ကိုယ်ဝန်ရှိနေတယ် မဟုတ်လား … အလေးအပင် မမနဲ့နော်ဆိုတာကို တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။ တကယ်ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ ကလေးကို ထိခိုက်စေမလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ ကလေးကို ထိခိုက်စေမလား!
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မှာ အလေးအပင်မတာက မေမေရော ဘေဘီလေးမှာပါ အခုလိုထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
- လမစေ့ဘဲမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ၊ မကြာမကြာ လေးပင်တဲ့အရာတွေကို မတာက ကလေးကို လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ပေါင်မပြည့်ဘဲမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက မကြာမကြာ အလေးအပင်တွေကို မတာ၊ လေးပင်တဲ့အရာတွေကို မတာက ဘေဘီလေးကို ပေါင်မပြည့်ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ခါးနာတာကို ဖြစ်စေနိုင်ပါတယ်
ပုံမှန်ချိန်မှာ အလေးအပင်မတဲ့အခါ ကိုယ်နေဟန်ထား မမှန်ရင် ခါးနာတာကို ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန် မှာ အလေးအပင် မတာကလည်း ကိုယ်ဝန်ဆောင်မိခင်ကို ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။
- အဆစ်တွေနာတာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်တွေကို မတာက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခါးဆစ်တွေ၊ ခြေဆစ်၊ လက်ဆစ်တွေကို ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
- အူကျွံတာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာက ကိုယ်ဝန်ဆောင်မေမေကို အူကျွံတာကို ခံစားရစေနိုင်ပါတယ်။ အူကျွံတာက အမျိုးသားတွေမှာ အဖြစ်များတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာက ကိုယ်ဝန်ဆောင် မိခင်မှာ အူကျွံတာကို ဖြစ်စေနိုင်ပါတယ်။
- ကိုယ်ဝန်ပျက်ကျတာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်တွေကို မတာ၊ လေးလံတဲ့အရာတွေကို ဆွဲတာတွေက အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- ဝမ်းဗိုက်ကြွက်သားတွေကို ထိခိုက်စေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ၊ လေးလံတာတွေကို ဆွဲတာတွေက ဝမ်းဗိုက်ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး အူကျွံတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
- ခြေကုန်လက်ပမ်းကျတာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်တွေကို မတာက နှလုံးနဲ့ အဆုတ်တွေကို ဝန်ပိစေပြီး ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် ညီးစီစီဖြစ်တာ၊ အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်တွေကို မတာက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင် ပါတယ်။ ဒီလို ထိခိုက်တာက အခန့်မသင့်ရင် မိခင်ရော ကလေးကိုပါ အသက်ဆုံးရှုံးစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မတာမျိုးတွေကို မလုပ်ဘဲ နားနားနေနေ နေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့အတွက် အာဟာရပြည့်ဝမျှတအောင် စားသုံးဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာက လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်သလို ကလေးက ပေါင်မပြည့်ဘဲ မွေးဖွားတာ၊ ခါးနာတာ၊ အရွတ်နာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် ဗိုက်နာတာ၊ ခန္ဓာကိုယ် ဟန်ချက်မညီတာတွေကြောင့် ကိုယ်တိုင်ကိုရော ဗိုက်ထဲက ကလေးလေးကိုပါ ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာမျိုးတွေကို မလုပ်မိဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာလည်း ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိလား၊ နာကျင်တာမျိုးတွေ ခံစားနေရလား၊ ညီးစီစီ ဖြစ်တာမျိုး ရှိလားဆိုတာတွေကို သေချာလေး ဂရုစိုက်ဖို့ မေမေတို့ကို မှာချင်ပါတယ် နော်…..





