထားတဲ့ အခန်းထဲမှာ နေရင်လည်း ရပါတယ်။
- နားနားနေနေ နေပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ချွေးထွက်များပြီး ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့နဲ့ မဖြစ်အောင် ကာကွယ်ဖို့အတွက် သက်တောင့်သက်သာ နားနားနေနေ နေပါ။
- နေရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ပါ
နေရောင်အောက်ကို ထွက်တာကို ခဏခဏ မလုပ်ပါနဲ့။ နေရောင်အောက်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုးတွေကို ရှောင်ပါ။ နေရောင်နဲ့ ထိတွေ့မှု များလေလေ ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ခြေ များလေလေပါ။
- ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ချွေးထွက်များတာနဲ့ နေရထိုင်ရ သက်တောင့်သက်သာ မဖြစ်တာကို သက်သာစေဖို့ ချည်သားပွပွချောင်ချောင်လေးတွေဝတ်ဆင်ပါ။
- အပူအစပ်လျော့စားပါ
ပူနွေးစိုစွတ်နေချိန်မှာ ချွေးထွက်များစေနိုင်မယ့် ပူပူစပ်စပ် အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ အပူအစပ် စားလွန်းတာက ကိုယ်အပူချိန်ကို မြင့်တက်စေပြီး နေရခက်စေနိုင်လို့ပါ။
- အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ချွေးထွက်များပြီး ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ခြေကို တတ်နိုင်သမျှ လျှော့ချဖို့ဆိုရင်တော့ အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးပါ။
- ဓာတ်ဆားဖြည့် သောက်စရာတွေကို သောက်ပါ
ပူနွေးစိုစွတ်တဲ့ရာသီဥတုအောက်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ဆိုရင်တော့ ဓာတ်ဆားဖြည့် သောက်စရာတွေကို သောက်ပေးလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ပူနွေးစိုစွတ်တဲ့ရာသီဥတုက နွေရာသီလောက် ချွေးထွက်မများနိုင်လောက်ဘူးလို့ ယူဆစရာ ရှိပေမယ့် တကယ်ကတော့ ချွေးထွက်များပြီး ရေနဲ့ ဓာတ်ဆားဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒီအချက်ကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေ မဖြစ်အောင် ရေကို ပြည့်ဝလုံလောက်စွာ သောက်ဖို့ လိုပါမယ်။