ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ!

ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ!
ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ!

ဆီးချိုရှိသူတွေမှာ သွေးချိုကျစေတယ်ဆိုပြီး စားသုံးကြတဲ့ ပျားမြီးရွက် အရွက်လေးတွေက ထူထူလေး ရှိပါတယ်။ ထူထူနဲ့ အရောင်လေးလည်းလှတဲ့ ပျားမြီးရွက်လေးက အရွက်လေးတွေက လှသလို အပင်လေးကလည်း အလှစိုက်ထားတဲ့ အပင်လေးတွေနဲ့ ခပ်ဆင်ဆင်ပါ။

ပျားမြီးရွက် ဆိုတာ

ပျားမြီးရွက်ဆိုတာ အရွက်ခပ် ထူထူလေးနဲ့ အစိမ်းရောင် အရွက်ကလေးပါ။ အရိုးတံက သိပ်မမာပါဘူး။ အပင်က အရမ်းမမြင့်ပေမယ့် မြေလျှောက်ပင် တစ်မျိုးပါ။ ဘဲဥပုံ အရွက်လေးတွေ ရှိပါတယ်။

အာရှဒေသတွင်းက အပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာ လူသိများတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ။ အပင်ရဲ့ အမြင့်က ၆ လက်မကနေ ၁၂ လက်မလောက်ပဲ မြင့်ပါတယ်။ အာဟာရပြည့်ဝစွာ ပါဝင်နေတဲ့ အပင် တစ်မျိုးပါ။ တရုတ်၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ် နဲ့ အာဖရိက ဒေသတွေမှာ ပေါက်ရောက်ပါတယ်။

ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ!

ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ! ဆိုတော့ – 

  • သွေးတိုးကျစေတယ်

သွေးတိုးရောဂါက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်သလို လေလည်းဖြတ်စေနိုင်ပါတယ်။ လေ့လာမှုအရတော့ သွေးမတိုးအောင် ထိန်းတာက ဒီရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ဒါကြောင့် သွေးတိုးကို ထိန်းတာက နည်းလမ်းကောင်းတစ်ရပ်ပါ။ ပျားမြီးရွက်ကို စားပေးတာက သွေးကြောတွေကို ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေသလို သွေးပေါင်ချိန်မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

  • နှလုံး ကျန်းမာစေတယ်

ပျားမြီးရွက်က သွေးပေါင်ချိန်ကို ထိန်းညိပေးနိုင်သလို နှလုံး ကျန်းမာစေပြီး နှလုံးခုန်နှုန်း မမှန်တာကို သက်သာစေနိုင်ပါတယ်။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ပျားမြီးပင် တစ်ပင်လုံးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ဗီတာမင် C နဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

  • သွေးချိုထိန်းညှိပေးတယ်

ပျားမြီးရွက်မှာ သွေးချိုကို ထိန်းညှိပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး ဆီးချိုကျစေဖို့ ကူညီပေးပါတယ်။

အမျိုးအစား (၂) ဆီးချိုကို သက်သာစေနိုင်သလို ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

  • ကင်ဆာ ကာကွယ်ပေးတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

  • မျိုးအောင်စေနိုင်တယ်

ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ကလေးရဖို့ ခက်နေမယ်ဆိုရင် ပျားမြီးရွက် စားပေးလို့ ရပါတယ်။ ပျားမြီးရွက်က သုက်ပိုးအရည်အသွေးကောင်းစေသလို သုက်ပိုးတွေ များစေနိုင်တာကြောင့် ကလေးရရှိနိုင်ခြေကို မြှင့်တင်နိုင်မှာပါ။

ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ!
ပျားမြီးရွက် (Longevity Spinach) ဘယ်လိုဆေးဖက်ဝင်သလဲ!
  • ကူးစက်ရောဂါတွေ ကာကွယ်ပေးတယ်

ပျားမြီးရွက်က ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေ၊ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ မှိုပိုးကူးစက်မှုတွေကနေ ကာကွယ်ပေးပါတယ်။

  • အရောင်ကျစေနိုင်တယ်

အရေပြားမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေ၊ အရိုးအဆစ် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို အရေပြားမှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။

  • အနာကျက်စေနိုင်တယ်

ထိခိုက်ရှနာ အနာတွေကို အနာကျက်စေဖို့ ပျားမြီးရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။ အနာကို ပိုးမဝင်အောင် ကာကွယ်ပေးသလို အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။

  • ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေနိုင်တယ်

ပျားမြီးရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးမှု မရှိအောင် ကာကွယ်ပေးတာပါ။ တစ်ရှူးတွေ ပျက်စီးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ ရှိလား!

ပျားမြီးရွက်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ ဆေးဖက်ဝင်တယ်ဆိုပေမယ့်လည်း တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ!

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *