လက်ဖက်လို့ ပြောလိုက်ရင် မသိသူက မရှိသလောက်ရှားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာပါ။ လက်ဖက်ဆိုတာက ရိုးရာအစားအစာတစ်ရပ်ဖြစ်သလို ရှေးအစဉ်အဆက်ကာလတွေကလည်း အရေးကြီးတဲ့ အခမ်းအနားပွဲတွေမှာပါ အလေးထားပြီး တည်ခင်းကြတဲ့ အစားအစာတစ်ရပ်ပါ။
လက်ဖက်ရဲ့ကို ညွှန်းတဲ့စာသားလေးကို ပြောပြရမယ်ဆိုရင် အရွက်မှာ လက်ဖက်ဆိုတဲ့ စကားလေးပါ။ အရွက်တွေထဲမှာ စားလို့ အကောင်းဆုံးက လက်ဖက်လို့ ရည်ညွှန်းတဲ့ သဘောပါပဲ။ လက်ဖက်ကို ဒီဘက်ခေတ်မှာဆိုရင်လည်း မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံကြတဲ့ ပျော်ရွှင်စရာကောင်းပြီး တန်ဖိုးရှိတဲ့ အချိန်လေးတွေကို လက်ဖက်လေးစားရင်း ဖြတ်သန်းကြတာမျိုးလည်း တွေ့နေရဆဲပါ။
ဒီလိုမျိုး နှစ်နှစ်ခြိုက်ခြိုက စားဖြစ်ကြတဲ့ လက်ဖက်လေးက ကျန်းမာစေဖို့ရော ထောက်ကူပေးမှာလား! ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။
လက်ဖက်ဆိုတာ ဘာများလဲ!
လက်ဖက်ဆိုတာက လက်ဖက်ညွှန့်လေးတွေကို ခူးပြီး အချဉ်ဖောက်နှပ်ထားတဲ့ ရိုးရာအစားအစာ တစ်ခုပါ။ တော်တော်များများက အချဉ်ဖောက်ပြီး နှပ်ထားတဲ့ လက်ဖက်ရွက်လေးတွေကို ဆားကြမ်းလေးနဲ့နယ်၊ ရိုးရိုးရေ ဒါမှမဟုတ် ခပ်နွေးနွေး အနေအထားရှိတဲ့ ရေကျက်အေးလေးနဲ့ ခပ်ဖွဖွလေး နယ်ပြီး သန့်စင်အောက် တစ်ရေလောက်ဆေး၊ ပြီးရင်တော့ ရေစင်အောင် ညှစ်လို့ နှမ်းဆီ၊ ပဲဆီ၊ ဆားစသဖြင့်နယ်ပြီး နှပ်ထားလို့ အလျဉ်းသင့်သလို ပြင်ဆင် စားသုံးကြတဲ့ ရိုးရာ အစားအစာတစ်မျိုးပါ။
လက်ဖက်စားရင် ကျန်းမာမှာလား!
လက်ဖက်က အချဉ်ဖောက်ထားတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပရိုဘိုင်အိုတစ်လည်း ကြွယ်ဝပါတယ်။ လက်ဖက်ကို စားသုံးပေးတာက ခန္ဓာကိုယ်မှာ အခုလိုကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေမှာပါ။
- ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးမယ်
လက်ဖက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နေ့စဉ်ဘဝမှာ ထိတွေ့နေရတဲ့ ညစ်ညမ်းစေတဲ့ အရာတွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာနဲ့ နာတာရှည်ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။
- အူလမ်းကြောင်း ကျန်းမာစေမယ်
လက်ဖက်က အရွက်တစ်မျိုး ဖြစ်တာကြောင့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေမှုကလည်း အူလမ်းကြောင်း ကျန်းမာစေဖို့ရော ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ လက်ဖက်ကို အတန်အသင့်ပဲ စားမယ်ဆိုရင် အစာကြေစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။
- ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေနိုင်မယ်
လက်ဖက်မှာ Bioactive compoundတွေ ပါဝင်နေတာကြောင့် ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးသလို အဝလွန်တာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
- လန်းဆန်းစေမယ်
လက်ဖက်မှာ ကဖင်းဓာတ်ပါဝင်နေမှုက စိတ်ကို လန်းဆန်းစေပြီး အိပ်ငိုက်တာကို သက်သာစေဖို့နဲ့ စိတ်ပျော်ရွှင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အသားအရေကျန်းမာစေမယ်
လက်ဖက်က ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အသားအရေကို သန့်စင်စေပြီး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
လေ့လာမှုတွေအရ သိရတာက လက်ဖက်မှာ polyphenols နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေမှုက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ Short-Chain Fatty Acids (SCFAs) ထွက်ရှိမှုကောင်းစေဖို့ ထောက်ကူပေး နိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေမှုက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကို အရွယ်တင် စေနိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာ ခံစားရနိုင်ခြေကိုလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချပေး နိုင်ပါတယ်။
လက်ဖက်စားရင် ကျန်းမာမှာလား! ဆိုတဲ့ အမေးလေးရဲ့ အခြေကို ကိုယ်တိုင် သိရှိသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့် လက်ဖက်ကြိုက်သူတွေအနေနဲ့ လက်ဖက်ကို အလွန်အကျွံ မဟုတ်တဲ့ ပမာဏ တစ်ခုစားသုံးရင်း ကျန်းမာရေးကောင်းကျိုးလေးတွေကို ရရှိနိုင်ကြပါစေကြောင်း…
Lotoshinn ရဲ့ စကားလက်ဆောင်
လက်ဖက်က ကျန်းမာရေးကောင်းကျိုးများသလို စားလို့လည်း ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံစားရင် သံဓာတ်အားနည်းဓာတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေရမယ်၊ သွေးအားနည်းမယ်၊ ရောဂါအခံ တစ်ခုခု ရှိမယ်၊ နို့တိုက်မိခင်ဖြစ်နေမယ်၊ ကလေးငယ်လေးတွေ ဖြစ်နေမယ်ဆိုရင်တော့ လက်ဖက်ကို စားသုံးဖို့ မသင့်တော် ပါဘူး။





