သပြေသီးမှည့် စားကောင်းရုံပဲလား!

သပြေသီးမှည့် စားကောင်းရုံပဲလား!
သပြေသီးမှည့် စားကောင်းရုံပဲလား!

သပြေသီးမှည့်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။
သွေးတွင်းအဆီကျစေနိုင်တယ်
ပိုးသေစေနိုင်တယ်
သွေးတွင်းသကြားဓာတ်ထိန်းညှိပေးနိုင်တယ်
အစာအိမ်ကျန်းမာစေနိုင်တယ်
အသည်းကျန်းမာစေနိုင်တယ်
ကင်ဆာကာကွယ်ပေးတယ်
ဆီးချိုကာကွယ်ပေးတယ်
လိပ်ခေါင်းသက်သာစေတယ်
ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ်
ဝမ်းမှန်စေတယ်
လည်ချောင်းနာသက်သာစေတယ်
နာကျင်ရောင်ရမ်းမှု သက်သာစေတယ်။

ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ “ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဆိုတဲ့ ကဗျာစာသားထဲက သပြေသီးမှည့်လေးက စားကောင်းတယ်ဆိုတာကို သိထားပြီ ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော ဘယ်လို ထောက်ကူပေးလဲဆိုတာကို  မျှဝေပေးချင်ပါတယ်။ 

သပြေသီးမှည့် ဆိုတာ

သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်ဆိုတာက အစေ့၊အရွက်၊အသီး၊အခေါက်အားလုံး ဆေးဖက်ဝင်တဲ့ အပင်မျိုးပါ။ အရောင်က ခရမ်းရောင်စိုစိုလေးပေါ့။ မိုးဦးကျကာလက သပြေသီးပေါ်တဲ့ အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။

သပြေသီးမှည့်ကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်များ

သပြေသီးမှည့်လေးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အမျှင်ဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ ရေဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ သီရာမင်း၊ ဗီတာမင် Cတို့ ပါဝင်နေပါတယ်။ 

သပြေသီးမှည့် စားကောင်းရုံပဲလား!

သပြေသီးမှည့်က စားကောင်းရုံပဲဆိုတာထက် ပိုပြီး ကျန်းမာရေးအတွက်ပါ အခုလို အထောက်အကူ ပြုပေးပါတယ်။ 

  • သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်

သပြေသီးမှည့်မှာ ဖလေဗာနွိုက်ပါဝင်တာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။

  • ပိုးတွေသေစေနိုင်တယ်

ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအပါအဝင် ခန္ဓာကိုယ်ကိုရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်

သပြေသီးက ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့် အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်ပြီးသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးတွင်းသကြားဓာ တ်ကျတတ်သူတွေအတွက်တော့ နည်းနည်းလောက်ပဲ စားသင့်ပါတယ်။

  • အစာအိမ်ကျန်းမာစေနိုင်တယ်

အစာအိမ်အက်ဆစ်ထွက်များတဲ့သူတွေ၊ အစာအိမ်အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ အစာအိမ်ရောဂါရှိသူတွေ စားပေးသင့်တဲ့ သဘာဝဓာတ်စာပါ။

  • အသည်းကျန်းမာစေနိုင်တယ်

သပြေသီးမှာပါတဲ့ အင်ဇိုင်းတွေက အသည်းကို ကျန်းမာစေနိုင်ပါတယ်။ အသည်းကြီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ကင်ဆာကာကွယ်ပေးတယ်

အထူးသဖြင့် သပြေသီးမှည့်က ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ သပြေသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။

  • ဆီးချိုကာကွယ်ပေးတယ်

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုကာကွယ်ဖို့အတွက် စားပေးလို့ရသလို ကုသမှုတစ်ရပ်အနေနဲ့လည်း စားပေးလို့ရပါတယ်။

  • လိပ်ခေါင်းသက်သာစေနိုင်တယ်

မနက်ခင်းတိုင်းမှာ သပြေသီးမှည့်ကို ဆားလေးနဲ့ တို့စားပေးမယ်ဆိုရင် လိပ်ခေါင်းကိုသက်သာစေနိုင်မှာပါ။ ပျားရည်လေးနဲ့ တွဲစားပေးလို့လည်းရပါတယ်။

  • ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်တယ်

ဝမ်းပျက်နေတဲ့အခါ သပြေသီးမှည့်အစေ့ကို ကြိတ်ခြေလို့နို့နဲ့သောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

  • ဝမ်းမှန်စေနိုင်တယ်

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် သင့်တင့်ရုံစားပေးရင် ဝမ်းမှန်စေမှာပါ။ အများကြီးစားရင်တော့လေချုပ်နိုင်တာကြောင့် သတိထားစေချင်ပါတယ်။

  • လည်ချောင်းနာတာ သက်သာစေတယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

  • နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်

အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းတာအပါအဝင် ခန္ဓါကိုယ် အစိတ်အပိုင်းတွေမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!

ဒီအချက်လေးတွေ သတိထားပေးပါ

သပြေသီးက သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီး စားမယ်ဆိုရင်တော့ သွေးတွင်းအချိုဓာတ်ကျတာ၊ လေချုပ်တာ၊သွေးကျဲတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

သပြေသီးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေ၊ ဆီးချိုရှိသူတွေ၊ ခွဲစိတ်ခံမယ့်လူနာတွေအနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။

သိပ္ပံနည်းကျ ထပ်မံလေ့လာဖို့ လိုသေးတဲ့အပြင် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မဟုတ်ရင်  ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တာကြောင့်ပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *