ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက အရသာခံတတ်ကြပါသလား!

ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက အရသာခံတတ်ကြပါသလား!
ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက အရသာခံတတ်ကြပါသလား!

ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာ ရှိကတည်းက မေမေစားလိုက်တဲ့ အစားအစာတွေကို အရသာခံတတ်တယ် ဆိုတာ တကယ်လား! ဘယ်လိုထင်လဲ မေမေတို့ရေ ….. ဒီမေးခွန်းရဲ့ အ‌ဖြေကို ပြောပြပေးမှာမို့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ရအောင်နော်။

ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက အရသာခံတတ်ကြပါသလား!

ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက အရသာခံတတ်ကြပါသလား! ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေကတော့ “ရက်စ်” ပါ။ ဘေဘီလေးတွေက မမွေးခင် မေမေ့ဗိုက်ထဲမှာ သန္ဓေသားလေးအဖြစ်နဲ့ ရှိနေစဉ်ကတည်းက မေမေ စားသလိုက်သမျှ အစားအစာတွေကို အရသာခံတတ်နေပါပြီ။ 

ဒီလို အရသာခံတတ်မှုကပဲ မွေးဖွားပြီးချိန်မှာ ဘေဘီလေးရဲ့ အစားအသောက်နှစ်သက်မှုပုံစံကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။ 

ဘေဘီလေးတို့ရဲ့ အရသာခံနိုင်မှု ဘယ်အချိန်မှာ စတင်ဖွံ့ဖြိုးသလဲ!

ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ သန္ဓေသားအဖြစ်ရှိနေစဉ် ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၉ ပတ်ခန့်ကတည်းက အရသာခံတဲ့ အဖုလေးတွေ စတင်ဖွံ့ဖြိုးလာပြီး ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၂၈ ပတ်မှာ ဘေဘီလေးက မေမေစားလိုက်တဲ့ အစားအစာတွေကို အရသာစတင်ခံတတ်၊ ခွဲခြားတတ်ပါပြီ။

ဘယ်အချိန်မှာ စပြီး အရသာတွေကို သိရှိခံစားတတ်တာလဲ! 

ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်မှာ ဘေဘီလေးက ရေမြွှာရည်တွေကို မျိုချပြီး ဒီလိုကနေတဆင့် မေမေစားလိုက်တဲ့ အစားအစာတွေကို အရသာခံတတ်လာတာပါ။ ဒီကာလမှာ ဘေဘီလေးက ဘယ်လိုအရာတွေကို အဓိက အရသာခံတတ်လဲဆိုရင်တော့ – 

  • ဟင်းချက်အမွှေးအကြိုင်တွေ (မဆလာ)လိုမျိုး အရာတွေက ရေမြွှာရည်ကို အရသာ ပြောင်းလဲစေပါတယ်။
  • ကြက်သွန်ဖြူက အနံ့ပြင်းသလို အရသာလည်း ပြင်းလှပါတယ်။
  • ပူစပ်တဲ့ အစားအစာတွေက ရေမြွှာရည်တွေရဲ့ အရသာကို ပြာင်းလဲစေပါတယ်။ 

ဒီလိုပြင်းထန်တဲ့ အစားအစာတွေကစလို့ မေမေစားလိုက်တဲ့ ချို၊ ချဉ်၊ ဖန်၊ စပ် စတဲ့ အစားအစာတွေကို အရသာပြင်းထန်ရင် ပြင်းထန်သလောက် သိရှိ ခံစားမိကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်တဲ့ အစားအစာတွေက မွေးဖွားပြီးချိန်မှာလည်း ကလေးရဲ့ အရသာ ခံစားမှုနဲ့ အစားအစာ နှစ်သက်မှုအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ မေမေ့ဗိုက်ထဲမှာ ရှိစဉ်ကတည်းက ဘေဘီလေးက သူနဲ့ ထိတွေ့မှုများတဲ့ အစားအစာတွေရဲ့ အရသာကို သေချာလေး မှတ်မိနေပြီး အစားအစာ နှစ်သက်မှုအပေါ်မှာ အများကြီး သက်ရောက်မှု ရှိစေမှာပါ။ ဒါကြောင့် ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတတ်သူလေး ဖြစ်စေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာကတည်းက မေမေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားဖို့ လိုပါမယ်။ 

ဘေဘီလေးကို အနာဂတ်မှာ ကျန်းမာစွာ စားသောက်တတ်သူလေး ဖြစ်စေဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလ မှာကတည်းက မေမေက ကျန်းမာစွာ စားသောက်မှုပုံစံလေးကို မွေးမြူဖို့လိုပါမယ်။ ဘယ်လိုမျိုး စားသောက်မှုပုံစံလဲဆိုရင်တော့ – 

  • အစားကို ခပ်စုံစုံလေး စားပေးပါ – အရသာ စုံလင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးပါ။
  • ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေကို စားပါ – ကိုယ်ဝန်ဆောင်ချိန်မှာ မနှစ်သက်ရင်တောင် healthy food လေးတွေကို စားပေးပါ။
  • အသီးအရွက်လေးတွေ စားပေးပါ – ကိုယ်ဝန်ဆောင်ကာလမှာ အစိမ်းရောင် အသီးအရွက်လေးတွေကို စုံစုံလင်လင် စားပေးဖို့လည်း လိုပါမယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တတ်ခြင်းက ဘေဘီလေးကို ကျန်းမာစွာ စားသုံးတတ်သူလေး ဖြစ်စေဖို့ အခြေခံကျတဲ့ အချက်ဖြစ်တာမို့ ဘေဘီလေးကို အစားမရွေးစေချင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာကတည်းက မိခင်က အာဟာရပြည့်ဝစုံလင်အောင် စားပေး‌ကြဖို့လည်း အကြံပြုလိုက်ပါရစေ။

Lotoshinn ရဲ့ စကားလက်ဆောင်

 ဘေဘီလေးကို ကျန်းမာပြီးအာဟာရပြည့်ဝတဲ့ စားသုံးသူလေး ဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ကတည်းက မေမေကိုယ်တိုင်က ကျန်းမာပြီးအာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံကို မွေးမြူလို့ ရတာပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ဘေဘီလေးကို မွေးဖွားလာမှ စားသောက်မှုပုံစံကို မွေးမြူပေးတာမျိုး မလုပ်ဘဲ ကိုယ်တိုင်လည်း ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်ပြီး ဘေဘီလေးကိုလည်း အစားအသောက်ဆိုင်ရာ အလေ့အထကောင်းလေး မျိုးစေ့ချပေးနိုင်ဖို့ ကိုယ်ဝန်ဆောင်ကာလ စတင်ချိန်ကစလို့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေထိုင်ကြဖို့ သတင်းစကားလေး ပါးလိုက်ပါရစေရှင့်။

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *