သားအိမ်လေး ကျန်းမာရဲ့လား! ဒီမေးခွန်းလေးက အရွယ်ရောက်ပြီးတဲ့ လေဒီလေးတိုင်းအတွက် အရမ်းကို အရေးကြီးပါတယ်။ ကျန်းမာတဲ့ သားအိမ်လေးက သန္ဓေအောင်ဖို့၊ ကိုယ်ဝန်ဆောင်နိုင်ဖို့နဲ့ ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးကြီးပါတယ်။ သားအိမ်ကို ကျန်းမာစေဖို့အတွက် လိုက်နာလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ ချစ်ရတဲ့ လေဒီလေးတွေအတွက် သားအိမ်လေးက ကျန်းမာလား! မကျန်းမာဘူးလား! ဆိုတာကို ဘယ်လို လက္ခဏာတွေကို ကြည့်ပြီး သိနိုင်မလဲ! သားအိမ်လေးနဲ့ မျိုးဆက်ပွားစနစ် ကျန်းမာစေဖို့ ဘယ်အချက်တွေကို လိုက်နာရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
သားအိမ်လေး ကျန်းမာရေး အားနည်းနေပြီလား!
သားအိမ်လေး ကျန်းမာရေး အားနည်းနေပြီဆိုရင် ပြသတတ်တဲ့ လက္ခဏာတွေကို သိရှိထားမယ်ဆိုရင် အချိန်မီ ကုသမှု ခံယူနိုင်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မေမေဖြစ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။ စောစော သိရှိတာက ကုသမှုကို စောစောခံယူပြီး ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
ဒီလက္ခဏာတွေက သားအိမ်ကျန်းမာရေး အားနည်းနေပြီဆိုတာကို ဖော်ပြနေတာပါ။
- ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ – ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာ၊ ချစ်တင်းနှောပြီးချိန်မှာ သွေးဆင်းတာ ဒါမှမဟုတ် သွေးဆုံးပြီးချိန်မှာမှ သွေးပြန်ဆင်းလာတာမျိုး ဖြစ်မယ် သားအိမ်ထဲမှာ အလုံးတည်နေတာ၊ အဖုအကျိတ်တွေဖြစ်နေတာ၊ သားအိမ်ကင်ဆာ အစပျိုးနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
- သွေးဆင်းများတာ၊ ရက်ရှည်သွေးဆင်းနေတာ – ရာသီစက်ဝန်းက ပုံမှန်ထက် ရက်ကြာရှည်နေတာ၊ သွေးတွေက ပုံမှန်များပြီး ဆင်းနေတာ၊ အတုံးအခဲတွေ ဆင်းတာမျိုးတွေ ဖြစ်နေမယ်ဆိုရင် သားအိမ်ထဲမှာ အလုံးတည်နေတာမျိုး ဖြစ်နိုင်ပါတယ်။
- တင်ပဆုံပိုင်း နာကျင်တာ – အမြဲလိုလို တင်ပဆုံးပိုင်းက နာကျင်တာ၊ တဆစ်ဆစ်နာကျင်တာ၊ တင်ပဆုံပိုင်းမှာ တင်းတင်းကြပ်ကြပ်ကြီး ခံစားနေရပြီဆိုရင် သားအိမ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါမယ်။
- ချစ်တင်းနှောချိန် နာကျင်တာ – အတူနေစဉ်မှာ နာကျင်နေတာက သားအိမ်ထဲမှာ အလုံးတည်တာလိုမျိုး ကျန်းမာရေးပြဿနာ ခံစားနေရတာပါ။
- ခဏခဏဆီးသွားနေရတာ – ဆီးခဏခဏ သွားနေရတာ၊ ဆီးကျန်နေတယ်လို့ ခံစားနေရတာက သားအိမ်ထဲမှာ အလုံးတည်ပြီး ဆီးအိမ်ကို ပိမိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
- ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာမျိုးတွေ ရှိနေတာ – အဖြူဆင်းသလိုမျိုး အချွဲတွေဆင်းတာ အရောင်ပြောင်းတာ၊ အနံ့ပြင်းတာမျိုးတွေ ဖြစ်နေပြီဆိုရင် မိန်းမကိုယ်ပိုးဝင်တာကြောင့် ဖြစ်နိုင်သလို သားအိမ်ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
- သန္ဓေမအောင်တာ၊ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြဿနာခံစားရတာ – ကလေးရဖို့ ခက်နေတာ၊ ခဏခဏ ကလေးပျက်ကျတာတွေ ခံစားနေရတာက သားအိမ်ပုံမှန် အခြေအနေ မဟုတ်တာကြောင့်ပါ။
# အကြံပြုချက် – တကယ်လို့ အခုပြောခဲ့တဲ့ လက္ခဏာတစ်ရပ်ရပ်ကို ခံစားနေရမယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူနိုင်စေဖို့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
သားအိမ်လေး ကျန်းမာရဲ့လား အိမ်မှာတင် ဘယ်လိုစစ်ဆေးလို့ရလဲ!
သားအိမ်လေးကျန်းမာရဲ့လားဆိုတာကို အိမ်မှာပဲ စစ်ဆေးဖို့ကတော့ အမြဲမလွယ်ပါဘူး။ ဒါပေမယ့် လက္ခဏာလေးတွေကို စစ်ဆေးသိရှိနိုင်ပါတယ်။ အတိကျဆုံးကတော့ ဆရာဝန်နဲ့ သေချာလေး စစ်ဆေးတာပါ။ ဒါပေမယ့် စစ်ဆေးမှု မလုပ်ခင်မှာ အစောပိုင်းမှာ ခန္ဓာကိုယ်က ပြသတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်လို့ ရပါတယ်။
သားအိမ်လေးက ကျန်းမာတယ်ဆိုရင် –
- ရာသီသွေး ပုံမှန်ဆင်းတယ် – ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ ၂၁ ရက် ကနေ ၃၅ ရက်ခြားပြီး ရာသီသွေးပုံမှန်ဆင်းတယ်။ လစဉ်တိုင်း ရာသီသွေးမှန်မှန်ဆင်းတယ်။
- ရာသီလာချိန် နာကျင်တာမျိုးရှိတယ် – ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာက ပုံမှန်ပါပဲ။ အရမ်းပြင်းပြင်းထန်ထန် နာကျင်တာကတော့ ပုံမှန် မဟုတ်ပါဘူး။
- ရာသီအကြို အဖြူဆင်းတာမျိုး ရှိမယ် – အနံ့အသက်မရှိတဲ့ အဖြူတင်းတာမျိုးရှိပါမယ်။
- တင်ပဆုံနာကျင်တာမျိုး မရှိဘူး – သားအိမ်က ကျန်းမာနေမယ်ဆိုရင် တင်ပဆုံပိုင်းမှာ နာကျင်တာမျိုးတွေ မရှိပါဘူး။
- ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာမျိုး မရှိဘူး – ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြားမှာ သွေးဆင်းတာမျိုး မရှိပါဘူး။ သွေးဆုံးပြီးချိန်မှာ သွေးဆင်းတာမျိုး မရှိပါဘူး။
သားအိမ်လေးကျန်းမာပြီး မေမေဖြစ်နိုင်မယ့် အခွင့်အရေးကို မြှင့်တင်နိုင်ဖို့
ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်စေဖို့အတွက် သားအိမ်လေး ကျန်းမာစေဖို့ဆိုရင် နေ့စဉ်ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါမယ်။ သားအိမ်လေး ကျန်းမာစေဖို့ဆိုရင် –
- အာဟာရပြည့်ဝအောင်စားပါ – သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ နှံစားသီးနှံတွေ ပါဝင်အောင် စားသုံးပါ။
- ရေဓာတ်ပြည့်ဝအောင်နေပါ – သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ရေလုံလောက်အောင် သောက်ပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ – ယောဂလေ့ကျင့်တာ၊ လမ်းလျှောက်တာတွေလိုမျိုး ညင်ညင်သာသာ လှုပ်ရှား ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက သားအိမ်ကို ကျန်းမာစေပါတယ်။
- စိတ်ဖိစီးမှု ဖြေလျှော့ပါ – စိတ်ဖိစီးမှု များတာက ဟော်မုန်းဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေပြီး သားအိမ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
- ဆေးလိပ်နဲ့အရက် ရှောင်ပါ – ဆေးလိပ်သောက်တာ၊ အရက်သောက်တာက သားအိမ်ကို အားနည်းစေနိုင်ပါတယ်။
- ကိုယ်အလေးချိန်ထိန်းပါ – ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေတာ များနေတာလည်း သားအိမ်ရဲ့လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။
ကျန်းမာတဲ့ သားအိမ်လေး ဖြစ်စေဖို့ အားဖြည့်ကူပေးမယ့် ဖြည့်စွက်အာဟာရများ
သားအိမ်လေးကျန်းမာစေဖို့ ဗီတာမင်နဲ့ ဖြည့်စွက်အာဟာရတွေကို သေချာလေး မှီဝဲဖို့လိုပါမယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဟော်မုန်းမျှတမှုရှိစေဖို့ ထောက်ကူပေးသလို သွေးစီးဆင်းမှု ကောင်းစေပြီး သားအိမ်တစ်ရှူးတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။
သားအိမ်လေး ကျန်းမာစေဖို့ ထောက်ကူပေးမယ့် အာဟာရဓာတ်တွေက –
ဖြည့်စွက်အာဟာရတွေ | အကျိုးပြုပုံ |
ဖောလစ်အက်ဆစ် | ဆဲလ်တွေကြီးထွားစေပြီး ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာနိုင်ခြေကို လျှော့ချပေးပါတယ်။ |
ဗီတာမင် D | ဟော်မုန်းတွေကို ထိန်းညှိပေးပြီး မျိုးဆက်ပွားဟစနစ်ကို ကျန်းမာစေတယ် |
Omega-3 Fatty Acids | အရောင်ကျစေပြီး သွေးစီးဆင်းမှု ကောင်းစေတယ် |
သံဓာတ် | သွေးအားမနည်းအောင် ကာကွယ်ပေးပြီး သားအိမ်လုပ်ဆောင်မှု ကောင်းစေတယ်။ |
မဂ္ဂနီဆီယမ် | သားအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး ရာသီလာချိန်နာကျင်ကိုက်ခဲနိုင်ခြေကို လျှော့ချပေးတယ်။ |
ဗီတာမင် E | သားအိမ်နံရံတွေကျန်းမာစေပြီး မေမေဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်။. |
ဇင့် | ဟော်မုန်းထွက်ရှိစေဖို့ ထောက်ကူပေးပြီး သားအိမ်တစ်ရှူးတွေကို ကျန်းမာစေတယ်။ |
သားအိမ်ကျန်းမာစေဖို့ လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက တင်ပဆုံကြွက်သားတွေကို သန်မာစေပြီး သားအိမ်နဲ့ တင်ပဆုံပိုင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သန်မာတဲ့ တင်ပဆုံကြွက်သားတွေက ဆီးမထိန်းနိုင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သားအိမ်ကျန်းမာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းများကတော့ –
Kegel Exercises – တင်ပဆုံကြွက်သားတွေကို သန်မာစေပြီး ကြွက်သားကျုံ့ဆန့်မှုကို ပိုကောင်းစေနိုင်ပါတယ်။
Bridge Pose – ပက်လက်အနေအထားနဲ့ ဒူးနှစ်ဖက်စလုံးကို ရင်ဘတ်ပေါ် ကွေးတင်ပြီး လက်နဲ့ ပိုက်ထားပါ။ ပြီးရင် ခြေထောက်တွေကို ဆန့်ပြီး သက်တောင့်သက်သာ အနေအထားနဲ့ ပြန်နေပေးတာမျိုးပါ။
Squats – ခြေထောက်ကို ပခုံးကအကျယ်အတိုင်း မတ်တတ်ရပ်ပါ။ အောက်ပိုင်းကို ထိုင်ထလုပ်သလိုမျိုး ထိုင်ရပါမယ်။
Pelvic Tilts – ပက်လက်အနေအထားနဲ့ နေပါ ဗိုက်ပေါ်မှာ ဒူးတွေကို ခပ်တင်းတင်းလေး ပိုက်ပါ။ ပြီးမှ ပြန်လွတ်တာမျိုး လုပ်ပေးပါ။
Bird Dog – လေးဖက်ထောက်အနေအထားနဲ့ ဘယ်ဘက်လက်ကို ရှေ့ကိုဆန့်ထုတ်ပြီး ညာဘက်ခြေထောက်ကို နောက်ဖက်ကို ဆန့်ထုတ်ပါ။ ပြီးရင်တော့ လေးဖက်ထောက်အနေအထားပြန်နေပြီး ညာဘက်လက် ဘယ်ဘက်ခြေထောက်ကို ဆန့်ထုတ်ပါ။
ဒီလေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင် သားအိမ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်မှာပါ။
ယောဂလုပ်ရင် သားအိမ်ကျန်းမာစေမလား!
ကျန်းမာတဲ့ သားအိမ်နဲ့ သားဥအိမ်လေးတွေက မျိုးဆက်ပွားကျန်းမာရေးအတွက်ရော လေဒီလေးတို့ရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ ယောဂလုပ်တာက သွေးစီးဆင်းမှု ကောင်းစေပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ တင်ပဆုံကြွက်သားကို ကျန်းမာစေသလို ပုံမှန်လုပ်ဆောင်ပေးမယ် ဆိုရင် ရာသီသွေးမှန်စေပြီး မီးယပ်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ မေမေဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။
သားအိမ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ ယောဂပို့စ်များကတော့ –
- Baddha Konasana (Bound Angle Pose)
- Bhujangasana (Cobra Pose)
- Paschimottanasana (Seated Forward Fold
- Halasana (Plough Pose)
- Ananda Balasana (Happy Baby Pose)
သားအိမ်နဲ့ မျိုးဥအိမ်တွေ ကျန်းမာစေဖို့ စားပေးသင့်တာလေးများ
နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတအောင် စားသုံးမယ်ဆိုရင် သားအိမ်နဲ့ မျိုးဥအိမ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သားအိမ်ကျန်းမာစေဖို့ စားသုံးပေးသင့်တာတွေကတော့ –
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – ဗီတာမင် A၊ C၊ E နှင့် Kတို့ကြွယ်ဝစွာ ပါဝင်နေတဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်းစတာတွေပါ။
ဘယ်ရီသီးများ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးများ
အဆီကြွယ်ဝတဲ့ငါး – ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ စတာတွေမှာ omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရောင်ကျစေပြီး သားအိမ်ကျန်းမာစေနိုင်ပါတယ်။
အစေ့အဆန်တွေနဲ့ အခွံမာသီးတွေ – အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ချီယာစေ့တွေက ကျန်းမာတဲပ အဆီတွေ ပါဝင်နေတာကြောင့် ဟော်မုန်းကို ထိန်းညှိပေးပြီး အရောင်ကျစေနိုင်ပါတယ်။
နှံစားသီးနှံတွေ – ဆန်လုံးညို၊ အုတ်ဂျွု စတာတွေက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပြီး ဟော်မုန်းတွေကို ထောပတ်သီး – Monounsaturated fat ပါဝင်နေတာကြောင့် မျိုးဆက်ပွားစနစ်ကို ကျန်းမာစေပြီး သားဥအရည်အသွေးကို ကောင်းမွန်စေနိုင်ပါတယ်။
ပဲအမျိုးမျိုး – အပင်ကနေရတဲ့ ပရိုတင်း၊ သံဓာတ်နဲ့ ဖောလိတ်တို့ ပါဝင်နေတာကြောင့် ဟော်မုန်းပမာဏကို ညီမျှစေပြီး သားအိမ်ကို ကျန်းမာစေပါတယ်။
အချဉ်ဓာတ်ပါဝင်နေတဲ့ အသီးများ – လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရိုသီးတွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး သားအိမ်တစ်ရှူးတွေကို ကော်လာဂျင်ထုတ်လွှတ်နိုင်ဖို့ ထောက်ကူပေးပါတယ်။
နို့ထွက်ပစ္စည်းများ – ဒိန်ချဉ်၊ ချိစ်တို့လိုမျိုး နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်နေပြီး ဟော်မုန်း လုပ်ဆောင်မှုတွေကို ကောင်းမွန်စေသလို အရိုးတွေကျန်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
နနွင်း – နနွင်းမှာပါတဲ့ ကာကူမင်က အရောင်ကျစေပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတာကြောင့် သားအိမ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးတာက သားအိမ်နဲ့ မျိုးဥအိမ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သားအိမ်ကျန်းမာစေဖို့ ရှောင်ရှားသင့်တဲ့ အစားအစာများ
အချို့သော အစားအစာတွေက သားအိမ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ်နေထိုင်စားသောက်မှုက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုရင် သားအိမ်ထဲမှာ အလုံးတည်တာ၊ သားအိမ်ရေအိတ်တည်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
သားအိမ်ကျန်းမာစေဖို့ ရှောင်သင့်တဲ့ အစားအစာတွေကတော့ –
ရှောင်သင့်တဲ့အစားအစာတွေက | ရှောင်သင့်တဲ့ အကြောင်းအရင်း |
အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားများ | ဟော်မုန်းတွေနဲ့ ပြည့်ဝဆီများတဲ့ အစားအစာတွေက သားအိမ်ထဲ အလုံးတည်နိုင်ခြေ များစေပါတယ်။ |
အဆီများတဲ့ နို့ထွက်ပစ္စည်း | စတီးရွိုက်နဲ့ ဟော်မုန်းပါတဲ့ အစားအစာတွေကိ ရောင်ရမ်းတာကို ပိုဆိုးစေတယ်။ |
အယ်လ်ကိုဟော | ဟော်မုန်း ဟန်ချက်ညီမှုကို ပျက်စေပြီး သားအိမ်တစ်ရှူးတွေ ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုတွေကို ဖြစ်စေနိုင်ပါတယ်။ |
ကဖင်း | အီစထရိုဂျင်ဟော်မုန်းပမာဏကို တိုးစပြီး သားအိမ်အလုံးတည်နိုင်ခြေကို များစေပါတယ်။ |
အငန်ကဲတဲ့ အစားအစာတွေ | အသည်းလုပ်ဆောင်မှုကို ထိခို်ကစေတယ် ဟော်မုန်း မမျှတတာကို ဖြစ်စေနိုင်တယ်။ |
အသွင်ပြောင်းအဆီများ | ပြုပြင်ထားတဲ့ အစားအစာတွေမှာပါတဲ့ အဆီတွေက ရောင်ရမ်းစေပြီး သားအိမ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ |
High-FODMAP Foods | ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေက အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေပြီး သားအိမ်ကို သွယ်ဝိုက်သောနည်းဖြင့် ထိခိုက်စေနိုင်ပါတယ်။ |
Lotoshin ရဲ့ စကားလက်ဆောင်
သားအိမ်ကျန်းမာမှ နေ့စဉ်ဘဝမှာ ကျန်းမာမှာပါ။ ဒါကြောင့် နေထိုင်စားသောက်မှုပုံစံကို သေချာလေး ဂရုစိုက်မယ်။ အိပ်ရေးဝဝအိပ်မယ်။ ရေကို လုံလောက်အောင် သောက်မယ်။ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်မယ်ဆိုရင် သားအိမ်လေးကျန်းမာရေးကောင်းပြီး နေ့စဉ်ဘဝမှာ ကျန်းမာစေမှာပါ။