Hyaluronic Acid (HA) လို့ ပြောလိုက်ရင် ဝက်ခြံတွေကို သက်သာစေတယ်။ ဝက်ခြံအမာရွတ်တွေကို သက်သာစေ တယ်လို့ သိထားကြမယ်ထင်တယ်နော်။ ဒီလိုမျိုး အသားအရေ ကျန်းမာစေဖို့ အသုံးပြုကြတဲ့ Hyaluronic Acid ကို ခန္ဓာကိုယ်က ထုတ်နိုင်သလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။
ခန္ဓာကိုယ်က Hyaluronic Acid (HA) ကို ထုတ်လုပ်နိုင်သလား!
ခန္ဓာကိုယ်က Hyaluronic Acid ကို ထုတ်လုပ်နိုင်သလား! ဆိုတော့ အဖြေက ထုတ်နိုင်ပါတယ်။ အဓိကကတော့ အရေပြား၊ အဆစ်တွေ၊ မျက်လုံးနဲ့ တွယ်ဆက်တစ်ရှူးတွေမှာ တွေ့ရတတ်ပါတယ်။ အစိုဓာတ် ထိန်းပေးဖို့နဲ့ ချောဆီအဖြစ် လုပ်ဆောင်ပေးပါတယ်။
Hyaluronic Acid (HA) က အသက်အရွယ်ရလာလေလေ ခန္ဓာကိုယ်က ထုတ်လုပ်နိုင်စွမ်း ကျလာလေလေပါပဲ။ အရေပြားဆဲလ်တွေက Hyaluronic Acid ကို ထုတ်နိုင်တယ်ဆိုပေမယ့် ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာချိန်မှာ တော့ တစ်ရှူးတွေ အစိုဓာတ်နည်းလာပြီး အသားအရေ ခြောက်သွေ့တာ၊ အရေးအကြောင်းပေါ်တာနဲ့ အဆစ်တွေ နာကျင်တာကို ဖြစ်စေနိုင်ပါတယ်။

Hyaluronic Acid ဘာတွေ လုပ်ပေးလဲ!
Hyaluronic Acid က ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီတိုင်းအတွက် အခုလိုလေးတွေ လုပ်ဆောင်ပေးပါတယ်။
- အသားအရေ – အရေပြားကို စိုစိုအိအိလေး ဖြစ်စေဖို့ ရေဓာတ်ဖြည့်ပေးပြီး အသားအရေတွေကို ပြုပြင်ပေးသလို အရေပြားစိုစိုအိအိလေး ဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အဆစ်တွေ – အဆစ်တွေ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
- မျက်လုံးတွေ – မျက်လုံးထဲက မျက်နက်ဆံတွေ လုပ်ရှားရကောင်းစေဖို့နဲ့ မျက်လုံးမခြောက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- တွယ်ဆက်တစ်ရှူးတွေ – ဆဲလ်တွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးပြီး တွယ်ဆက် တစ်ရှူးတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အသက် ၂၀ ဝန်းကျင်လောက် ရောက်လာချိန်မှာ ခန္ဓာကိုယ်ရဲ့ Hyaluronic Acid ထုတ်လုပ်နိုင်ခြေက တဖြည်းဖြည်းချင်း လျော့ကျလာပါတယ်။ Hyaluronic Acidကို မျက်စဉ်းတွေ၊ serums၊ anti-aging products နဲ့ moisturizers တွေမှာ အသုံးပြုကြပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
Hyaluronic Acidကို အသားအရေ ကျန်းမာစေဖို့၊ မျက်လုံးနဲ့ အဆစ်တွေ ကျန်းမာစေဖို့၊ အနာကျက်စေဖို့ အသုံးပြုကြတာမျိုး ရှိပါတယ်။ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့လည်း Skincare တွေထဲမှာ Hyaluronic Acidကို ထည့်သွင်း အသုံးပြုကြတာတွေ ရှိပါတယ်။ Hyaluronic Acidကို အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း လိုအပ်ပါတယ်။ အကြောင်းကတော့ အသက် ၂၅ ဝန်းကျင်လောက် ရောက်လာချိန်မှာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ Hyaluronic Acid ထုတ်လုပ်နိုင်စွမ်းက ကျဆင်းလာလို့ပါ။




